I'm Sorry.Thank You(part- 13)

150 9 0
                                    

မြေနေရာကြည့်ပြီး အခြေတကျဖြစ်သွားတာနှင့် ငွေတခါတည်းချေကာ ဘေဂျင်း ပြန်ဖို့ ပြင်ရတော့သည်။
ကုမ္ပဏီမှာ သူမရှိလို့မဖြစ်...
ရှောင်းကျန့် ဝမ်ကျယ်နှင့် ခြံထဲက ပြန်လာသည့် နေ့ကစပြီး ရှောင်နေခဲ့သည်။ ဝမ်ချင့်အိမ်မှာ ထမင်းသွားစားတော့လည်း ဝမ်ကျယ်နှင့် စကားသိပ်မပြောခဲ့...
ထို့ကြောင့် မနက်မိုးလင်းရင် ပြန်တော့မည့် ကျန့်ကောကို ဝမ်ကျယ် စကားပြောရန် ပြင်ရတော့သည်။
ယခုလည်း ညစာစားပြီးကတည်းက အခန်းထဲ ဝင်သွားသောကြောင့် ဝမ်ကျယ် ကျန့်ကော အခန်းရှေ့ရောက်နေသည်။
....ဒေါက်...ဒေါက်...
" ကျန့်ကော..."
တံခါးခေါက်ပြီး ခေါ်လိုက်တာနှင့် အခမ်းတံခါးဖွင့်လာသော ကျန့်ကော...
" ကိစ္စ ရှိလို့လား ဝမ်ကျယ်..."
" ဟို....ကျနော်...ကျန့်ကော နဲ့စကားပြောလို့ရမလား"
" ရပါတယ် လာလေ..."
တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်ပြီး ရှောင်းကျန့် အခန်းထဲဝင်ရန် ပြောလိုက်သည်။
ဝမ်ကျယ်က အခန်းထဲဝင်ခိုင်းသောကြောင့် ဘာမှမပြောပဲ ဝင်လိုက်သည်။
ထို့နောက် ကုတင်ဘေးက ခုံမှာထိုင်လိုက်သည်။ ရှောင်းကျန့်ကတော့ ကုတင်ပေါ်ထိုင်ကာ...
" ဝမ်ကျယ် ဘာပြောချင်လို့လဲ"
" ဟို...တမျိုးတော့မထင်ပါနဲ့ ဒီရက်ပိုင်း ကျန့်ကော ကျနော့်ကို စကားသိပ်မပြောလို့လေ...ဟို...ကျနော်များ ကျန့်ကော အပေါ်အမှားလုပ်မိလားလို့..."
ရှောင်းကျန့် ဝမ်ကျယ့်ကို သေချာစိုက်ကြည့်လိုက်တော့ နားရွက်ဖျားလေးရဲနေတာကို တွေ့လိုက်ရသည်။
ဒါလေးမေးတာ ရှက်နေရလား ဝမ်ကျယ်ရယ်...
" မရှိပါဘူး... ဒီတိုင်း ကိုယ့်ဘာသာ ဖြစ်နေတာပါ"
" ဟမ်...ကျန့်ကောက ဘာဖြစ်နေလို့လဲဟင်"
နားမလည်သလို မျက်လုံးလေး ပြူး၍မေးလာသော ဝမ်ကျယ့်ကြောင့် ရှောင်းကျန့် အသဲယားသွားသည်။
" အဟင်း...ကိုယ်ပြောတာက ကိုယ် အလုပ်ကိစ္စကြောင့်လို့ပြောတာပါ အလုပ်ထဲမှာ စိတ်မကြည်စရာလေးရှိလို့.."
( ညာတာ...)
" အော်...မသိပါဘူး... ကျနော့်ကြောင့်များ ကျန့်ကော စိတ်ဆိုးနေတာလားလို့..."
" အကယ်၍ ကိုယ်က စိတ်ဆိုးနေတယ် ဆိုရင်ရော...ကိုယ် စိတ်ပြေအောင် ဝမ်ကျယ် ဘာလုပ်ပေးမလဲ..."
ကျန့်ကော စကားကြောင့် ဝမ်ကျယ့် ခေါင်းပေါ် ??? လေးများပေါ်သွားသည်။
" ကျန့်ကော ပြောတာ ကျနော် နားမလည်ဘူး... ကျန့်ကောပြောတော့ အလုပ်ကြောင့် စိတ်မကြည်တာဆို... ကျနော်က ဘာလုပ်ပေးရမှာလဲ....."
ရှောင်းကျန့် အူကြောင်ကြောင်လေးနှင့် ပြန်မေးနေသော နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေး ကိုသာ စိုက်ကြည့်နေသည်။
ကျန့်ကော အကြည့်က မိမိနှုတ်ခမ်းဆီရောက်နေသောကြောင့် ဝမ်ကျယ့်မှာ စကားပြောရတာ...တမျိုးဖြစ်နေသည်။
ထို့နောက် အကြည့်မလွှဲသေးသော ကျန့်ကောကြောင့် နားရွက်ဖျားတင်မက မျက်နှာလေးပါ ရဲလာတော့သည်။
" ကျန့်.......ကျန့်ကော...ဟို...ကျနော် မေးနေတယ်လေ"
" ကိုယ် နမ်းချင်တယ်"( ဖေရှောင်းရေ...)
