.
.
.
.
.ထွဋ်မဟာမင်း တစ်ယောက် ဒီနေ့ ကိုကိုလာကြိုမယ်ဆိုတာကြောင့် ပျော်ပြီး ကျောင်းတံခါးသို့ ထွက်လာစဥ် အမြဲလိုလို ရန်လာစတတ်သည့် ' သရမြတ်ခေါင် ' ၏ ဒီနေ့ရန်စမှုကိုပင် မကြားချင်ယောင်ဆောင်နေလိုက်သည် ။
ထိုအခါ ဟိုခွေးကောင်က ကိုကိုနဲ့ ပတ်သက်ပြီး လာပြောတာကြောင့် ထွဋ်ထွဋ်သည်းမခံနိုင်စွာ ထိုကောင်ကိုလှမ်းထိုးပြစ်လိုက်သည် ။
ငယ်စဥ်ထဲက ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး အထူးအလေးထားတတ်သည့် ထွဋ်ထွဋ်ကို ထိုကောင်က မနိုင်ပေမယ့် အများနှင့်တစ်ယောက်ဖြစ်တာကြောင့် အနည်းနှင့်အများတော့ ခံနေရသည် ။
ဟိုကောင်တွေကို တွန်းထုတ်ရင်း သရမြတ်ခေါင်ါပေါ် တက်ခွကာ ' မင်းက ငါ့ကိုကို ကို ပြောဖို့ဘာအခွင့်အရေးရှိလို့လဲ ' ဟု ထပ်တလဲလဲ ရေရွတ်ရင်း ထိုးကြိတ်ပြစ်နေသည် ။
ခေတ်ဒီနေ့ ကားလမ်းပိတ်တာနှင့် ထွဋ်ထွဋ် ကျောင်းရောက်တော့ လူပင် သိပ်မရှိတော့ ။
ထွဋ်ထွဋ်ကလဲ မထွက်လာသေးတာကြောင့် ကျောင်း၀န်းထဲ ၀င်လိုက်စဥ် မြင်လိုက်ရသည်က ထွဋ်ထွဋ်က တခြားကျောင်းသားလေးအပေါ်ကနေ တက်ခွကာ ထိုးကြိတ်နေခြင်း ။
" ထွဋ်ထွဋ် .. ရပ်စမ်း !! ထွဋ်မဟာမင်း !! "
ထွဋ် ဟိုခွေးကောင်ကို ချနေတုန်း ကိုကို့အသံကြောင့် လန့်သွားရသည် ။
ကိုကို သူ့ကိုလာကြိုမယ်ဆိုတာ သူမေ့သွားသည် ။
ထိုစဥ် ကျောင်းအုပ်ကလဲ ဘယ်ကနေ ဘယ်လိုရောက်လာမှန်း မသိ ။
ထို့ကြောင့် အကုန်လုံး ရုံးခန်းသို့ ရောက်သွားရသည် ။
ကျောင်းရုံးခန်း၌ ..
ဒုန်း *
" မင်းတို့ ဒါဘယ်လိုဖြစ်တာလဲ ဟမ် !! လူလေးတွေက လက်တောင့်လောက်လေးတွေရှိသေးတယ် ထိုးကြ ကြိတ်ကြနဲ့ !! ဒါလား နောင်တစ်ချိန်ကျရင် ဖြစ်လာမယ့် လူတော်လူကောင်း .. !! "
ဆရာကြီးစကားမဆုံးခင် ရုံးခန်းတံခါးကို တွန်းကာ ၀င်လာတဲ့ အရွယ်တင်ပုံရသည့် အမျိုးသမီးကြီးတစ်ဦးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အပြင် အနောက်မှာလဲ နောက်ထပ် ခပ်လတ်လတ်အရွယ် စုံတွဲ သုံးလေးတွဲပါ ကပ်လျက်ပါလာသည် ။

CZYTASZ
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romansလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...