Boss!
"boss ဒါတွေက..ဘာတွေလဲ.."
လွန်းဆီ massage ရောက်လာတာက ပန်းခြံထဲမှာ boss အသည်းအသန်ဖြစ်နေတယ်တဲ့လေ။အစောက စိတ်ပူနေတာနဲ့ သတိမထားမိတာ..အခုမှ သေချာကြည့်မိတော့ ပန်းခြံတစ်ခုလုံးမှာ boss နဲ့သူ နှစ်ယောက်ထဲ။ ပြီးတော့ ပန်းခြံတစ်ခုလုံးကို မီးတွေမှိတ်ထားပြီး ဖယောင်းတိုင်မီးတွေနဲ့ LED မီးလုံးလေးတွေကို အလှဆင်ထားသည်။ နှင်းဆီပန်းအနီတွေကိုလည်း လွန်းပြေးလာတဲ့ လမ်းတစ်လျှောက်ခင်းထားလေသည်။ လေတိုက်လိုက်တိုင်း နှင်းဆီပန်းရနံ့က သင်းပျံ့လျက်။
နှစ်ယောက်ထိုင် စားပွဲခုံအဖြူလေးပေါ်မှာလဲ ၀ိုင်ပုလင်းလေးနဲ့ နှင်းဆီပန်လေးတွေကို romatic ဆန်ဆန်ပြင်ဆင်ထားလေသည်။ ထိုအပြင်အဆင်တွေကို မြင်တော့ အံ့သြသလို စိတ်လဲဆိုးမိသည်။ ကိုယ့်မှာတော့ သူအသည်းအသန်ဖြစ်တယ်ဆိုတဲ့ massage ကို မြင်ပြီး သားကိုတောင် သွန်းခနဲ့ထားခဲ့ပြီး ည၀တ်အိင်္ကျီတောင် မလဲခဲ့ရဘဲ အမြန်ပြေးထွက်လာခဲ့ရတာ။
Boss က လွန်းမေးတာကို မဖြေပဲ ဂီတာကြိးကို တစ်ချက်ညှိပြီး...boss ရဲ့မူပိုင် သြရှရှနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသံနဲ့ ခပ်အေးအေးသီချင်းစာသားသံစဥ်တွေနဲ့ လိုက်ဖက်လှ၏။
🎶အငိုတိတ်ပါတော့ ကလေးရယ်..
မင်းလိုပဲ ငါကြေကွဲတယ်..
ဘ၀တစ်ခုလုံးစာပုံပြီး မင်းချစ်ခဲ့တာ မတန်ဘူးကွယ်..
ရှောင်ပုန်းကာထွက်ပြေးခဲ့ သစ္စာမဲ့သူကို မလွမ်းနဲ့...
နင်ငိုတာရပ်ပြီး ပျော်နေဦးကွယ်....🎶လွန်းကိုကြည့်ပြီး ဆွဲဆောင်မှုရှိရှိသီချင်းဆိုနေပုံက လွန်းရဲ့ ရင်ခုန်သံတွေကို စည်းချက်မညီဖြစ်စေသည်။
🎶တီးတိုးရှုက်ငိုသူလေးအား ချွေးသိပ်ချော့မြုဖို့ တေးသွား..
ငါ့ရဲ့အချစ်နဲ့မင်းကို နောက််ထပ်ငိုခွင့်မပြုပါ..
မင်းလက်တွဲခေါ်ယူ ဖေးမ မှေးစက်နားခိုပါ ဘ၀တစ်ခုစာ..
မငိုပါနဲ့ ကိုယ့်အချစ်နဲ့ ကုစားတော့မှာ...🎶Boss ကိုကြည့်ရင်း လွန်းမျက်နှာတွေ ပူလာသလိုပင်။
🎶အငိုတိတ်ပါတော့ ကလေးရယ်...
မင်းငိုတဲ့အခါ ရင်မောတယ်..
စိတ်ကူးယဥ်တဲ့အရွယ်ရဲ့ မှားယွင်းမှုကို ငါနားလည်...
နားခိုပါတော့ကွယ် ဘ၀တစ်ခုလုံးစာ ပိုက်ထွေးထားမယ်...
ဒီသံစဥ်တွေနဲ့ ပျော်အောင် ငါနှစ်သိမ့်မယ်...🎶
![](https://img.wattpad.com/cover/287742020-288-k753243.jpg)
YOU ARE READING
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...