.
.
.
.
.
ကိုယ်၀န် 2 လ ...ထွဋ် မြန်မာနိုင်ငံပြန်ရောက်တာနဲ့ လွန်းကို ကုမ္ပဏီကနေ ထွက်ခိုင်းလိုက်သည်။ လွန်းဆန္ဒလဲ ပါလေသည်။
မဟာလေး ကိုယ်၀န်တုန်းက လွန်း ဂရုတစိုက် မစောင့်ရှောက်ပေးခဲ့ရဘူး ။ ကိုယ်၀န်ဆိပ်တက်တာတွေ ၊ ချဥ်ချင်းတက်တာတွေ ၊ စိတ်အလိုမကျတာတွေလဲ တစ်ယောက်ထဲဖြစ်တာကြောင့် ဘာကိုမှ အလေးမထားမိခဲ့ချေ။ သိပ်ပင်ပန်းခဲ့ရသည် ။ သို့ပေမယ့် ခွဲခန်းထဲကထွက်ပြီး အနားယူပြီးတာနဲ့ မဟာလေးကို သွားကြည့်လိုက်တဲ့အချိန်မှာ လွန်း ပင်ပန်းခဲ့သမျှအရာတွေက မြူမှုန်သာသာပင် ။
အခု ဒုတိယကိုယ်၀န်မှာတော့ ပင်ပန်းတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုပင် ပြန်ပြီးရှာရတော့မလို ။
" လွန်းရေ .... "
" ဟင် !! ... မောင် ပြန်လာပြီလား ဒီနေ့စောတယ်နော် "
" မဟုတ်ပါဘူးကွာ ... ဒီနေ့ project အတွက် Japan က ဧည့်သည်တွေလာတာ အဲ့တာ သူတို့ကို နေ့လည်စာလိုက်ကျွေးပြီးတာနဲ့ အလုပ်မရှိတော့လို့ ပြန်လာတာပါ "
Ceo ရုံးခန်း စားပွဲပေါ်က files တွေကတော့ ထွဋ်ကို ပြောင်ပြနေတော့မည်။
" ဟွန့် .... ပြီးတာပဲ "
" ဟောဗျာ ... အသက်ရယ် ကျွန်တော်မျိုးက တကယ်ပြောတာပါဗျာ ... ရွှေစိတ်တော်မညိုးပါနဲ့လား "
" ဟာ မောင် !!! သွား ... သွား ရေသွားချိုးတော့ ပြီးရင် သားကို ကျောင်းသွားကြိုမယ် "
" ဟုတ်ပါပြီဗျာ ... "
" ဟွန့် !! "
" ဟား ဟား ဟား "
လွန်း နဖူးလေးကို တစ်ချက်နမ်းကာ ရေချိုးရန် သွားလိုက်တော့သည်။
ထွဋ် ဒီလတွေမှာ သိပ်ပျော်နေတာဖြစ်သည်။
ဟာ၀ိုင်အီက ပြန်လာထဲက လွန်းက စိတ်ဆက်လာသည် ။ တစ်ခါတစ်ခါဆို အကြောင်းပြချက်မရှိပဲကို စိတ်ဆိုးတတ်လာသည် ။ အရင်ကထက်လဲ ချွဲလာသည် ။ဒါတွေကို ထွဋ်စိတ်ဆိုးသလားဆိုတော့ No ပါ ။ ပိုသဘောကျတာပေါ့ ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်အပေါ် အားကိုးတာတွေ သဘောမကျတဲ့သူ ဘယ်မှာရှိလို့လဲ ။

YOU ARE READING
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...