ep(19)💚

233 8 0
                                    

ရှောင်ကျန့်ကို
သွေးသွင်းပေးခြင်းလုပ်ပြီးတာနဲ့ ဆရာဝန်ဖြစ်တဲ့သူကို ဝမ်ညီအကိုမှာ ဖြေဆေးအတွက် ဖိအားစတင်ပေးလာတော့သည်။

"ကဲ..ဒေါက်တာ ခင်ဗျားအခု တောင်းဆိုထားတာတွေအားလုံးပြည့်စုံနေပြီမို့ ဖြေဆေးအတွက်ကြိုးပမ်းပေးဖို့ ခင်ဗျားမှာတာဝန်ရှိသွားပြီနော်။"

"ဒါဆိုရင်
ရှောင်းလောင်ဟူရဲ့ ဓာတ်ခွဲခန်းက ငါလိုချင်တဲ့
ပစ္စည်းကရော.. ပါလာလို့လား။"

"ယူပေးမယ်... ခင်ဗျားကတိကိုသာတည်
မဟုတ်ရင် အာမမခံဘူး.."(ခင်ဗျားအသက်ကို)

"ငါကယောကျာ်းပါ ယောကျာ်းကတိကိုတည်တယ်။"

"ကောင်းပြီလေ..."

"အိပေါ် မင်းကျန့်ရဲ့အနားမှာနေခဲ့ သူလိုချင်တာကိုငါသွားယူလိုက်မယ်။"

"ဂရုစိုက်နော် ကောဝမ်.."

"အင်း...စိတ်ချ"

ဝမ်ရိပေါ်နဲ့လက်အောက်ငယ်သားတချို့လောက်သာ ထွက်သွားသည်မို့ ထိုနေရာတွင် အိပေါ်နဲ့လက်အောက်ငယ်သားများက ကျန်နေခဲ့သေးသည်။

အရင် ကာကွယ်ဆေးရဲ့ ကုဒ်မဟုတ်ပဲ အသွင်ပြောင်းမွေးမြူထားတဲ့ virus အဖျက်ပိုးတစ်မျိုးကို ရှောင်းလောင်ဟူက သူ့ရဲ့ဆေးကိုအသွင်ပြောင်းလဲဖော်စပ်ခဲ့သည်မို့ ယခုလိုရောဂါအဆန်းကိုဖြစ်ပွားစေခဲ့ခြင်းပါ။
ထို အသွင်ပြောင်းပိုးကို အဓိကမွေးမြူထားသည့်
ဓာတ်ပေါင်းဖန်ပြွန်ကို ရှာဖွေနိုင်မှ ၎င်းပိုးရဲ့မိခင်
ဘုရင်မကိုနှိမ်နင်းနိုင်မှရမည်။
virus ဘုရင်မကို ဝမ်ရိပေါ်တို့ရှာဖွေနိုင်ပါ့မလား။

သူတို့အဖွဲ့ ဆယ့်နှစ်ယောက်ဟာ ကားနဲ့ပဲ ရှောင်းလောင်ဟူအရင်ကနေထိုင်ခဲ့သည့် အိမ်ဟောင်းရှိရာဆီထွက်ခွာလာကြသည်မို့ လမ်းမှာ ကူးစက်သူ
တချို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရသည့်အခါလည်းရှိသေးသည်။

လက်နက်တွေပါလာကြသည့်အတွက် ထိုနေရာမှ
သူတို့အဖွဲ့သားတွေဟာ လွယ်လင့်တကူနဲ့လွတ်မြောက်နိုင်ခဲ့ပြန်တယ်။

တိတ်ဆိတ်နေသည့် ထိုအိမ်ကြီး၏ အနောက်ဘက်
ဂိုဒေါင်ပျက်ရဲ့ အတွင်းပိုင်း မြေအောက်ခန်းဘက်မှာတော့ အဆင့်မြင့်ဓာတ်ခွဲခန်းကြီးတစ်ခုက အထီးကျန်ခြင်းများနဲ့တည်ရှိလို့နေသည်။

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Donde viven las historias. Descúbrelo ahora