.
.
.
.
.
In airport....နာရီအတော်ကြာ လေယာဥ်စီးပြီးနောက်မှာတော့ ရည်ရွယ်ရာဆီသို့ ဆိုက်ရောက်ခဲ့ပြီ။ ဟာ၀ိုင်အီလေဆိပ်ရောက်တော့ ထိုနိုင်ငံရဲ့ အချိန်အရ နံနက်ခင်း 6 နာရီကျော်မျှသာရှိပေဦးမည်။
လေယာဥ်ပေါ်ကဆင်းတော့ မောင်က သားကိုချီကာ လွန်းလက်ကိုဆွဲထားသည်။ Luggage တွေကိုတော့ ဇွဲမာန်တို့က သယ်လာပေးသည်။
ထို့နောက် လာကြိုသည့်ကားနှင့်သာ နားရမည့် resort ဆီကိုထွက်လာခဲ့ကြသည်။
Justin ရဲ့ စီစဥ်မှုအောက်က ကားတွေပင်။ကားငါးစီးကိုမှ Justin နဲ့ Ren က အရှေ့ကား ၊ ထွဋ် တို့သားအဖတွေက အလယ်ကား ၊ ဇွဲမာန်နဲ့ သွန်းခကတော့ အနောက်ကားမှာ စီးသည်။
အကုန်လုံးကားပေါ်ရောက်မှ အရှေ့ဆုံးမှာတစ်စီးနှင့် အနောက်ဆုံးမှာ တစ်စီး ၀န်းရံကာ ကားငါးစီးက Justin ရဲ့ resort ဆီသို့ ဦးတည်လိုက်တော့သည်။
Hotel ရောက်တော့ ကြည့်မိတဲ့ပုံအရ အနိမ့်ဆုံးစျေးအရဆိုရင်တောင် ဒေါ်လာကို ထောင်ချီကျမယ့်ပုံရှိသည်။ မောင်ပြောပုံအရတော့ ဒါက Justin ရဲ့ အပိုင်ဆိုပဲ။ ဒီကောင်လေးလဲ အသက်ငယ်ငယ်နဲ့ သိပ်ထက်မြက်တာပဲ။
Hotel ထဲ၀င်လိုက်တာနဲ့ သူတို့ 6 ယောက်ကို လိုက်ကြည့်သူတွေက မနည်းမနော။ အထူးသဖြင့် သားကိုပွေ့ထားပြီး လွန်းလက်ကိုတွဲထားတဲ့ ထွဋ်တို့သည် လူတွေတော်တော်သတိထားမိသည့် အတွဖြစ်နေသည်။
U.S လို ပွင့်လင်းမြင်သာမှုရှိတဲ့နိုင်ငံကတော့ ယောက်ျားလေးနှစ်ဦး လက်တွဲထားတယ်ဆိုတာ သူတို့အတွက် ထူးခြားမှုသိပ်မရှိကြချေ။
Justin တို့ကိုမြင်တာနဲ့ မန်နေဂျာဖြစ်သူက အပြေးအလွှားလာရောက်ကြိုဆိုကြသည်။
ထို့နောက် Justin နှင့် စကားပြောဆိုကြကာ လွန်းတို့အတွက် စီစဥ်ထားပုံရသည့်နေရာကို လိုက်ပို့ကြလေသည်။လွန်းတို့တည်းမယ့်ဘန်ဂလိုနေရာကို ကြည့်မိတော့ တော်တော်ကိုသဘောကျမိသွားသည်။
တံခါးကနေ၀င်၀င်ခြင်း မြင်ရသည်က နှစ်ယောက်အိပ်မွေ့ယာဖြစ်သည်။ တစ်ဖက်တွင်အခန်းတစ်ခုရှိထားပြီး ကလေးနေဖို့အခန်းလေးဖြစ်သည်။

STAI LEGGENDO
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Storie d'amoreလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...