At international airport,
"Hey! Ren"
လေယာဥ်ပေါ်ကနေဆင်းလာတဲ့ Ren ကို မြင်လိုက်သဖြင့် ဇွဲမာန် လှမ်းခေါ်လိုက်ခြင်းပင်။
(Ren ကိုသိတယ်မလား ထွဋ်အစား ဂိုဏ်းကိုကိုင်တွယ်ပေးနေတဲ့တစ်ယောက်ပါနော်)
ဒီနေ့ Ren US က လာမှာဖြစ်လို့ ဇွဲမာန်က လာကြိုရခြင်းဖြစ်သည်။Ren ကလဲ ဇွဲမာန်ကို ၀မ်းမြောက်စွာ ပြေးဖက်လာသည်။ Ren နဲ့ သူက US မှာထဲက ညီအစ်ကိုရင်း ပမာနေကြတဲ့သူတွေ။
"Hello ဇွဲမာန် မတွေ့ရတာကြာပြီ ငါမင်းကို သတိရနေတာ"
"ငါလဲအတူတူပါပဲကွာ"
"ဒီတစ်ခေါက်ကိစ္စက တော်တော်ကြီးလို့ ခေါင်းဆောင်က လာခိုင်းတာလား"
"အေး..လာကွာ ပြီးမှ အေးဆေးပြောကြတာပေါ့"
ဇွဲမာန်လဲ Ren ရဲ့ luggage ကိုတစ်ဖက်ကဆွဲပြီး ကျန်တစ်ဖက်က Ren ရဲ့ ပုခုံးကို ဖက်ကာ လေဆိပ်အတွင်းမှ ထွက်လာခဲ့သည်။ Ren က US နိုင်ငံသားဖြစ်တာကြောင့် ရွှေအိုရောင်ဆံပင်ကို ဂုတ်ထောက်လောက်ထိရှည်ပြီး ပိန်ပိန်ပါးပါးနဲ့ ရုအရပ်က ဇွဲမာန်ထက်တော့ အနည်းငယ်ပုလေသည်။ ဇွဲမာန်က ပုခုံးဖက်ထားတာ ဖြစ်လို့ မသိတဲ့လူဆို တကယ်လိုက်ဖက်ညီတဲ့ အတွဲလို့မြင်မှာ အသေအချာပင်။ သူတို့ထွက်သွားတာကို အဝေးကနေ လှမ်းကြည့်နေတဲ့ သူကိုတော့ ဇွဲမာန်မမြင်လိုက်ပေ။
သွန်းခ ဒီနေ့ မိမိ Japan မှာ ခင်ခဲ့တဲ့ အသိဆရာ၀န်တစ်ဦး မြန်မာနိုင်ငံကို စာတမ်းပြုစုရန်အတွက် တစ်ပတ်လောက် လာရောက်မည်ဖြစ်လို့ ကြိုရန်လေဆိပ်ကို ထွက်လာခဲ့သည်။ လေဆိပ်ကိုရောက်တော့ မိမိထက်အရင် ရောက်နေတဲ့သူတစ်ဦးကို တွေ့တော့ လှမ်းခေါ်ရန်ပြင်လိုက်စဥ် ထိုကောင်လေးက လူတစ်ယောက်နာမည်ကို ခေါ်ကာ ပြေးဖက်လိုက်သည်။ ဟိုဖက်ကကောင်လေးကလဲ ပြန်လည်ပွေ့ဖက်ကာ ဘာတွေပြောနေကြလဲ မသိ။ ပြီးတော့ ကောင်လေးရဲ့ ပုခုံးကို ဖက်ကာ ထွက်သွားကြသည်။ အဖက်ခံထားတဲ့ ကောင်လေးကို သွန်းခလှမ်းကြည့်မိတော့ အရပ်ရှည်ရှည် အသားကလဲ နိုင်ငံခြားမှာနေတဲ့သူဖြစ်လို့ အသား၀ါတဲ့ဖက်သွားပြီး ရွှေအိုရောင်ဆံပင်တွေနဲ့ သေချာကြည့်လျင် အတော်ချောတဲ့အမျိုးသားတစ်ဦးဖြစ်သည်။
![](https://img.wattpad.com/cover/287742020-288-k753243.jpg)
CZYTASZ
မောင့်ရင်ခွင်[ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]
Romansလူတကာ ကြောက်ရွံအားကျရတဲ့ CEO ထွဋ်ထိပ်ခေါင်မင်း နှင့် သာမာန် Company ၀န်ထမ်း ကလေးအဖေလေး လွန်းခေတ်လျှံ တို့ကြားက သနားကြင်နာမှုကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာတရားကို ချိုချိုအေးအေးလေးနဲ့ ဖတ်ရမှာဖြစ်ပါတယ်။ Adult sence ❕ ပါတာကြောင့် အဆင်မပြေရင် မဖတ်...