.
.
.
.
.
.
ထွဋ် မျှော်လင့်နေတဲ့အချိန်ရောက်ခဲ့ပြီ။ဒီအချိန်အတွက်လအများကြီးရင်ခုန်ခဲ့ရ၏။ သူ့ဘ၀ပြည့်စုံဖို့အတွက် နောက်ထပ် နာရီပိုင်းလေးပဲလိုတော့တာ။
ပထမဆုံးအနေနဲ့ပိုင်ဆိုင်ချင်ခဲ့မိတဲ့ အမျိုးသားလေး။
ထိုအမျိုးသားလေးရဲ့ ကောင်းခြင်းဆိုးခြင်းမှန်သမျှဟာ သူ့အတွက် ဆုလာဘ်တွေ။
သူ့ဘ၀ရဲ့ ကံကောင်ခြင်းတွေ။အချစ်ဆိုတာ ဘာမှန်းမသိနားမလည်တဲ့ သုညမှတ်ကနေ ထိုလူသားလေးကိုမြင်ခဲ့တဲ့ အချိန် 10 မိနစ်လောက်လေးက သူ့ဘ၀ရဲ့ အလင်းရောင်ကို လမ်းပြခဲ့တာ။
လွန်းကို ရေအရင်ချိုးခိုင်းပြီး သားသားကို ခေါ်ကာ တခြားအခန်းမှာ ရေမိုးချိုးပြီး သူတို့က အရင်ဆုံးပြင်ဆင်ရသည်။
ပြင်ဆင်ပြီးတာနဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ရာ သွားရတော့သည်။
Hote နဲ့ အနည်းငယ်လှမ်းတဲ့ ကမ်းစပ်နားက အိမ်လေးမှာ ဖန်တီးထားတဲ့ ပွဲဖြစ်တာကြောင့် ဧည့်သည်တွေ ၊ သီချင်းသံတွေနဲ့က လွဲရင် လူရှင်းနေသည်။
" Congratulation ပါ Mr.Htut "
" Congratulation ပါဗျာ.."
" ဂုဏ်ယူပါတယ် မောင်ထွဋ်ထိပ်ခေါင်မင်း..."
" ကျေးဇူးပါဗျာ...အခုလို ကျွန်တော့်ပွဲကို တက်ရောက်ပေးလို့ Mr. တို့ကိုကျေးဇူးတင်ပါတယ်.."
" ဟာ...မဟုတ်တာပါပဲ...ဖိတ်ကြားခံရတာကိုက ကျွန်တော်တို့က ဂုဏ်ယူရမှာပါ.."
" ဒါပေါ့ဗျာ...Mr. လို စီးပွားရေး ဘုရင်ကြီးရဲ့ပွဲပဲ လက်လွှတ်ခံလို့ဘယ်ဖြစ်ပါ့မလဲ.."
" ဟားဟား .... ဟုတ်ပါပြီဗျာ...ကဲ လွတ်လွတ်လပ်လပ်ပျော်ကြပါ...ခွင့်ပြုပါဦး.."
" ကောင်းပါပြီဗျာ.."
ဟန်ဆောင်အပြုံးဖြစ်ဖြစ် ၊ ရင်ထဲကလာတဲ့ အပြုံးဖြစ်ဖြစ် ထွဋ်အတွက် အရေးမကြီးတော့ပါ။ သူ့ဘက်က အရာရာကို လျစ်လျူရှုဖို့ ဆုံးဖြတ်ပြီးသား။
ဧည့်သည်တွေကို လိုက်ဧည့်ခံနေရင်း ခဏကြာတော့ အချိန်ရောက်ခါနီးနေပြီမလို့ ထွဋ် လျှောက်လှမ်း လမ်းဆုံးက

VOCÊ ESTÁ LENDO
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...