ရှောင်ကျန့်နိုးလာတော့ အစိမ်းရောင်အခန်းလေးထဲမှာဖြစ်ပြီး တစ်ယောက်ယောက်ရဲ့ရင်ခွင်ထဲမှာဖြစ်ပြန်တယ်။
သူသိတာက အခုသူအိပ်စက်နေတဲ့ရင်ခွင်ဟာ
ဝမ်ရိပေါ်သာဖြစ်တယ်။
အိပေါ်က သူ့ကိုချစ်တာမှန်ပေမဲ့ ရိပေါ်ကို မမှီပါ။
ကုန်ကုန်ပြောရမယ်ဆိုရင် ရိပေါ်ကသူ့ကို သိပ်အလိုလိုက်၍သာ...မနေ့ညကသူ့ကိုယ်မှာပေကျံနေသည်များကို ရေချိုးသန့်စင်ပေးခဲ့တဲ့အပြင် သူ့ကိုယ်လေးကို ယုယမှု့များနဲ့ကိုင်တွယ်ခဲ့ပြန်တာကြောင့် ရှောင်ကျန့်မှာရင်ဖိုမှု့တွေနဲ့အတော့်ကို ဆင်ခြင်ပြီးနေခဲ့ရတယ်။
သူထပ်ယွရင် ဒီထပ်ဆိုးမှာကို သိတဲ့အတွက်
ရှောင်ကျန့်သည်းခံခဲ့ရတာ။
ဒါပေမဲ့ အရာမဝင်ခဲ့ဘူး ကြွေရေချိုးကန်ထဲမှာပဲ
ဝမ်ရိပေါ်နဲ့သူ နှစ်ပါးသွားခဲ့မိသေးတာ။ထိုအကြောင်းများကို
သူပြန်စဥ်းစားမိပြီး သူ့ပါသူ မျက်နှာပူနေပြန်တဲ့ရှောင်ကျန့်။သူ့ရဲ့လည်ပင်းနေရာမှာ အညိုအမဲကွက်တွေက
ရစရာကိုမရှိပေ...
ရိပေါ်ကတော့ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့အတွက်
သူနိုးနေတာကို သိပုံမရပါ။ရှောင်ကျန့် သူဆက်မအိပ်ချင်တာနဲ့ အိပ်ယာကထဖို့ပြင်လိုက်ပေမဲ့ အရမ်းနာကျင်နေတဲ့ သူ့အဝလေးဆီမှနာကျင်မှု့ကြောင့် မျက်နှာကို တွန့်၍သွားကာ
''အာ့...နာလွန်းတယ် ယောကျာ်း။''
ငိုမဲ့မဲ့ရုပ်လေးနဲ့ ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲခေါင်းတိုးဝှေ့ရင်း
ချွဲညစ်ညစ်ပြောနေတဲ့ ရှောင်ကျန့်ကိုရိပေါ် ဆွဲဖက်ကာ..
ရိပေါ်မှာရှောင်ကျန့်ရဲ့ခေါင်းလေးကိုခပ်ဖွဖွပွတ်ပေးရင်း ''ကိုယ်ဆရာဝန်ခေါ်ပေးရမလား ကျန့်။''''ဟင့်အင်း.. သူတို့က ဆေးထိုးမှာ ပြီးရင် ကျန့်ရဲ့အလှတရားတွေကို ကြည့်မှာပေါ့ ယောကျာ်းရဲ့။''
''ဒါဆိုရင်... ကိုယ်ဘာလုပ်ပေးရမလဲ''
ထိုစကားကိုကြားတာနဲ့ ရှောင်ကျန့် ညစ်ပြုံးကြီးဖြင့်ပြုံးကာ..
''ယောကျာ်းက မနေ့ညက အရမ်းကြမ်းထားလို့ ဒီနေ့ကျန့်က ဘယ်မှမသွားရတော့ဘူး။
အဟင့်...အဲ့ဒီတော့ ယောကျာ်းဘက်က ဘာနဲ့အလျော်ပြန်ပေးမှာလည်း။''

YOU ARE READING
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Actionကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...