ထိုဆေးရုံကြီးကနေသူတို့တွေမနည်းထွက်လာခဲ့ပြီး နောက် ထိုဆရာဝန်ရဲ့နေအိမ်သို့ရောက်လာကြတော့သည်။
''ဒါကဘယ်နေရာလဲ..ဒေါက်တာ''
''ငါ့ရဲ့အိမ် ဒါကကိုယ်ပိုင်ဓာတ်ခွဲခန်းပဲ.. စိတ်ချရပါတယ်
ဒီနေရာက ငါအထူးဆောက်လုပ်ထားတာမို့ ဘယ်သူမှမသိနိုင်ဘူးလေ။''''ကျွန်တော့်ဇနီးအခြေအနေဘယ်လိုရှိလဲ...ဒေါက်တာ။''
''သူအခြေအနေကောင်းမှာပါ...လောလောဆယ်
သူ့ကိုချုပ်ထားမှရမယ်။
ပြီးတော့ ငါ သူ့ရဲ့သွေးအနည်းငယ်လိုချင်တယ်
ရနိုင်မလား။''''ခင်ဗျား
ဘာလုပ်မလို့လဲ..''ဒီအမေးကိုတော့ ရှောင်ကျန့်ရဲ့ကိုယ်ကို ပွေ့ထားတဲ့
အိပေါ်မှ မေးလိုက်ခြင်းဖြစ်သည်။''ငါ...စမ်းသပ်မှု့လုပ်မလို့..ပြီးရင်ဖြေဆေး
ထုတ်မလို့ မင်းတို့တွေလည်း ဒီလိုကပ်ဘေးကြီးကိုမုန်းတယ်မဟုတ်လား?
အထူးသဖြင့် သူက တစ်ယောက်တည်းသမားမဟုတ်ဘူးနော်..''ရှောင်ကျန့်ရဲ့ဗိုက်ပူပူလေးကိုကြည့်၍ဆိုလာတဲ့
ဒေါက်တာကြောင့်..ရိပေါ်လည်းအိပေါ်ကို ခေါင်းငြိမ့်ပြလိုက်တော့တယ်။ဒါကြောင့်မို့..
''ကောင်းပြီလေ သူတခုခုဖြစ်လို့ကတော့ မင်းသေပြီပဲနော်။''
(ဒေါက်တာအစားငါ လည်ပင်းယားလိုက်တာ😱)
စမ်းသပ်ခံ ကုတင်ပေါ်တွင် ရှောင်ကျန့်ကိုတင်ပေးလိုက်တဲ့ အိပေါ်မှာ ရင်ထဲပူဆွေးနေရသည်မှာအမှန်ပင်။သို့သော် ချစ်ရတဲ့လူသားလေးတွေအတွက် သူတို့ညီအကိုနှစ်ယောက်မှာ မစွမ်းလေပြီမို့ အခြေအနေကို ဘေးမှရပ်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
ဦးဆုံး ဒေါက်တာသည် ရှောင်ကျန့်ကို စိတ်ငြိမ်ဆေးအရင်ထိုးပေးလာသည်။
ပြီးနောက် ထိုလူသားလေးရဲ့ ဘယ်ဘက်လက်ကိုယူကာ တံတောင်ဆစ်အနီးရှိသွေးကြောဆီမှ
ဆေးထိုးပြွန်ဖြင့် သွေးအနည်းငယ်ကိုစုပ်ယူလိုက်တော့တယ်။'တောင်းပန်ပါတယ် မင်းခဏလောက် အနားယူမှရမယ် ကောင်လေး။
မင်းကို ကယ်တင်နိုင်အောင်လို့ ငါအခုလို့လုပ်လိုက်ရတာပါ ကောင်းကောင်းအနားယူပါ။'
ČTEŠ
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Akčníကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...