ep(7)💚

789 69 9
                                    

ဝမ်ရိပေါ်အိမ်ကိုပြန်ရောက်တာနဲ့ ရှောင်ကျန့်ကိုအခန်းထဲပြန်ပို့ပေးခဲ့ပြီး..သူ့ညီဆီကို ဖုန်းခေါ်လိုက်တော့တယ်။

''hello.. ကော ပြောလေ''

''ကျန့်အတွက် ပန်းဝယ်ပေးနိုင်မလား အိပေါ်။''

''ဘာပန်းလဲ.. ကော''

''အနီရောင် ကျူးလစ်တွေကို ငါလိုချင်တယ် အိပေါ်''

''ကောင်းပြီ.. ကျန့်ကလိုချင်မှတော့ အိပေါ်ဝယ်ခဲ့ပါ့မယ်။''

ယူဘင်းနဲ့စကားဆက်ပြောနေတဲ့ အိပေါ်ဟာ အရင်လိုအေးစက်သည့်မျက်နှာထားအတိုင်းပါ။

''မင်းသိလား ယူဘင်း ကျန့်ကျန့်ရဲ့အကြောင်းတွေကိုလေ။''

''ယူဘင်းအစက​ေနအဆုံးမသိပေမဲ့ ကျန့်ကျန့်က ခင်ဖို့ကောင်းတယ် ပြီးတော့ ကျန့်ကျန့်က သနားဖို့လည်းကောင်းတယ်။''

''အိပေါ်...ကျန့်ကျန့်ကို မနှောက်ယှက်ပါနဲ့ကွာ
ကျန့်ကျန့်ကလေ တစ်နေ့မှတ်ဉာဏ်ကိုတစ်နေ့ပဲ မှတ်မိတတ်တာ။
သူ့ရဲ့မွေးစားအဖေက ကျန့်ကျန့်ကိုအရမ်း နှိပ်စက်တာ။''

''မင်းကဘယ်လို့သိတာလည်း ယူဘင်း။''

''ကျန့်ကျန့်ရဲ့အိမ်ကို ငါတရက်ခိုးဝင်ခဲ့ဖူးတယ်။
ကျန့်ကျန့်ရဲ့အဖြစ်တွေကို ငါအဲ့ဒီနေ့ကစပြီး သိခဲ့ရတာပဲ အိပေါ်။''

''ငါဘယ်လိုယုံရမလည်း ယူဘင်း မင်းရဲ့စကားတွေကိုလေ။''

''ကျန့်ကျန့်ရဲ့ခေါင်း ပြောရမယ်ဆိုရင်ကွာ..
ကျန့်ကျန့်ရဲ့ဦးခေါင်းထဲမှာ ချိပ်စ်ပြားရှိတယ် အိပေါ်။''

''ဘယ်လို..ယူဘင်း ချိပ်စ်ပြား ဟုတ်လား။''

''အင်း...သူ့အဖေက ထည့်ထားတာ ပြီးတော့ မှတ်ဉာဏ်ပျောက်ဆေးတွေကို ကျန့်ကျန့်သောက်ရသေးတယ်။''

''ဘာ...''

''လန့်ထှာ အိပေါ်ရာ..ဖြည်းဖြည်း အော်ပါကွ''

မျက်လုံးတွေ အဆမတန်ပြူးနေသူကအိပေါ်ပါ..

''ဒီလောက်ဆိုရင် ကျန့်ကျန့်က အဲ့ဒီလူကြီးရဲ့ခိုင်းသမျှကိုလုပ်ပေးနေရတယ်ဆိုရင် မင်းယုံပြီလား အိပေါ်။''

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Where stories live. Discover now