ပေကျင်းမြို့ရဲ့အထင်ကရအနုပညာကျောင်းရှေ့တွင် ထိုးဆိုက်လာသည့် အဝါရောင် ပြိုင်ကားလေးကြောင့် ...
ကျောင်းရဲ့ ရေပန်းစားလှတဲ့ မာနခဲလေး ဆိုတာကို
တစ်ကျောင်းလုံးက အသိပေ။''သူလာနေပြီ.. ယူဘင်း။''
''အင်း...ငါသိတယ် အိပေါ်...အဲ့တစ်ယောက်ကို
ငါသေချာ အကဲခတ်လေ့လာလိုက်အုံးမယ်။''''အင်းပါ မင်းဘက်က ခပ်မြန်မြန်သာ သူမကို
ပညာပေးလိုက်။''''အင်းပါ...ငါဖုန်းချလိုက်ပြီ အိပေါ်...''
''ok..ယူဘင်း။''
''အင်း....''
စားစရာတချို့ကို သူ့ကလေးအတွက်ပြင်ပေးနေရင်း အိပေါ်မှာ အလုပ်အကြောင်းလဲ ပြင်ဆင်နေရပြန်တယ်။
ဒါနဲ့ပဲ သူ ဝယ်လက်တချို့နဲ့စကားပြောနေတဲ့အချိန်မှာ ရှောင်ကျန့်အိပ်ယာကနိုးလာပြီး စားပွဲဝိုင်းမှာဝင်ထိုင်ပြီး စားစရာတချို့ယူစားခဲ့သည်။
ဗိုက်ဆာလာရင် အမြဲတမ်း တဇွက်ထိုးဆန်တတ်တဲ့ ရှောင်ကျန့်မှာ အခုလည်းပဲ သူခံတွင်းတွေ့နေတဲ့ စားစရာတချို့ကို အများကြီးစားမိနေရဲ့...
ရိပေါ် မှန်ရိပ်ကနေမြင်နေရတဲ့ပုံရိပ်လေးကြောင့်
သူ့ကလေးနိုးနေပြီဆိုတာသိ၍ အနားကိုရောက်လာချိန်မှာတော့ တဝက်ကျိုးနေပြီဖြစ်တဲ့ထောပတ်ဘူးလေး...''ကလေး...အဲ့ဒီထောပတ်တွေကို အများကြီးမစားရဘူးလေကွာ စားကောင်းတယ်ဆိုတိုင်း ဇွတ်စားနေပြန်ပြီ ကျန့်ရာ။''
''ယောကျာ်း...ကျန့်ကလေ ဟင့်...နည်းနည်းလေးပဲ
တိုးပြီးစားမိရုံပါ။''''ကလေးနဲ့မတည့်ဘူးလေကွာ...အဲ့ဒါစားပြီး အသက်ရှူကြပ်လာရင်ဘယ်လိုလုပ်မလဲ။''
''ဟင့်...ကျန့်က ခံတွင်းတွေ့လို့ မဖြစ်စလောက်လေးပဲ ပိုစားခဲ့တာ...ယောကျာ်းက ဆူနေပြီကြည့်။''
''ဆူနေတာတဲ့လား ကလေးရာ...ကိုယ်စိတ်ပူနေတာပါ ကလေးသာတခုခုဖြစ်သွားရင် ရင်ကျိုးရမှာကလေးသိရဲ့လား။''
''ဟင့်...အဟင့်...မသိဘူးဆို...''
''ယောကျာ်းကိုမခေါ်တော့ဘူး..ကျန့်ကိုဆူတယ်''
VOCÊ ESTÁ LENDO
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Açãoကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...