''ဒီနေ့မင်းက ကျန့်ကို ဘယ်ကိုခေါ်သွားဖို့ စီစဥ်ထားလည်း ရိပေါ်။''
''မင်းဘာလို့သိချင်နေတာလဲ အိပေါ်။''
''ငါသိထားဖို့လိုတယ်ကွ ကျန့်ကိုငါလွမ်းလာရင်
လာတွေ့ဖို့အတွက်။''''aww..စောက်လုပ်ကျ သေချာမလုပ်ချင်ဘူး
ကျန့်အနားကပ်ဖို့တော့မင်းက ရူးနေသေးတယ်။
မပြောဘူး..ဖြစ်နိုင်ရင်လေ ကျန့်ကို မင်းမမြင်တဲ့
ကမ္ဘာမှာ ဖွက်ထားလိုက်ချင်တာ ရှင်းပြီလား။''''ရိပေါ်..မင်းကတမင်ညစ်နေတာနော်..
ငါ့ရဲ့ကျန့်လေး ကြားသွားပါဦးမယ် မပေါ့မပါးကြီးနဲ့တော်ကြာ စိတ်မကောင်းဖြစ်နေမယ်။သူတခုခုဖြစ်လို့ကတော့ ငါမင်းကိုအရင်သတ်မှာ..သတိထား။''''အိပေါ်..ငါကမင်ထက် လူလောကကြီးရဲ့လေကိုအရင်ရှူတဲ့သူပါ။''
''ဘာလဲ အချိန်တစ်မိနစ်တည်းပိုတာကိုများ
လေကျယ်နေတယ် စောက်ရူး..''''အား...ယောကျ်ားရေ ဒီကိုမြန်မြန်လာပါဦး
ကျန့် ကြောက်လို့ပါ။''''ဒါ ကလေးရဲ့အသံပဲ မင်းဖယ်စမ်း.. သူဘာဖြစ်လို့အော်နေပါလိမ့်။''
''အိပေါ် အမြန်ပဲ အိမ်အပေါ်ထပ်ကနေ ရေကူးကန်ရှိရာဆီပြေးဆင်းလာမိတယ်။''
''ဘာဖြစ်လို့လဲ ကျန့်...''
''မြွေ..မြွေတွေ့တယ်''
''မကြောက်နဲ့နော် ကိုယ်လာရှင်းပေးမယ်။''
''ရိပေါ်မြွေဖမ်းတဲ့ကရိယာယူလာခဲ့ ကျန့်အတွက်
မင်း လာကူပြီးဖမ်းပေးဦး။''''အိပေါ်..မင်းပါမင်းဖမ်း..ငါ့ကျန့်ကိုတော့ ငါခေါ်သွားပြီ။''
ရှောင်ကျန့်ကို ပွေ့ချီလိုက်ပြီး ထိုနေရာမှထွက်သွားတဲ့ရိပေါ်ကတော့ အဝတ်လဲခန်းရှိရာဆီပင်။
''ကျန့်..အရမ်းကြောက်သွားတာလား''
''ကော..ကျန့်ကမြွေကြောက်တယ်လေ..
ပြီးတော့ အရင်လိုမျိုးမြန်မြန်ဆန်ဆန် ထပြေးလို့မှမရပဲ ကျန့်က ကိုယ်ဝန်ကြီးနဲ့လေ။''''မနေ့ကမိုးရွာထားတော့ ရေမြွေတွေက မျက်စိလယ်လာတဲ့ပုံပဲ သူကအဆိပ်မရှိပါဘူးကျန့်။''

VOUS LISEZ
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Actionကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...