ယူဘင်းရဲ့အိမ်ကိုရောက်တာနဲ့ရှောင်ကျန့်
သူ့ရဲ့အဖြစ်အပျက်တွေကို ရှိတဲ့သူငယ်ချင်းဆီ ဖွင့်ပြောမိပြန်တယ်။ဘယ်ကအစနဲ့ဘယ်ကအဆုံးဆိုတာပင်...ယူဘင်းနဲ့စားသောက်ဆိုင်ကနေစပြီးယူဘင်းထီးဝယ်ထွက်သွားတဲ့အချိန်ကနေ..
ရှောင်ကျန့်ကို လာဖမ်းကြတဲ့ လူမိုက်တွေလက်ထဲကနေထွက်ပြေးရင်းနဲ့
ဝမ်သူဌေးနဲ့ဆုံခဲ့သည့်အဖြစ်...
နောက်ပြီး အခု သူ့အတွက်အန္တာရယ်ကျရောက်လာတော့မဲ့အကြောင်းတွေကို
ခရေစေ့တွင်းကျ ပြောပြနေတဲ့အတွက်..
ယူဘင်းကတော့ မျက်လုံးအပြူးသားနဲ့...''ဒါဆိုရင်မင်းက ငါ့ဆီရောက်လာတာကောင်းခြင်းမဟုတ်ဘူးပေါ့ရှောင်ကျန့် ဟုတ်လား။''
''ဟီးဟီး.. ငါအိမ်မပြန်ချင်ဘူး ယူဘင်းရာ
မင်းပဲပြောတယ်လေ ငါ့အိမ်မှာသည်းခံပြီးနေနိုင်ရင်နေဆို..
ငါနေတတ်ပါတယ် ယူဘင်းရ..''ယူဘင်းတစ်ယောက်နောက်ဆုံးတော့လည်းသူကိုယ်တိုင်ပြောမိခဲ့တဲ့ပါးစပ်ကို
လက်နဲ့ပြန်ရိုက်ရင်း...''အဲ့ပါးစပ်က ဘာလို့ပြောခဲ့မိပါလိမ့် ခုတော့ ပြသနာတွေ တန်းစီးပြီးဝင်လာတော့မှာ သူသိနှင့်နေပြီလေ
ခံလိုက်စမ်း ယူဘင်းရေ...မင်းအပြစ်နဲ့မင်းပဲဟ...''ယူဘင်းကတော့..
သူ့ကိုယ်သူအပြစ်တင်နေခဲ့ရှာသည်။ရှောင်ကျန့်ကတော့ ဆိုဖာခုံပေါ်ခြေပစ်လက်ပစ်အိပ်၍ ယူဘင်းကို ကြည့်ပြီး အူနာနေတော့တယ်။
သူ့အတွက် အဆိုးအကောင်းအတူတူ တိုင်ပင်ဖော်တိုင်ပင်ဖက်က ယူဘင်းတစ်ဦးတည်းသာအနီးကပ်ရှိပြန်တယ်။''ယူဘင်းရ...ဟိတ်ကောင် ယူဘင်း....''
''ဘာတုန်းကွယုန်ကြီးကျန့်ကျန့် ပြော..''
''ငါ့ကို ဝမ်လုပ်ငန်းရဲ့ CEoအကြောင်းစုံစမ်းပေးပါလား ငါသိချင်လို့။''
''အလိုလေး..အမောင်ယုန်ကြီးရဲ့ တခါမှသူများအကြောင်းစိတ်မဝင်စားတဲ့သူက
စပ်စုခန်းဖွင့်နေတယ်ဆိုတော့ ဘာလည်း
မင်းကြွေနေလို့လား ဟမ်း...ဖြေလေကွ။''''မင်းကလည်းကွာ သိချင်ရုံပါ ကြွေစရာလား ကြောက်လို့ပတ်ပြေးလို့ရအောင်
ရှောင်လို့ရအောင် သိပြီလား ငဒူကောင်ယူဘင်းရဲ့။''
VOUS LISEZ
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Actionကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...