Episode 11 : : Because I am a fool who has nothing but his own heart.
.........................
ပွက်ပွက်ဆူနေသည့် ရေထဲသို့ လှီးစိပ်ထားသော မှို၊ ရေညှိခြောက်နှင့် ကြက်သွန်မြိတ်များ ပစ်ထည့်လိုက်သည်။ ဆားအနည်းငယ်နှင့် ငရုတ်သီးအနီမှုန့်ကလည်း အမူးပြေဟင်းရည်အတွက် မပါမဖြစ်။
တစ်အောင့်အကြာတွင် ဂေါ်ဖီစိတ်တစ်ချို့အား ဟင်းရည်အိုးထဲ ထပ်မံ လောင်းထည့်သည်။ ဂေါ်ဖီစိတ်တွေ တအားကြီး ပျော့ပြဲမသွားအောင် ၁ မိနစ် ၂ မိနစ်သာ အိုးထဲ ဆူပွက်စေကာ သတ်မှတ်ချိန်ပြည့်ပြီးနောက် အခြားပန်းကန်လုံးထဲ ပြောင်းရွှေ့ရသည်။ ထပ်ပြီး လိုအပ်သည့် အမဲသားနှင့် ပဲပင်ပေါက်များက နံဘေးတွင် အဆင်သင့်ရှိသည်။Sauce လုပ်ဖို့ ပဲအနှစ်ဘူး လှမ်းယူနေတုန်းမှာ ဂတ်စ်မီးဖို အပူချိန်ကို Medium-low အနေအထား ပြန်ပြောင်းဖြစ်သည်။
Sauce အတွက် အခုထိ ကြက်သွန်ဖြူ ဓားပြား မရိုက်ရသေးမှန်း သတိရသောအခါ ရေခဲသေတ္တာထဲမှ ကြက်သွန်ဖြူ ထုတ်ယူဖို့ ခန္ဓာကိုယ်ကို တစ်ဖက်သို့ ခပ်သွက်သွက် အလှည့် ...၊ထမင်းစား စားပွဲဘေးတွင် ဘယ်တုန်းကတည်းက ရှိနေမှန်း မသိသည့် လူရိပ်ကြောင့် ကျွန်တော် ပုခုံးတွေဆတ်ခနဲ တုန်သွားသည်။
မှုန်ကုပ်ကုပ် ရုပ်ပုပ်ကလေးဖြင့် နိုးနိုးချင်း ထသောင်းကျန်းမည် ထင်ခဲ့သော်လည်း ကျွန်တော့်အထင်က တက်တက်စင်အောင် လွဲသွားခဲ့သလားပဲ ..။ တအားကြီး အလိုမကျဖြစ်နေသော အမူအရာမျိုး မပါဘဲ ကျွန်တော် ဟင်းချက်နေသည်ကို အနောက်ကနေ ဒီလို တိတ်တဆိတ် လာရပ်ကြည့်နေမည့် မြင်ကွင်းအား မနေ့ညက အိပ်မက်ထဲတောင် ကျွန်တော် ထည့်မမက်ခဲ့တာ အမှန်ပင်။ အိပ်မက်တောင် မမက်ဖူးတဲ့ အခြေအနေကို လက်တွေ့ကြုံလိုက်ရတော့ လူက နည်းနည်းတောင် လေထဲ လွင့်ချင်သလို ဖြစ်ရသည်။
အဓိကကတော့ မနက်ခင်း ရောက်ပြီဟု အသိဝင်ပြီးနောက်မှာ ပထမဆုံး မြင်တွေ့ရသူဟာ ဒီကောင်လေး ဖြစ်နေသည် ဟူသည့် အဖြစ်မှန်က အခုထိ ကျွန်တော့်အတွက် အိပ်မက်ဆန်နေသေးတာမျိုး။" နိုးလာပြီလား။ ခေါင်းထဲက ဘယ်လိုနေလဲ။ ကိုက်နေသေးလား။ "
မနက်ခင်းမှာ ပထမဆုံးအနေဖြင့် အမြတ်တနိုး ငေးခွင့်ရသော မျက်နှာကြည်ကြည်လေးကို ကြာကြာပင် တန်ဖိုးမထားရသေးခင် ...၊ ကြက်သွန်ဖြူနှင့်တကွ ပဲအနှစ်၊ ငရုတ်သီးအနှစ်များ ရောမွှေထားသည့် Sauce ကို ဟင်းရည်အိုးထဲ တစ်ဝက်ခန့်လောင်းထည့်ကာ အပေါ်ကနေ အမဲသားအချို့နှင့် ဖုံးအုပ်လိုက်သည်။ ဟင်းရည်အနံ့ကတော့ ကောင်းမွန်တဲ့ဘက်ကို တော်တော်လေး သမ်းလာနေပြီ ဖြစ်၏။
![](https://img.wattpad.com/cover/270116676-288-k289048.jpg)
YOU ARE READING
Less Ice, More Sugar - Side Story (Completed)
Fanfictionso, how do you define "love" ?