ep(10)💚

778 59 10
                                    

သတိရလာတာနဲ့ အရင်ဆုံးရိပေါ်ကို ဂျီပူတိုက်တာက ဗိုက်ဆာတယ်ဆိုတာပင်။
ပြီးတော့ရိပေါ်ကို ကလေးလို တွယ်ကပ်နေခြင်းပဲ။

''အင်းပါ ကလေး..ကိုယ်ပြင်ခိုင်းထားတယ်
အခုတော့ ရေအရင်ချိုးလိုက်အုံး ကိုယ်ပြောတာကြားလား။''

''အင်း..''
မျက်လုံးလေးကို ချစ်စဖွယ်လုပ်၍ ရေချိုးခန်းထဲ ဝင်သွားတဲ့ကောင်လေးကို ရိပေါ်အသည်းတယားယားနဲ့သာကျန်ခဲ့ရသည်။

ဒါနဲ့ပဲ အိပေါ်ထံ စာတိုပို့ပြီး အကြောင်းကြားထားတဲ့ ရိပေါ်...
''ကျန့်သတိရပြီ အိပေါ်...
ကိစ္စတွေပြီးရင် မြန်မြန်ပြန်လာခဲ့။''

''အင်း..သိပြီကော''
စာတိုရောက်တာနဲ့ စာပြန်လိုက်တဲ့အိပေါ်..

''အိပေါ်က ငါ့ကိုဒီဆိုင်ကိုဘာအကြောင်းရှိလို့
လာတွေ့ခိုင်းပါလိမ့်....''
ယူဘင်းတစ်ယောက် ကားပေါ်မှဆင်းကာ ထိုဆိုင်ထဲအမြန်ဝင်လာမိချိန် ဆိုင်ထဲမှထွက်လာသူ တစ်ဦးနဲ့ ဝင်တိုက်မိပြန်တယ်။

''sorry..နာသွားရင်တောင်းပန်ပါတယ်နော်...''

လဲကျသွားတဲ့ ကောင်လေးမှာ သူ့အင်ကျီပေါ်က
ကော်ဖီ​ေတွကို ခါသုပ်ရင်းဖြင့်...
''ခင်ဗျားလူကိုတောင်မမြင်ဘူးလား..''
စကားတွေလေထဲရပ်တန့်သွားတဲ့ထိုကောင်လေးကို ယွီပင်းကြည့်ရင်းနဲ့
''​ေကာက..ကျွန်​ေတာ့်ကိုသိလို့လား။''

''ယူဘင်း...ယွီပင်း မင်းကယူဘင်းမဟုတ်လား။''

ကော်ဖီဆိုင်ထဲကအထွက်မှာ တစ်ယောက်နဲ့တစ်ယောက်တိုက်မိရာမှ ချင်းရိဘက်မှထိုသို့ခေါ်လိုက်လေခြင်း။

''ကောကချင်းရိလေ...''

''ချင်းရိ..ဟုတ်လား
အမှန်ပဲ ချင်းရိကောလား။''

''ဝမ်းသာလိုက်တာ ယူဘင်းရာ...''

''ချင်းရိကော ယွီပင်းဆိုပြီးပေးထားတဲ့နာမည်အတိုင်းပဲ ကျွန်တော်နေနေတာ။
ယူဘင်းဆိုတာကို မိဘတွေပေးထားခဲ့လို့သာ အဲ့အတိုင်းထားထားတာ။''

''ဟုတ်ပါပြီကွာ...အခု ကော်ဖီလာသောက်တာလား
ဒါမှမဟုတ် ကိစ္စ ရှိလို့လား။''

''ဝမ်အိပေါ် နဲ့ လူမှု့ရေးကိစ္စအနည်းငယ်လောက်ပဲရှိတာပါ ဒါကလည်း ရှောင်ကျန့်အကြောင်းပဲပေါ့
ချင်းရိကော။''

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Tahanan ng mga kuwento. Tumuklas ngayon