ရှောင်ကျန့် ခေါင်းကအနည်းငယ်ကိုက်တဲ့
အရှိန်နဲ့ သူညည်းနေမိပြန်တယ်။
လာဗင်ဒါပန်းရနံ့သင်းနေတဲ့ အခန်းအစိမ်းရောင်လေးက သူ့ရဲ့မျက်လုံးတွေကို ထင်ဟပ်စေပြန်တော့ ကိုယ်ကိုမနည်းအားယူပြီး ထမိတဲ့သူ။လက်တဖက်ကို ပတ်တီးကြိုးသိုင်းနဲ့စည်းပေးထါးတာမြင်ပြန်တော့ မနေ့ညက သူဘာဖြစ်ခဲ့လဲဆိုတာကို ပြန်မြင်ယောင်သွားတဲ့ ရှောင်ကျန့်။
သေချာပါတယ် သူက ဆိုင်ကယ်နဲ့ဆိုင်ကယ်သမားကို ဝင်တိုက်မိခဲ့တယ်ဆိုတာပေါ့။
'ဟာ....ငါ့လက်ကျိုးတာနဲ့ခေါင်းပေါက်သွားရတာ ငါ့ပါငါ မဆင်ခြင်လို့ဖြစ်ရတာ
ခုတော့.. ငါဘယ်ကိုရောက်နေပါ့လိမ့် အိမ်ကြီးက အကျယ်ကြီးပဲ တိတ်ဆိတ်နေတာပဲပြီးတော့ ကြောက်တောင်ကြောက်လာပြီ။'''လူရှိလား....လူရှိလားဟင်...''
ရေကူးကန်ထဲ ရေစိမ်နေတဲ့ အိပေါ်...
အသံကြားလို့ ခေါင်းမော့ကြည့်မိတော့ အူယားစရာမျက်နှာပေးနဲ့ ကောင်လေးကို
မြင်ပြီး...
''မင်းကဘယ်သူလဲ ဘာတွေအော်နေတာလည်း လူရှိလို့ ရေကူးနေတာမမြင်ဘူးလား တကယ့်ဟာလေးပဲ အူတူတူရုပ်လေးနဲ့ ဘာကိစ္စရှိလို့လည်း ပြော။''မေးပြီး ငေါက့်လိုက်တဲ့အတွက် ငိုမဲ့မဲ့ရုပ်လေးနဲ့ ''ကျေးဇူးတင်ချင်လို့ပါ ကော''လို့
ဖြေပြီး စောနကအခန်းထဲဝင်ပြေးသွားတဲ့
ယုန်လေးကို ကြည့်ပြီး အိပေါ်စနောက်ချင်လာရော...''အဟက်...ရိပေါ်ကတော့ ဘယ်လိုဟာမျိုးလေး ဖမ်းထားပါလိမ့်...
အဲ့တစ်ယောက်အကြောင်း ရိပေါ်ကိုမေးအုံးမှ။''ရေကူးကန်ထဲကနေ တက်လာပြီး ကိုယ်ပေါ် သပတ်ဖြင့်ပတ်ကာ အပေါ်ဆုံးထပ်က
ရိပေါ်ရဲ့အလုပ်အခန်းရှိရာဆီရောက်လာခဲ့တဲ့ အိပေါ်...''ကြိုးစားလှချည်းလား ရိပေါ်ရာ...
ဒါနဲ့ ဟိုခွေးကောင်ကို ဘာလုပ်လိုက်ပြီလည်း ငါသိချင်တယ်။''''သူ့ကို ငါးမန်းစာကျွေးခိုင်းလိုက်ပြီ အိပေါ်
ဒါနဲ့မင်းကဘာကိစ္စရှိလို့ ငါ့အလုပ်ခန်းထဲထိ
ဝင်လာခဲ့တာလည်း။''''အော်မေးစရာရှိလို့...အောက်ကအခန်းထဲမှာ တွေ့တဲ့ကောင်လေးက ဘယ်သူလဲ
ပြီးတော့ ရိပေါ်မင်းနဲ့ဘယ်လိုပက်သက်တာလည်း။''

ВЫ ЧИТАЕТЕ
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Боевикကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...