ep(8)💚

739 68 3
                                    

နောက်နေ့မနက်မှာတော့ ဝမ်ရိပေါ်ဟာ မနေ့ညက
ရှောင်ကျန့်ကို သူအိပ်ဆေးထိုးခဲ့တဲ့အတွက် အိပ်ပျော်နေသူကောင်လေးကို အသာအယာပွေ့ချီပြီး တိတ်ဆိတ်လှတဲ့ သူ့ကိုယ်ပိုင်အပန်းဖြေစံအိမ်ကြီးရှိရာကို ထွက်လာခဲ့တော့တယ်။

''ချင်းရိ ငါ့ရဲ့အပန်းဖြေစံအိမ်ကိုမင်းလိုက်လာခဲ့
ကျန့်ကို မင်းဘက်ကသေချာခွဲစိတ်ပေးပါ ချင်းရိ။''

''အင်းပါ ရိပေါ်ရာ ငါအကောင်းဆုံးကြိုးစားသွားမှာပါ စိတ်ချလက်ချနေပါကွာ။''

''ကောင်းပြီလေ... ငါစိတ်ချချင်တယ်။''

''အင်း...''

.
.
.
.
.
.
.
တဖက် korea ပြည်ထဲရောက်နေပြန်တဲ့အိပေါ်ဟာ သူ့ရဲ့ဖုန်းထဲမှ wallpaper တင်ထားတဲ့
poto ပိုင်ရှင်လေးကိုကြည့်ပြီးပြုံးနေမိသည်။

'ကျန့်...မင်းရဲ့ခွဲစိတ်မှု့တွေအဆင်ပြေပါစေလို့ကိုယ်ဆုတောင်းပေးပါတယ်..goodluck my love.'

လေယျာဥ်ပေါ်ကဆင်းတာနဲ့ကားနက်ကြီးပေါ်
တက်သွားပြန်တဲ့အိပေါ်...
''အကိုလေး..သူတို့ရှိတဲ့နေရာကိုပဲတန်းပြီးပို့ပေးရမလား..ဒါမှမဟုတ် hotel မှာအနားယူပြီးမှသွားမလား။''

''သူတို့ဆီကိုတန်းသွားမယ်..အချိန်ကြာတာငါမကြိုက်ဘူး။''

''ဟုတ်ကဲ့...''

အနက်ရောင်မျက်မှန်အောက်က မျက်ဝန်းတွေကတော့စူးရှတောက်ပနေလေရဲ့..
ဒီကစားပွဲမှာ အနိုင်ရတာပဲသူလိုချင်တယ်။
ဘာလို့လဲဆိုရင်..သူ့အချစ်အတွက် လက်စားချေလိုမှု့များ ကျန်ရှိနေလို့ပဲ။

''ငါစုံစမ်းခိုင်းထားတာ သိရပြီလား ချန်း။''

''ဟုတ်ကဲ့ သိရပါပြီ အကိုလေး..''

''ဟိုလူနှစ်ယောက်ကို သေချာစောင့်ကြည့်ထားလို့မှာလိုက်အုံး..
ငါပြန်လာမှ သူတို့နဲ့စားရင်းရှင်းမယ်။''

''ဟုတ်ကဲ့ အကိုလေး..''

နာရီဝက်လောက်အကြာမှာတော့...
တရွေ့ရွေ့နဲ့သွားနေတဲ့ကားကတော့ သူ့ရဲ့လိုရာခရီးကိုရောက်တာနဲ့ ထိုးရပ်သွားပြန်တယ်။

''ကျွီး...''

''အကိုလေး..ရောက်ပြီ မြေအောက်ခန်းဘက်မှာ သူတို့တွေ စောင့်နေကြတယ်။''

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Where stories live. Discover now