" ဗျာ..."
ဝမ်ကျယ် လန့်သွားတာမြင်မှ ရှောင်းကျန့် အသိဝင်လာကာ...သွားပြီ...ငါ ဘာသွားပြောလိုက်တာလဲ...
" ဟမ်...အော်...ဆောရီး... ကိုယ်ဘာပြောလိုက်မှန်း မသိတော့ဘူး...ကိုယ်... အိပ်...အိပ်တော့မယ်နော်... Gn"
အရူးကွက်နင်းပြီး ကုတင်ပေါ်လှဲကာ စောင်ခြုံ၍ ပြောလိုက်တော့...
" ဟုတ်...ကျနော်လည်း သွားပြီနော်"
ဆိုကာ မပြေးရုံတမယ် အခန်းထဲမှ ထွက်လာခဲ့သည်။
ထို့နောက် ရင်ဘတ်ပေါ်လက်တင်၍ အမောဖြေရသေးသည်။
အခန်းထဲမှ ရှောင်းကျန့် မှာလည်း...
" ဘာတွေပြောလိုက်တာလဲ ရှောင်းကျန့် ရယ် မနက်ကျရင် ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ...မင်းနဲ့ကွာ...."
ထိုညကတော့...စိတ်မထိန်းနိုင်ပဲ နမ်းချင်တယ် ပြောလိုက်မိ၍ ကိုယ့်ကိုကိုယ် အပြစ်တင်နေသော ကောင်လေးနှင့် ရုတ်တရက် နမ်းချင်တယ် အပြောခံလိုက်ရ၍ မောနေသော ကောင်လေး နှစ်ယောက်ရှိလေသည်။
..............
မနက်စာစားဝိုင်းက တိတ်ဆိတ်နေသောကြောင့် ဟောက်ရွှမ်း ကပဲ....
" ရှောင်းကော....မြေနေရာလည်း အဆင်ပြေသွားပြီဆိုတော့ စက်ရုံဆောက်ဖို့ ဘယ်တော့လောက် စမှာလဲ..."
" အင်း...နည်းနည်းတော့ ကြာအုံးမယ် ညီ..စက်ရုံဆောက်ဖို့ က ခွင့်ပြုချက်တွေလုပ်ရမှာဆိုတော့ အချိန်ယူရအုံးမှာပေါ့"
" ရှောင်းကော တို့ပြန်ရင် ကျနော်တို့က သတိရနေတော့မှာပဲ...ဟီး.."
ဝမ်ကျယ်ကတော့ စကားမပြောပဲ ပေါင်မုန့်ကိုသာ စားနေသည်။
စကားမပြောပဲ တိတ်ဆိတ်စွာ စားနေသော ဝမ်ကျယ်ကို ကြည့်ပြီး...ကျိရန်က...
" ဝမ်ကျယ်ကော "
" ဟင်..."
ကျိရန် ခေါ်သံကြောင့် ပေါင်မုန့် ဝါးနေရင်း ထူးလိုက်သည့် ဝမ်ကျယ်က စားလက်စပေါင်မုန့်ကို ငုံကာ ထူးလိုက်သည်မို့ ရှိရင်းစွဲ ပါးဖောင်းလေးက လုံးတက်နေသည်။
ပါးလုံးလုံးလေးကြောင့် နှုတ်ခမ်းဖူးဖူးလေးက ထော်နေသော အလွန်ချစ်ဖို့ကောင်းသော ဝမ်ကျယ်ကောကို ကြည့်ပြီး ကျိရန်မှာ ငေးသွားကာ ပြောစရာပင်မေ့မတက်....
ချစ်ဖို့ကောင်းသော မျက်နှာသေးသေးလေးက သူ့ထက် နှစ်နှစ်ကြီးတယ်ဆိုတာ ယုံချင်စရာတောင်မရှိ...
" ဝမ်ကျယ်ကော ရော ဘေဂျင်းကို လာလည်ဖို့ အစီအစဉ် မရှိဘူးလား..."
" အင်း..."
ဝမ်ကျယ်က ထော်နေသောနှုတ်ခမ်းလေးကို ခပ်စူစူလေးလုပ်ပြီး စဉ်းစားသလို ပြုလိုက်သည်။
ထိုအပြုအမူလေးကို အသဲယားနေသူက ရှောင်းကျန့်....
ပန်းဆီရောင်ရဲနေသော နှုတ်ခမ်းလေးကို ငမ်း...အဲ...ငေးကောင်းနေသော ရှောင်းကျန့် တယောက်....
" အဟွက်....အဟွက်...."
ငေးရင်း သောက်လိုက်သော နွားနို့ သီးသွားခြင်းဖြစ်သည်။
" ကော...အဆင်ပြေရဲ့လား..."
