" ဟင် သားသားလေး"
ထွဋ်ဆီက အသံထွက်လာသည်။သားကလဲ
"ဟာ.. ဟို ဦးဦးပဲ"
"ဟင် boss နဲ့ သားက သိနေကြတာလား"
လွန်း boss ကိုတလှည့် သားကိုတလှည့်ကြည့်ရင်း မေးလိုက်သည်။
"အာ..ဟိုတစ်ခါ လေဆိပ်မှာ ဒီကလေးကို ကိုယ်သူ့ပါးပါးပျောက်လို့ဆိုပြီး ရှာပေးဖူးတယ်"
"လေဆိပ်မှာ....ဒါဆို အဲ့တုန်းက သားကို ပြန်ရှာပေးတာ boss ပေါ့....ကျေးဇူးတင်ပါတယ် boss ရယ် အဲ့တုန်းကသာ boss မကူညီရင် ကျွန်တော် သားနဲ့ ပြန်တွေ့ဖို့ မတွေ့ဖို့မသေချာဘူး ကျေးဇူးအများကြီးတင်ပါတယ် bossရယ်.."
"ရပါတယ် ကိုယ်လဲ ကြုံတုန်းမို့ ကူညီခွင့်ရလိုက်တာပါ..ဒါကြောင့် ကိုယ်မင်းနာမည် စကြားတုန်းက ကြားဖူးတယ်နဲ့တွေးနေတာ သားသားလေးက မင်းနာမည်ပြောပြီး ကိုယ့်ကိုရှားပေးခိုင်းတာ အလည်လေးပါကွာ..ဒါနဲ့ သားသားနာမည်က ခေတ်လွန်းမဟာနော်.."
boss ကလွန်းကိုကြည့်ရင်း မေးလာသည်။
"ဟုတ်တယ် boss ရဲ့ သားလေးကို နာမည်ရွေးတုန်းက အမျိုးမျိုးစဥ်းစားလိုက်တာ နောက်ဆုံး လွန်းနာမည်နဲ့တူတူ အလွယ်ပဲ မှည့်လိုက်တာ.. မဟာလေး boss ကို ကျေးဇူးပါလို့ ပြောလိုက်ဦးလေ"
လွန်း မဟာလေးဘက် လှည့်ပြီး ကျေးဇူးတင်စကားပြောခိုင်းလိုက်သည်။
"ဦးဦး ကျေးဇူးပါဗျ.. "
"ရပါတယ်ကွာ...ဦးနာမည်က ထွဋ်ထိပ်ခေါင်မင်းတဲ့ မှတ်ထား ဦးကို ဦးထွဋ်လို့ ခေါ်လဲရတယ်နော်"
ဦးထွဋ်တဲ့လား boss ရယ်။ သူ့ကိုဘေးနားမှာ ရှိသေးတယ်ဆိုတာ မေ့နေသလား မသိ။ ဇွဲမာန် မြင်ပြင်းကပ်လာလေသည်။ သူ့အဖေလိုချင် သူ့သားနားကပ်ပေါ့..ဟားဟား...။
"ခွီး.."
စိတ်ထဲ တွေးနေရင်း အပြင်ထွက်ရယ်မိတော့ boss ရဲ့ နဂါးမျက်စောင်းက ဇွဲမာန်အပေါ်ကျလာလေသည်။ ခပ်တည်တည်နဲ့ မသိသလိုနေရင်း မဟာလေးဘက်လှည့်ကာ မိတ်ဆက်လိုက်သည်။
"သားသားနာမည်က ခေတ်လွန်းမဟာနော်..ဦးဦးနာမည်က ဇွဲမာန်ပါ"

ESTÁS LEYENDO
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...