အခုက မောင်နဲ့လွန်း Date ဖို့အတွက် ပန်းခြံထဲရောက်နေကြသည်။
လွန်းတို့ date တာက တစ်ခြားသူတွေလို hotel မှာ dinner သွားစား၊ တန်ဖိုးကြီးပစ္စည်းတွေ၀ယ်ပေး၊ အဲ့လိုမျိုးတွေမရှိ။ ပန်းခြံလေးတစ်ခုမှာ အေးဆေးထိုင်သည်။ Dinner ချိန်ကျရင် ညစျေးတန်းကိုသွားကာ လမ်းဘေးစျေးဆိုင်လေးမှာ သွားစားသည်။
ဒါက လွန်းနဲ့မောင်ရဲ့ ပုံမှန် date ဖြစ်တဲ့ပုံစံမျိုး။ပထမဆုံးတစ်ခါ မောင်နဲ့ date ဖြစ်တုန်းက မောင်က resturant တစ်ခုမှာ dinner ကျွေးသေးသည်။
နောက်တစ်နေ့ရောက်တော့ လွန်းစိတ်ကောက်ပြီး စကားမပြောဖြစ်တော့။
အဲ့ချိန်ထဲက မောင်နဲ့ date ဖြစ်တိုင်း မောင်က လွန်းသဘော အတိုင်းသာနေပေးသည်။
မောင်က လွန်းအတွက်ဆို သူကိုယ်တိုင်က Top 1 စီးပွားရေးလုပ်ငန်းရှင်ဆိုတာလဲ မေ့ထားပေးသည်အထိ။အခုမောင်နဲ့လွန်း သားကျောင်းနဲ့ နီးတဲ့ ပန်းခြံတစ်ခုထဲ ရောက်နေကြသည်။ လွန်းမောင့်ကို ဖွင့်ပြောပြမှ ဖြစ်တော့မည်။ လွန်းကြောင့် သားလေးကို ထိခိုက်မယ့်အဖြစ်မျိုး လွန်းလက်မခံနိုင်ချေ။
ပန်းခြံထဲကထိုင်ခုံလေးမှာ ထိုင်လိုက်ပြီး.." မောင်..လွန်းမောင့်ကိုပြောပြစရာရှိတယ် "
"အင်း ပြောလေ လွန်းရဲ့ မောင်နားထောင်နေတယ် "
လွန်းပြောမယ့် အကြောင်းရာကို သိရင် မောင်အခုလို အလေးနက်ထားပါဦးမလား မောင်ရယ်။"သားလေးနဲ့ ပက်သက်တဲ့ကိစ္စပါ မောင် "
"သြော်..မဟာလေးကိစ္စလား အင်း ပြောလေ "
"တကယ်တော့ သားလေးရဲ့ အဖေက ဦး..ဦးစစ်နောင်ပါ "
လွန်းက သန်မာပါတယ်မောင်။ ဒါပေမယ့် မောင်နဲ့သားလေးနဲ့ ပက်သက်လာရင် လွန်းအလိုလို အားပျော့သွားတတ်တယ်။
" ဘယ်..ဘယ်လို လွန်း.. ဦးစစ်နောင်ဟုတ်လား။ မောင့်ကိုအသေအချာပြောပြစမ်းပါ။ ဘယ်လိုကနေ ဘယ်လို လွန်းနဲ့ ဦးစစ်နောင်က.."
ထွဋ် ထင်ခဲ့ပြီးသားဆိုပေမယ့်၊ ချက်ချင်းကြီး ကြားလိုက်ရတော့ တုန်လှုပ်မိသွားတာ အမှန်ပင်။
" လွန်းပြောပြပါ့မယ်။
လွန်းက ဆယ်တန်းကို နယ်ကဂေဟာကနေ အောင်ခဲ့တာ၊ တက္ကသိုလ်ဆက်တက်ဖို့ လွန်းဒီကို လာခဲ့တာ။ လွန်းတက္ကသိုလ်ဆက်တက်ဖို့အတွက် အလုပ်ရှာရင်းနဲ့ နောက်ဆုံး ဦးစစ်နောင်တို့အိမ်မှာ
အိမ်အကူလုပ်ဖို့ အလုပ်ရခဲ့တယ်။ ဦးစစ်နောင် မိဘတွေက လွန်းကို အလုပ်၊ နေစရာ၊ စားစရာ၊ နောက်ဆုံး ကျောင်းဆက်တက်ဖို့အထိ လုပ်ပေးခဲ့တာ။ လွန်းရဲ့ ကျေးဇူးရှင်တွေဆိုလဲ မမှားဘူးပေါ့။ လွန်း အဲ့ဒီအိမ်မှာပဲ အလုပ်လုပ်ရင်း ကျောင်းဆက်တက်ခဲ့တယ်။ ဒါပေမယ့် လွန်းကျောင်းနောက်ဆုံး စာမေးပွဲဖြေခါနီးမှာ...."
![](https://img.wattpad.com/cover/287742020-288-k753243.jpg)
YOU ARE READING
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romanceလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...