At Htut Group....
CEO ရုံးခန်းအတွင်း၌...
ထွဋ် ဒီညအတွက် စိတ်လှုပ်ရှားနေမိသည်။
ထို့နောက် လွန်းအား...
" လွန်း "
" ဗျာ မောင် "
" ညနေကြရင် အိမ်ကို လွန်းပဲ အရင်ပြန်နှင့်လိုက်နော်၊ မောင် ဇွဲမာန်ကို လိုက်ပို့ခိုင်းလိုက်မယ် "
" မောင်က ဘယ်သွားမလို့လဲ "
" ဘယ်မှ မဟုတ်ပါဘူး။ ကိစ္စလေးတစ်ခုရှိနေသေးလို့ပါ "
" ဟုတ်၊ ရတယ်လေ မောင်၊ ဒါဆို လွန်း သားကို ကြိုပြီး ပြန်နှင့်လိုက်မယ် "
" အင်း အင်း "
ထို့သို့နှင့် အလုပ်ဆက်လုပ်နေလိုက်ကြသည်။
ညနေရုံးဆင်းတော့ ဇွဲမာန်က လွန်းကို လာခေါ်ကာ သားကို ကြိုပြီး အိမ်ပြန်နေစဥ် ဇွဲမာန်က စကားစလာသည်။
" အစ်ကိုလွန်း...ညကျရင်လေ ကိုကိုက ကျွန်တော့်ကို မုန့်လာပို့မယ်တဲ့ အဲ့တာ မဟာလေးကိုပါ ခေါ်လာခိုင်းတာ ဒါကြောင့် ဒီည မဟာလေးကို ကျွန်တော်နဲ့ အိပ်ခိုင်းလို့ရမလား "
" အာ..အားနာစရာကြီး၊ ဖြစ်ပါ့မလား "
" ဖြစ်ပါတယ် အစ်ကိုလွန်းရဲ့.."
" သားကရော ဦးဦးတို့နဲ့ လိုက်သွားချင်ရဲ့လား "
" ဟုတ်ဟုတ်..သားသားလိုက်သွားမယ် "
" အင်းပါ..ဒါဆိုလဲ 6 နာရီလောက်ကျရင် အစ်ကိုလာပို့လိုက်မယ်လေ "
" ဟုတ်ကဲ့ အစ်ကိုလွန်း.."
အိမ်ပြန်ရောက်တော့ လွန်း သားကို ရေတစ်ခွက်အရင်သောက်ခိုင်းကာ ပြီးမှ ရေချိုးပေးလိုက်သည်။
ပြီးနောက် လွန်းလဲ ရေမိုးချိုးလိုက်ပြီး ပေါ့ပေါ့ပါးပါးနဲ့ T-shirt oversize အဖြူရောင်ကို မျှော့ကြိုးပါတဲ့ ဘောင်းဘီ အမဲရောင်နသာ၀တ်လိုက်သည်။
ထို့နောက် ညနေစာအတွက် ချက်ပြုတ်နေလိုက်သည်။Accident ဖြစ်ပြီးထဲက မောင်က လွန်းနဲ့သားကို မောင့်အိမ်မှာသာ လိုက်နေစေသည်။
မောင့်အိမ်က အကြီးကြီးဖြစ်ပေမယ့် မောင်ရယ်၊
ခြံစောင့်ဦးလေးတို့ လင်မယားရယ်သာရှိသည်။
![](https://img.wattpad.com/cover/287742020-288-k753243.jpg)
أنت تقرأ
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
عاطفيةလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...