I'm Sorry. Thank You ( intro )

1.6K 25 3
                                    

" ရိပေါ် မင်းနဲ့မိတ်ဆက်ပေးမလို့ ဒါ ကောရဲ့ချစ်သူ မေဟွား တဲ့.မေဟွား ဒါ ကိုယ်ညီလေးလိုချစ်ရတဲ့ "
ကိုကိုရဲ့ မိတ်ဆက်ပေးမှုမှာ ရိပေါ် ကမ္ဘာကြီးရပ်တန့်သွားသည်။ ချစ်နေပါတယ်လို့ ဖွင့်ပြောထားတဲ့ လူတစ်ယောက်ရှေ့မှာ ချစ်သူနဲ့ မိတ်ဆက်ပေးတဲ့ ကိုကို့ကို ရိပေါ် မုန်းလိုက်ချင်တယ်။
" တွေ့ရတာဝမ်းသာတယ်. ဒါပဲမလား ကော ကျနော်ပြန်"
ရုတ်တရက် ထွက်သွားသော ရိပေါ် နောက်သို့ ရှောင်းကျန့် လိုက်သွားသည်။
" ရိပေါ် ရပ်စမ်း... ဒါဘာသဘောလဲ "
" ဘာသဘောလဲ ဟုတ်လား ကိုကို.. ကိုကို့ကို ချစ်စကားပြောထားတဲ့ ကျနော့်ရှေ့ကို ကိုကို့ချစ်သူပါဆိုပြီး မိတ်ဆက်ပေးတာ တရားလား"
" ရိပေါ် ကိုကို မင်းကိုပြောပီးသား မင်းကို ညီလေးတစ်ယောက်ထက်မပိုဘူးလို့ "
" ကျနော်ကတော့ ကိုကို့ကို ချစ်သူလိုပဲချစ်တာဗျ "
" တော်တော့ ရိပေါ် မင်းဒီလိုပဲပြောနေမယ်ဆို ငါ့ရှေ့ကထွက်သွားလိုက်တော့ မင်းစိတ်မပြောင်းလဲနိုင်သေးသ၍ ငါ့ရှေ့ပေါ်မလာနဲ့ "
" ကိုကို....အခု ကျနော့ကိုနှင်နေတာလား ကျနော့်ကို မမြင်ချင်တော့တာလား "
" ဟုတ်တယ် မင်းဘက်က မဖြူစင်နိုင်မှတော့ ငါ မင်းကို မမြင်ချင်တော့ဘူး ရိပေါ် "
မျက်ရည်များစွာ နှင့် ရိပေါ် ခေါင်းညိတ်ပြီး...
" ဒါ...ကိုကို့ ဆုံးဖြတ်ချက်ပေါ့... ကောင်းပါပြီဗျာ ကိုကို ပျော်ပါစေ"
ကျောခိုင်းသွားသော ရိပေါ်ကို တချက်ကြည့်ပီး ရှောင်းကျန့် မေဟွား ဆီပြန်လာခဲ့သည်။
...တီ..တီ....
" ဟယ်လို"
" ရှောင်းကျန့် ဘာလို့အခုမှ ဖုန်းကိုင်တာလဲ ငါ မင်းကို ခေါ်နေတာကြာပြီ"
" ကျိုးချန် ဘာပြောမလို့လဲ ငါ အခု မေဟွား နဲ့ရှိနေတာ "
" အော်...ငါအနှောက်ယှက်ပေးမိသွားတာပဲ"
" ကျိုးချန် ပြောစရာရှိတာပြော "
" ကောင်းပြီလေ မင်း မနက်က ရိပေါ် ကိုဘာပြောလိုက်လဲ "
" သူ့အကြောင်းပြောမယ်ဆို ငါ ဖုန်းချလိုက်မယ် ကျိုးချန် ငါ သူ့အကြောင်းမကြားချင်ဘူး "
" ငါ့ကိုပြော...မင်း ရိပေါ် ကိုဘာပြောလိုက်လဲ "
ရုတ်တရက် ထအော်လာတဲ့ ကျိုးချန်ကြောင့် ရှောင်းကျန့် အံ့သြသွားကာ...
" ဘာလို့အော်တာလဲကွ နားအူသွားတာပဲ မင်းသိချင်ရင်ပြောမယ် ငါသူ့ကို မမြင်ချင်ဘူး လို့ပြောလိုက်တာ"
" မင်း...မင်းကို.. ငါ့ညီ ချစ်နေမှန်းသိနေရက်နဲ့ မင်းချစ်သူနဲ့ မိတ်ဆက်ပေးတဲ့အပြင် မမြင်ချင်ဘူး လို့ပြောလိုက်တယ်ပေါ့"
" ကျိုးချန် အခု ငါ မေဟွား နဲ့ရှိနေတယ် မင်း ဒီအကြောင်းပြောနေမယ်ဆို ငါဖုန်းချလိုက်တော့မယ်"
" ကောင်းပါပီ မင်းရဲ့ အချိန်ကောင်းကို နှောက်ယှက်သလိုဖြစ်သွားရင် ငါ တောင်းပန်ပါတယ် တစ်ခုပဲ ရိပေါ် ရဲ့နောက်ဆုံး ဆုတောင်းစကားတော့ ငါ မင်းကိုပြောလိုက်မယ် မင်းချစ်တဲ့သူနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိုင်ပါစေ တဲ့ မင်းမမြင်ချင်တဲ့ ငါ့ညီလေး ကို နောက်ဆို မင်း ဘယ်တော့မှ မမြင်တွေ့ရတော့ဘူး ရှောင်းကျန့် မင်း...မင်း ပျော်နိုင်ပါပီ "
