.
.
.
.
.ဇွဲမာန် တစ်ယောက် သူ့အရှေ့က ဆရာ၀န်လေးကို ဆွဲဆောင့်ပြစ်ချင်လာပြီ ။
တကယ် တကယ် .. အမြဲလိုလို လက်ထပ်ဖို့အကြောင်းပြောတိုင်း စကားရှောင်ပြေးလွန်းလို့ အမြဲ ဆွဲထားနေရတယ် ။မရတော့ဘူး ။ ဒီတစ်ခါတော့ မရ ,ရအောင် ပြောမှ ရတော့မယ် ။ Boss တောင် စုဗူးကြီးရနေပြီရယ် ။ ဒီဆရာ၀န်လေးကတော့ အခုထိ အင်းမလုပ် အဲမလုပ်နဲ့ ။
" ကိုကို .. မောင်တို့ လက်ထပ်ရအောင်လေကွာ .. နော် "
" မမြန်လွန်းဘူးလား မောင်ရဲ့ .. "
" ဟာ .. ကိုကိုကလဲ .. "
မျက်လွှာချပြီး ချွဲလာပြန်သည် ။
အားးးးး ဒီကောင်လေးကတော့ သွန်းခကို ဘယ်လိုခြွေရမလဲဆိုတာ ကောင်းကောင်းကြီး သိနေတော့တာပဲ ။" ကဲပါ ... ဟုတ်ပါပြီ လက်ထပ်ကြမယ်နော် .. "
" အင်းပါ .. ဟမ် !! တကယ် .. တကယ်ပြောတာလား ကိုကို .. Yapp!!!! ပျော်လိုက်တာ "
ဇွဲမာန် ကိုကို့ကို လက်ထပ်ခွင့်တောင်းတာ ဒီတစ်ခါအပါဆိုရင် 52 ကြိမ်မြောက်ပြီ ။
အခုတော့ 52 ကြိမ်မြောက်ကြိုးစားခြင်းက အောင်မြင်ခဲ့ပြီ ။တကယ်ပါ သူ မွေးဖွားလာထဲက ပျော်ရွှင်မှုဆိုတာ ဒီလူသားလေးနဲ့မှ ဖြစ်တည်လာခဲ့တာ ။
သူ့ဘ၀ရဲ့ အလင်းရောင် ဒေါက်တာလေး ။**********
**********ကိုယ်၀န် 6 လ ....
ကိုယ်၀န်က လရင့်လာတာနဲ့ အမျှ လွန်းရဲ့ ပုံစံလေးက ပိုပြောင်းလဲလာတော့သည်။
အရင်က ပိန်ပိန်ပါးပါးလေးက အခုဆို ၀က်ပုတ်လေး ဖြစ်လာသည်။ပိုပြီးတော့လဲ စိတ်ဆက်လာသေးတယ်။ တစ်ခါတစ်ခါများ အလိုမကျရင် မျက်လွှာလေးချပြီး ချောင်ကျတဲ့နေရာမှာ သွားထိုင်နေတော့တာ။ အဲ့အချိန်ကျ အချော့သမားက ထွဋ် ။ တစ်ခါတစ်ခါဆို မဟာလေးနဲ့တောင် အပြိုင်ကောက်သေးတာ ။
အခုလဲ Hotpot စားချင်တယ်ဆိုလို့ အိမ်မှာလုပ်ကျွေးမယ်ဆိုတော့ မဟုတ်ဘူးတဲ့ ။
ဆိုင်မှာ သွားထိုင်ရမှ ။
ဗိုက်ကြောင့် စိတ်မချလို့ မသွားပါနဲ့ဆိုတော့လဲ သူ့ဗိုက်ကြောင့် ရှက်နေတာလားဆိုပြီး ကောက်ပြန်ရော ။

ESTÁS LEYENDO
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...