ep(11)💚🚫

1.6K 57 15
                                    

ကမ်းခြေကိုရောက်လာကြတဲ့ ဝမ်အမွှာစုံတွဲမှာ
လူတကာရဲ့ အာရုံစူးစိုက်မှု့ကို ခံနေရပြန်တယ်။
အချစ်ကဲလွန်းတဲ့ အမွှာကောင်လေးနှစ်ယောက်ဟာ သူတို့နှစ်ယောက်ရဲ့ ကြင်သူလေးကို အလိုလိုက်ချက်က ဘေးမှမြင်သူအပေါင်း အားကျရသည်အထိပါ။
သီးသန့်ကျွန်းဆွယ်ရဲ့ ကိုယ်ပိုင်ဘန်ဂလို အပန်းဖြေစံအိမ်တွင်..

''ယောကျာ်း...ကျန့်ကိုလေ လတ်ဆတ်တဲ့သဘာဝသစ်သီးဖျော်ရည်အေးအေးလေး ယူမတိုက်ချင်ဘူးလား ကျန့်ရင်တွေပူလွန်းလို့ပါ။''

ဝမ်ရိပေါ်ထံအပူကပ်နေတဲ့ အဆိုးလေးကြောင့်...

''ဒါဆိုရင် ခဏစောင့်နော် ကျန့် ကိုယ်သွားယူပေးမယ်။''

''အင်းး...ယောကျာ်း ပြွတ်စ်..အမောပြေ kiss.''

အိပေါ်ကတော့ အသားကင်ပေးနေတဲ့အတွက်
ရှောင်ကျန့်ဟာ သူ့ရဲ့နောက်ကျောကနေပြီး သိုင်းဖက်လာပြန်ရဲ့...
''ယောကျာ်း..ကျန့်ဗိုက်ဆာနေပြီ အသားကင်က မရသေးဘူးလား။''

''ကျက်နေပါပြီ ကလေးရဲ့...ကိုယ်သေချာကင်ပေးနေတာ မဟုတ်ရင် ကလေးဗိုက်နာလိမ့်မယ်။''

''အင်း...နည်းနည်းလောက်ပေးမြည်ပါလား..
မွှေးနေတာပဲ မြည်းကြည့်ချင်လို့ပါနော် ရလား။''

''ပူမယ်နော် ကလေးရဲ့ နေအုံး ကိုယ်လှီးပေးမယ်..ခဏစောင့်။''

အသားကင်ကို ဘေးမှအနည်းငယ်ကပ်လှီးပေးပြီး
အေးသွားအောင် လေအနည်းငယ်မှုတ်ပေးပြီး
ရှောင်ကျန့်ရဲ့နှုတ်ခမ်းနားတေ့ပေးလာတဲ့အတွက်
ဟိုအစားပုပ်လေးကလည်း ချက်ခြင်းကြီး ပါးစပ်ဟပေးလာပြန်တယ်။

''အွန်းးး..အရသာရှိတယ်.. ယောကျာ်း''

လက်မလေးထောင်ပြပြီး
တမြုပ်မြုပ်ဝါးရင်းဆိုလာသူလေးကြောင့်..အိပေါ်
ရှောင်ကျန့်ရဲ့ကိုယ်လုံးလေးကို သူ့ရဲ့ပေါင်ပေါ်ဆွဲတင်လိုက်လေရဲ့....
''ကိုယ့်ကိုလေ ဆုမချချင်ဘူးလား ကလေးကို
အရသာရှိအောင် အသားကင်ကျွေးတဲ့အတွက်လေ။''

ဖျော်ရည်ခွက်ကိုင်ပြီးအနားရောက်လာတဲ့ ရိပေါ်ကိုမြင်ပြီး အကဲစမ်းချင်လာတဲ့ ရှောင်ကျန့်ဟာ
အိပေါ်ရဲ့ နှုတ်ခမ်းကို စပြီးနမ်းလာပြန်သည်။
မနမ်းခင် အအေးခွက်ထဲမှအအေးတွေကို တဝက်ကျိုးအောင်အရင်သောက်ခဲ့သေးတာ။

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Where stories live. Discover now