ကျိုးချန်ရဲ့ စကားကြောင့် ရှောင်းကျန့် မျက်မှောင်ကျုတ်သွားကာ ဖုန်းကိုချလိုက်သည်။
" မောင် ဘယ်သူလဲ "
" ကိုယ့် သူငယ်ချင်းပါ မနက်က မေနဲ့မိတ်ဆက်ပေးတဲ့ ရိပေါ် ရဲ့အစ်ကိုလေ"
" အော်.."
...တီ..တီ....
ထပ်မံမြည်လာသော ဖုန်းသံကြောင့် ရှောင်းကျန့် မျက်မှောင်ကျုတ်သွားကာ...
" ဟယ်လို.."
" သား...ရှောင်း.."
" အာ...မားလား...မား ပြောလေ"
" သား ကျိုးချန် သားကို ဖုန်းခေါ်သေးလား"
" ဟုတ် ခေါ်တယ် မား ခုဏကပဲ သူနဲ့ပြောနေသေးတယ်"
" အေးကွယ် အခုချိန် သားကျိုးချန် အရမ်းဝမ်းနည်းနေမှာ"
" ဗျာ မား ဘာကိုပြောတာလဲ "
" ဟဲ့ မင်းပဲ ကျိုးချန်နဲ့ ဖုန်ပြောပြီးပြီဆို အခု သူ့ညီ ရိပေါ် လေး နာရေးလေ "
" ဗျာ...."
ရှောင်းကျန့် မားရဲ့စကားကြောင့် နားတ်ေအူခနဲဖြစ်သွားကာ စွံအသွားသည်။
ရိပေါ် နာရေး ဒါဘာကိုပြောတာလဲ မနက်ကပဲ သူ ရိပေါ် နဲ့တွေ့လိုက်သေးသည်။ အခု နာရေးတဲ့...
" ဟယ်လို...သား ရှောင်း"
" မား...မား ခုဏက ပြောလိုက်တာ ရိပေါ် နာရေးလို့ပြောလိုက်တာလား"
" ဟုတ်တယ်လေ မနက်ကပဲ သူစီးလာတဲ့ ဆိုင်ကယ်နဲ့ ကားနဲ့ တိုက်မိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရလာလို့ ဆေးရုံကို ရောက်ပြီး တစ်နာရီလောက်ဆို ဆုံးသွားတာတဲ့"
ရှောင်းကျန့် မားရဲ့ နောက်ဆက်တွဲစကားများကို မကြားနိုင်တော့ပဲ ငူငူကြီးဖြစ်သွားသည်။
ဖုန်းပြောနေရာကနေ ငေးငေးငိုင်ငိုင်ဖြစ်သွားသော မောင့်ကိုကြည့်ပြီး မေဟွား ဘေးမှအသာခေါ်လိုက်သည်။
" မောင်...မောင်"
" ဟင် ဘာလဲ မေဟွား "
" မောင် ဘာဖြစ်လို့လဲဟင် "
" မေဟွား မောင် အပြင်သွားရမယ် မေဟွား ပြန်လိုက်တော့နော် မောင် လိုက်မပိုတော့ဘူး"
ထိုစကားကိုခပ်မြန်မြန်ပြောပြီး ရှောင်းကျန့် ပြေးထွက်လာခဲ့သည်။ထို့နောက် ကားကိုလည်းခပ်မြန်မြန်မောင်းလာခဲ့သည်က ရိပေါ် ရှိရာ ဆေးရုံဆီ...
ဆေးရုံရှေ့ကားကို ဖြစ်သလိုရပ်ခဲ့ပြီး ဆေးရုံထဲသို့ပြေးဝင်လာကာ နာရေးအဆောက်အအုံဆီအမြန်သွားလိုက်သည်။
" ကျိုးချန်"
" မင်း ဘာလာလုပ်တာလဲ ရှောင်းကျန့် ပြန်ပါ ဒီနေရာနဲ့ မင်းနဲ့ ဘာမှမဆိုင်တာဖြစ်လို့ မင်းပြန်လိုက်ပါ"
" ကျိုးချန် ခဏ ခဏလေးပါကွာ ရိပေါ် က ရိပေါ် က"
" ဟုတ်တယ် မင်း မမြင်ချင်တော့ဘူး လို့ပြောလိုက်တဲ့ ရိပေါ် ငါ့ညီလေး ဆုံးပြီ မင်း ကျေနပ်တယ်မလား ပျော်လေ မင်းပျော်လေ"
ရှောင်းကျန့် ရဲ့ အင်္ကျီကော်လံစကို ဆုပ်ကိုင်ပြီး ကျိုးချန် ပြောလိုက်သည်။
" ငါ့ညီလေး မှာ မင်းကိုချစ်မိတာကလွဲလို့ ဘာအပြစ်များရှိလို့ အဲလိုပြောရက်ရတာလဲ..ဟမ်...မင်းကို ချစ်မိတာကရောအပြစ်လား... အပြစ်လား..လို့..မင်းမို့...မင်းမို့ကွာ..."

I'm Sorry. Thank YouWhere stories live. Discover now