ep(20)💚

333 11 0
                                    

ဝမ်ရိပေါ်နဲ့ယူဘင်းတို့နှစ်ယောက်မှာ ရှောင်းလောင်ဟူရဲ့မြေအောက်ဓာတ်ခွဲခန်းထဲမှ အပြင်သို့ပြန်ထွက်လာပြီးနောက်...
သူတို့ဦးတည်မိသည်က စာအုပ်အဟောင်းလေးထဲမှ လိပ်စာလေးအတိုင်းသာဖြစ်သည်။
ထို့သို့မထွက်ခွာမီတွင်..ရိပေါ်မှာ
နဂါးနက်အဖွဲ့သားတွေထဲက သုံးယောက်ကိုတော့
ရေကန်ထဲမှ မျိုးစပ်ပိုးမွေးမြူထားသည့်ဖန်ပုလင်းအနည်းငယ်ကို အိပေါ်တို့ရှိရာဆီသွားရောက်ပို့ဆောင်ခိုင်းခဲ့သည်။

သူ့တပည့်တွေထွက်ခွာသွားတာနဲ့..သူတို့အုပ်စုမှာ
ခရီးဆက်ရန် အချက်ပြလာတဲ့ရိပေါ်..

''အသင့်ဖြစ်ပြီလား..''

''ဟုတ်..''(အားလုံး)

ခုဆိုရင် လူသူတိတ်ဆိတ်ကင်းမဲ့နေသည့်လမ်းပေါ်တွင် သူတို့အဖွဲ့ဟာ လိပ်စာရဲ့လမ်းကိုရှာဖွေနေကြရသည်မို့ မျက်လုံးရှင်ရှင်ဖြင့်ဟိုဟိုဒီဒီ လိုက်လံကြည့်ရှု့နေရသည်မှာအမှန်ပင်။
ဒီ virus ကအရမ်းလျှင်မြန်စွာကူးစက်သွားတာပဲလေ..သူတို့ဘက်က သတိကြီးကြီးထားမှဖြစ်ပေလိမ့်မည်။
သို့သော်..သူတို့အဖွဲ့မှာ ကူးစက်သူတွေကိုတော့ရှောင်လွှဲလို့မှမရပြန် ကူးစက်သူတွေမှာ သူတို့ရှေ့တည့်တည့်တွင်အလုံးအရင်းနဲ့ ရှိလို့နေပြီဖြစ်သည်။

''သတိထားကြ...ရှေ့မှာ ကူးစက်သူတွေအများကြီးပဲ။''

''ဟုတ်ကဲ့ boss..''

''လမ်းသေချာရှင်းခဲ့..''

''ဟုတ်..ခေါင်းဆောင် ရမ်''

''Dhk..Dhk..Dhk..Dhk..''

အဲ့ဒီနောက် သေနတ်သံတွေဆူညံသွားတဲ့ ပတ်ဝန်းကျင်ကြောင့် အနီးအနားတွင်ရှိသော သစ်ပင်ထက်ဆီမှ ငှက်များသည်လန့်ကာ ပျံသန်းထွက်ပြေးသွားရလေသည်။

.
.
.
.
အိပေါ်တို့ရှိရာဆီရောက်လာတဲ့ အဖွဲ့သားနှစ်ယောက်မှာ ဝမ်ရိပေါ်ပို့ခိုင်းလိုက်သည့် ဖန်ပြွန်ပုလင်းများအား ဆရာဝန်ထံအပ်နှံပေးကာ
ထိုနေရာမှပြန်လည်ထွက်ခွာလာတော့သည်။

ဓာတ်ခွဲခန်းအပြင်မှာကျန်ရစ်ခဲ့သည့် နဂါးနက်တစ်ဦးနဲ့ပြန်ပေါင်းလိုက်ရင် ယခုမှာမူ လူသုံးယောက်ပြန်လည်ဖြစ်သွားပြီဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Nov 04, 2022 ⏰

Add this story to your Library to get notified about new parts!

ဆူးမဲ့ပုံပြင်(​ေခတ္တရပ်နား)Where stories live. Discover now