.
.
.
.
." ခေတ်လေး ရေ !! နိုးပြီလား သား "
" အင်း~ ဟုတ် သားနိုးပါပြီ ပါးပါး "
" ဟုတ်ပြီ ဟုတ်ပြီ !! ဒါဆို သားငယ်လေးကို နိုးပြီး ဆင်းလာခဲ့နော် "
" ဟုတ်ကဲ့ ပါးပါး !! "
ခေတ် ပါးပါးဆင်းသွားသည်နှင့် ထကာ ရေမိုးချိုးလိုက်၏ ။
အခုဆို ခေတ်က 18 နှစ်ရှိပြီး ပထမနှစ်ပင် ရှိနေပြီ ။
ထွဋ်ထွဋ်ကတော့ 12 နှစ်ရှိနေပြီဖြစ်သည် ။ထွဋ်ထွဋ်ကလဲ ခေတ်ကို တွယ်တာသလို ခေတ်ကလဲ ထွဋ်ထွဋ်ကို သိပ်အလိုလိုက်သည် ။
အသက်ကသာ 12 နှစ်ဖြစ်တာ အရပ်ကဆို နောက်သုံးလေးနှစ်ဆိုရင်ပဲ ခေတ်ကို ကျော်တက်သွားတော့မှာ ။Daddy ရဲ့ အမွေတွေ အကုန်အပိုင်းစီးထားတဲ့ အဲ့ကောင်လေးက လူကောင်ကလဲ တအားထွားလွယ်၏ ။
ရေချိုးသန့်စင်ပြီးတာနဲ့ ထွဋ်ထွဋ်အခန်းကို သွားရသည် ။
" ထွဋ်ထွဋ်ရေ !! နိုးပြီလား "
" ကိုကိုရာ ~ သားအိပ်ဦးမယ် "
" ထွဋ်ထွဋ် မထဘူးလား !! ကိုကိုစိတ်ဆိုးတော့မယ်နော် !! "
" ဟာ!! ထပြီကိုကိုရာ ~ အမြဲတမ်း အဲ့တာနဲ့ပဲ အနိုင်ကျင့်နေတယ် ဟွန့် !! "
ခေတ်ခိုးရီလိုက်ကာ
" ဟေ့ဟေ့ !! အထဲကနေ တိုးတိုး တိုးတိုး ပြောမနေနဲ့ "
" မပြောပါဘူး "
" ကဲပါ !! ကိုကို နေ့လည်ကျရင် ကျောင်းလာကြိုပြီး sushi လိုက်ကျွေးမယ်လေ ! "
" ကိုကို တကယ်ပြောတာနော် "
" တကယ်ပါဗျာ "
အခန်းအတွင်းနဲ့ အပြင်ကနေ အော်ဟစ်နေကြတဲ့ သားနှစ်ယောက်ကိုကြည့်ကာ ထွဋ်ပါ ပြုံးနေမိတော့၏ ။
" မောင် ဘာလုပ်နေတာလဲ အောက်ဆင်းမယ်လေ "
" သားတို့ကိုကြည့်ပြီး သဘောကျလို့ပါကွာ "
" သြော်ကဲ ! မောင်ရယ် ဘယ်နှနှစ်တောင်ရှိနေပြီတုန်း အခုထိ ဒါကိုပဲ ပြောနေတော့တယ် "
" အချစ်ရယ် မောင့်သားတွေက အချစ်နဲ့တူတော့ မောင်ကချစ်တာပေါ့ကွ ! "
YOU ARE READING
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...