ရှေးဟောင်းတရုတ်ရိုးရာယဥ်ကျေးမှုတွေကို မြတ်နိုးနှစ်သက်တဲ့ ဝမ်ချန်ပေါင်ကတော့ ခုတခါမှာ.....
ဝမ်လုပ်ငန်းစုပိုင်သည့် ရှေးဟောင်းတရုတ်ရိုးရာပြတိုက်သို့ ရောက်ရှိနေခြင်းပါ။''မစ္စတာဝမ်ချန်ပေါင် ကြွပါရှင်......''
''ceo ကသီးသန့်ခန်းမှာ စောင့်နေပါတယ်
ကျွန်မနောက်ကလိုက်ခဲ့ပေးပါ။''အပြုံးတွေတပွေ့တပိုက်နဲ့ ထိုသူက
ဝန်ထမ်းမလေးရဲ့ခေါ်ဆောင်ရာနောက်ကိုသာ လိုက်သွားတော့သည်။
အနားက ဘော်ဒီကတ် နှစ်ယောက်ခြံရံလျှက်.....အခန်းတံခါးဖွင့်လိုက်ရင်ပဲ......
''ဘယ်လိုလဲ ဝမ်လေး....ဒီတခါ ဒီအဘိုးကို
ဘာပစ္စည်းတွေပြအုံးမှာလည်း လင်းစမ်း။''''ခုလိုတကူးတက လာပေးရုံနဲ့တင် ဝမ်လေးဘက်က ပျော်မိပါပြီ အဘိုးဝမ်ချန်ပေါင်။''
''မှန်း.....ဒီဓားအကြောင်း ကောလဟာလလောက်သာကြားဖူးတာ...ခုလိုမျက်မြင်တွေ့ရတော့ စကားလုံးတွေတောင်ပျောက်ရှကုန်တယ်...အတော်ကိုလက်ရာမြောက်လွန်းတယ် ဒီဦးသျှောင်ဓားက....
စျေးနှုန်းက မနည်းလောက်ဘူးထင်တယ် ဝမ်လေး။''''အို...ဒါပေါ့ အဘိုးဝမ်ချန်ပေါင် တွေးတတ်သားပဲ...ဒါပေမဲ့ ဝမ်လေးအတွက်က ပါးပါးလေးပါ။''
''အော်...ဒါပေါ့ဒါပေါ့....ငါ့သူငယ်ချင်းကြီး
ရှိနေရင် ဂုဏ်ယူနေမှာ မြင်ယောင်သေးတယ်... သွားလေသူကြီး ဝမ်းကျောက်ဖူးကတော့ ဒီထက်မြက်လှတဲ့မြေးဖြစ်သူကို မမြင်သွားရတာ ရင်နာစရာပဲ။''''အဖိုးဝမ်ချန်ပေါင် လာရင်းကိစ္စများရှိသေးလားလို့.....''
''မေ့တော့မလို့....ရှိတယ် ခုတခါက တန်ဖိုးသိပ်ကြီးတဲ့ပစ္စည်းမို့ လွဲချော်လို့မရဘူး။
ပျောက်ကွယ်နေတဲ့ ရှေးဟောင် ဗုဒ္ဓဆင်းတုတော်ကိုရှာရမှာ.....
အရွယ်အစားကပုံမှန်အရွယ်အစားပဲ
ဒီမှာ.... ပုံစံတူ ရုပ်ပွားတော်...
အဲ့ပုံစံနဲ့ထပ်တူဆင်းတုေတာ်ကို ရှာရမယ်...လုပ်နိုင်ပါ့မလား။''''အလုပ်လက်ခံတယ်...ဒီတော့
စျေးနှုန်းကတော့ ရှာလို့ရတဲ့သူက ထုံးစံအတိုင်းအပိုင်ရမှာမဟုတ်လား။''

KAMU SEDANG MEMBACA
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Aksiကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...