Episode - 17

23.7K 1.1K 40
                                        

အရင်တစ်ခါက ညစာစားပွဲမှာ ထွဋ်နဲ့ ပြသနာဖြစ်ခဲ့တဲ့ Five Group လဲ အရင်ပတ်ကပင် company ရဲ့ share စျေးတွေထိုးကျကာ ဒေ၀ါလီခံသွားရပြီ။ အဓိက တံရားခံကတော့ ထွဋ်ထိပ်ခေါင်မင်းဆိုတာ သိကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ နှုတ်ဖွင့်ဖို့ မပြင်ရဲကြ။
မဟုတ်ပါက Five Group နေရာမှာ သူတို့ company နာမည်တွေ တက်လာနိုင်သည် မဟုတ်ပါလော။

အဲ့ဒီနောက်ပိုင်းမှာတော့ လွန်းခေတ်လျှံဆိုတဲ့ ဘာမဟုတ်တဲ့ကောင်လေးကို ဘယ်သူမှ ထိဖို့မဆိုထားနှင့် မျက်လုံးနှင့်တောင် စောင်းကြည့်ဖို့ မရဲကြတော့ချေ။

ထွဋ်နှင့် လွန်းပင် ချစ်သူဖြစ်လာတာ 1 နှစ်နီးပါး ရှိချေတော့မည်။ လွန်းတစ်ဘ၀လုံးကို ပိုင်ဆိုင်ချင်သည်။ 1 နှစ်ပြည့်တဲ့ နေ့ကျရင်တော့ လွန်းကို အပိုင်သိမ်းဖို့ ကြိုးစားရတော့မည်။

°°°°°°°°°°°
°°°°°°°°°°°

ဘာလိုလိုနဲ့ Ren မြန်မာနိုင်ငံရောက်တာပင်
1 လ ခန့်ရှိတော့မည်။
တစ်ရက်တစ်ရက် လည်လိုက်ပတ်လိုက် bar သွား club တက်ဖြင့်သာ အချိန်ကုန်နေသည်။
အလုပ်ကိစ္စနဲ့ပတ်သက်ပြီးလဲ boss က ဘာမှ ထပ်မပြောတော့ Ren တစ်ယောက် သာယာနေပြီ။

အချိန်အားဖြင့် ည 6 နာရီခန့် Ren တစ်နေကုန်လည်ပတ်နေရသဖြင့် ပင်ပန်းလွန်းနေပြီဖြစ်တာကြောင့် အိမ်ပြန်ကာ အနားယူရန်ကြံတော့သည်။

ထိုစဥ် ဟိုလူဆိုးကောင်ဆီမှ ဖုန်းလာတာကြောင့် ကိုင်လိုက်တော့..

" Hello "

"

" ​အခုပြောလေ "

" အင်းအင်း ရတယ် ငါလာခဲ့မယ် ဒါနဲ့ ဒီရက်ပိုင်း မင်းကို မတွေ့မိဘူးပဲ "

"

" ဘာ.. ရူး ရူးနေလို့လား "

"

" မင်း မင်းနော်.. တော်ပြီ ပြောစရာမရှိတော့ရင် ငါဖုန်းချပြီ ဟွန့် "

ထို လူဆိုးကောင်နဲ့ မတွေ့ရတာ သုံးရက်လောက်ရှိနေပြီ။ အဖြေကို စဥ်းစားပေးမယ် ပြောပြီးထဲက လူအနားကနေ တစ်စက်မှ မခွာ တစ်ကောက်ကောက်လိုက်နေတော့သည်။ သူ့ကိုယ်သူ Mr.Dark ဆိုတာများမေ့နေသလားပဲ။

မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Donde viven las historias. Descúbrelo ahora