ဟင် Boss!
*ဘယ်ကဘယ်လို boss က ငါနဲ့..*
လွန်း ဦးနှောက်ကို အမြန်အလုပ်ပေးမိတော့..မနေ့ညက လွန်း ဆေးခပ်ခံလိုက်ရသည်ထင်သည်။ ပြီးတော့ boss နှင့်..ညည်းညူသံတွေ။ ဘုရားရေ ငါဘာတွေ လုပ်မိလိုက်တာလဲ..။
ထွဋ် အစောထဲကနိုးနေခြင်းဖြစ်ပြီး ရင်ထဲက အကောင်ပေါက်ကို ကြည့်နေမိသည်။ ချစ်ရသူနဲ့အတူ နိုးထရတဲ့ နံနက်ခင်းက ဒီလောက် ပျော်စရာကောင်းမှန်း ထွဋ်မသိခဲ့တာ အမှန်ပင်။ ထွဋ်နိုးပြီး မကြာခင် လှုပ်စိလှုပ်စိနှင့် အကောင်ပေါက် နိုးလာပြီး ထွဋ်ကိုမြင်တော့ အလန့်တကြားဖြစ်သွားပုံက ချစ်စရာအတိ။
လွန်း ကြောင်ကြည့်နေရင်းမှ ရုတ်တရက် ထထိုင်လိုက်သောအခါ ကျောရိုးတစ်လျှောက် နာကျင်မှုက ဘာနဲ့မှ နှိုင်းပြစရာမရှိ။
"အာ့!"
"လွန်း ဘာဖြစ်တာလဲဟင်၊ သက်သာရဲ့လား အရမ်းနာနေလား၊ ကိုယ်တောင်းပန်ပါတယ်ကွာ၊ မနေ့ညက ကိုယ်စိတ်မထိန်းနိုင်ခဲ့လိုက်ဘူး "
လွန်းအော်သံကြောင့် ထွဋ် ထိပ်ထိပ်ပြာပြာဖြစ်သွားရသည်။
"ဟို..boss ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး..ပြီးတော့ ဒီကိစ္စ boss စိတ်ထဲမထားပါနဲ့..ကျွန်တော်တို့က ယောက်ျားလေးတွေပဲ ထူးပြီးနစ်နာသွားတာ မရှိပါဘူး၊ကျွန်တော်တို့ မေ့ပြစ်လိုက်ကြတာပေါ့"
"ဘယ်လိုပြောလိုက်တယ် လွန်း..ကိုယ် ဒီကိစ္စကို မေ့ပြစ်လိုက်ရမယ် ဟုတ်လား၊ ဘာကြောင့်လဲ တကယ်ဆို ကိုယ်ကိုယ်တိုင်စိတ်ပါလို့ ဖြစ်ခဲ့တာ ဘာကြောင့် ကိုယ်က ဘာမှမဖြစ်ခဲ့သလို ကျော်သွားရမှာလဲ၊ ကိုယ်မင်းကို လက်ထပ်မှာ လွန်း"
Boss စကားကြောင့် လွန်းအံ့အားသင့်ရသည်။
"ကျွန်တော် လက်မခံနိုင်ဘူး boss၊ ကျွန်တော်က ကလေးအဖေပါ ကုမ္ပဏီ သူဌေးကို အပိုင်ချိုင်တယ်ဆိုတဲ့ စကားမျိုးတွေလဲ ကျွန်တော် မခံနိုင်ဘူး၊ ပြီးတော့ မနေ့က ကိစ္စက ကျွန်တော့်ကြောင့်ဖြစ်ရတာ အဲ့ဒါကြောင့်..."
"ကိုယ်မင်းကို ချစ်တယ်လွန်း!... ဒါကြောင့် မင်းဘာပဲဖြစ်နေဖြစ်နေ ကိုယ်ချစ်မှာ မင်းရဲ့သားကိုလဲ ကိုယ် ကိုယ့်သားအရင်းတစ်ယောက်လို ချစ်ပေးနိုင်တယ်..မင်းက ကိုယ်ချစ်နေတဲ့လူဖြစ်လို့ မင်းနဲ့ ပက်သတ်တဲ့အရာရာကို ကိုယ်လက်ခံနိုင်တယ်..အဓိကက မင်းဖြစ်နေလို့ကို ကိုယ်ချစ်တာ.."

ŞİMDİ OKUDUĞUN
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romantizmလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...