Ren အိပ်နေရင်း ကျောပူလာတာကြောင့် ဆက်မအိပ်နိုင်တော့ဘဲ ထရန်ပြင်လိုက်သည်။ သို့သော် မိမိအပေါ်မှာရှိတဲ့ တင်းတင်းကျပ်ကျပ် အထိအတွေ့ကြောင့် ထမရဘဲဖြစ်နေသည်။ ထိုကြောင့် ဘေးဘက်ကိုအလှည့် မြင်လိုက်ရသည်က bathrobe ကိုဝတ်ဆင်ထားပြီး ဟပြဲဖြစ်နေတဲ့နေရာက မြင်လိုက်ရတဲ့ ခပ်ကျယ်ကျယ်ရင်အုပ်အပြင် လည်ပင်းနားမှာရှိတဲ့ လခြမ်းပုံ tattoo ကိုပါ မြင်လိုက်ရသည်။ အလန့်တကြားမော့ကြည့်မိတော့ အမျိုးသားတစ်ယောက်၏ ခပ်ချောချောမျက်နှာတစ်ခုကိုပါ တွဲရက်တွေ့လိုက်ရသည်။
ကိုယ့်ကိုယ်ကို ငုံကြည့်မိတော့ bathrobe သာဝတ်ထားလေသည်။
ဟင်!!!
*ဘာတွေလဲ ငါဘာတွေလုပ်မိထားတာလဲ မဟုတ်ဘူးမလား ငါကလေ ယောက်ျားလေးတစ်ယောက်နဲ့လေ မဟုတ်ဘူးမလား မဖြစ်နိုင်တာ*
ယောက်ယက်ခတ်လာတဲ့ အတွေးတွေကြောင့် အိပ်ရာပေါ်မှအထ ခါးရိုးတစ်လျှောက် မခံမရပ်နိုင်အောင် နာကျင်လာမှုကြောင့် အသံထွက်အော်မိရုံမက မျက်ရည်ပါဝဲလာသည်။
"အား..အင့်ဟင့်..ဟင့်!""ဟင်! baby ဘာဖြစ်တာလဲ ဘာလို့ ငိုနေတာလဲကွာ "
"ဘာ..ဘာမှ မဖြစ်ဘူး"
အထစ်ထစ်အငေါ့ငေါ့နဲ့ ထွက်လာတဲ့စကားသံကြောင့် Justin တစ်စုံတစ်ခုကို နားလည်လိုက်သည်။
"ကိုယ်မနေ့ကတော့ သေချာသန့်ရှင်းပေးထားပါတယ် တအားနာနေသေးတာလား ကိုယ်ဆရာဝန်ခေါ်ပေးရမလား Baby!"
"ဟင့်အင်း! မလိုဘူးမခေါ်နဲ့ မင်းဖယ်တော့ ငါသွားတော့မယ်"
"ဟ ဒီလိုသွားလိုက်လို့ရမလား မနေ့က ကိုယ်တို့နှစ်ယောက်..."
"တိတ်စမ်း! မင်းပါးစပ်ပိတ်ထား"
ရုတ်တရက် ထအော်တဲ့သူ့ baby ကြောင့် Justin အသံတိတ်သွားရသည်။ အလိုလို! လူကသေးသလောက် အသံကကျယ်လိုက်တာ အဟက် ချစ်စရာလေး။
"မင်းရောငါရော ယောက်ျားလေးတွေပဲ ဘာမျထေူးပြီး ဖြစ်သွားမှာ မဟုတ်ဘူး မေ့ပြစ်လိုက်ဒီကိစ္စကို "
"ဘာ! ဘယ်လိုပြောလိုက်တယ် ဘာကိစ္စမေ့ရမှာလဲ ခင်ဗျားကျွန်တော့်ကို တာဝန်ယူရမယ် Ren!"

ESTÁS LEYENDO
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...