ကျိရန် ရှောင်းကျန့် ကျောကို အသာပုတ်ပေးပြီး မေးလိုက်သည်။
" ရ...အဟွက်...ရတယ်... ကျိရန်...ရုတ်တရက် မော့လိုက်တော့ အပေါက်မှားသွားတာ.."
မျက်နှာရဲကာ မျက်ရည်ပင်ဝဲသွားသော ရှောင်းကျန့်ကို ကြည့်ပြီး ဝမ်ကျယ် ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။
" ဒါနဲ့..ကျန့်ကောတို့ လေယာဉ် ဘယ်အချိန်လဲ.."
" ဟင်..."
မိမိကို ဦးတည်မေးလာသော ဝမ်ကျယ်ကြောင့် ရှောင်းကျန့် အံ့သြသွားသည်။ ဘာလို့လဲဆို မနက်စာစားဖို့ ဝင်လာကတည်းက မိမိကို အကြည့်လေးပင် မစွန့်ခဲ့သော ဝမ်ကျယ်ကြောင့်ပင်...
" ကျန့်ကော လေယာဉ် ဘယ်အချိန်လဲလို့ မေးတာ"
" အော်...အင်း...ဟို...၁၀နာရီ ဝမ်ကျယ်...ကိုယ်တို့ ၁၀နာရီ ဆို တက်ရမှာ.."
" အော်...အဲဒါဆို အခုထဲက နှုတ်ဆက်ရမှာပေါ့ အဲအချိန် ကျနော်က ခြံမှာဆိုတော့"
" ဝမ်ကျယ်... ကော ပြောဖို့မေ့နေတာ...ရှောင်းကော တို့ကို ဝမ်ကျယ်လိုက်ပို့ရမှာ"
" ဟမ်..."
ဟောက်ရွှမ်း စကားကြောင့် ဝမ်ကျယ်က အံ့သြသွားသလို ရှောင်းကျန့်ကတော့ ဘာရယ်မဟုတ် ပျော်သွားသည်။
" ဘာလို့လဲ ကော.."
" ဒီနေ့ စတော်ဘယ်ရီ ယူမဲ့လူလာမှာ ညက ကောဆီ ဖုန်းဝင်လာတယ် အဲဒါကြောင့် ရှောင်းကောတို့ကို ဝမ်ကျယ်ပဲ လိုက်ပို့လိုက်လေ ခြံကို ကော အရင်သွားလိုက်မယ်"
" အင်းလေ...အဲဒါဆိုလည်း ကျနော် ကျန့်ကောတို့ကို လိုက်ပို့လိုက်မယ်"
..........
စားသောက်ပြီးတာနှင့် ဟောက်ရွှမ်း က ခြံကိုထွက်သွားသလို ကျိရန်ကလည်း လုပ်စရာရှိသေးသည်ဆိုကာ အပေါ်ထပ် တက်သွားသည်။
ဝမ်ကျယ်က ခြံထဲဆင်းသွားသောကြောင့် အောက်ထပ်တွင် ရှောင်းကျန့် တယောက်ပဲကျန်နေခဲ့သည်။
ထို့ကြောင့် ဝမ်ကျယ် ရှိရာဆီသို့ ရှောင်းကျန့် ထွက်လာခဲ့သည်။
မိမိကို ကျောပေးကာ ငုတ်တုတ်လေးထိုက်ပြီး နှင်းဆီပင်ကို ပြုစုပေးနေသော ဝမ်ကျယ်..
" ဝမ်ကျယ်.."
" အော်...ကျန့်ကော..."
ဝမ်ကျယ် အပင်ခြေရင်းကို တူးဆွနေတာကို ရပ်ပြီး ကျန့်ကော နှင့် မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်သည်။
" ပြောစရာရှိလို့လား ကျန့်ကော..."
" အင်း...မနက်စာစားနေတုန်းက ကျိရန်မေးတာကို ဝမ်ကျယ် မဖြေသေးဘူးနော်"
" ဟင်...ဘာကိုလဲ "
" ဝမ်ကျယ်ရော ဘေဂျင်းကို လာလည်ဖို့ စိတ်ကူးရှိလားဆိုတာလေ..."
" အော်...ဘာများလဲလို့... အင်း...လာတော့ လာဖြစ်မှာပေါ့... ကျန့်ကောရယ်...ဒါပေမဲ့... "
" ဒါပေမဲ့ ဘာဖြစ်လို့လဲ ဝမ်ကျယ်"
" အာ...ဒါက.. ကျနော်က မွေးကတည်းက ခုချိန်ထိ ဘေဂျင်း ကိုရောက်ဖူးတာမဟုတ်လို့ အကယ်၍ လာဖြစ်ရင်တော့ ကြောင်တောင်တောင် ဖြစ်နေမှာဗျ...ဟီး..."
" ဘယ်လို ပြောလိုက်တာလဲ ဝမ်ကျယ်ရယ် ကိုယ်ရှိနေတာပဲ ဝမ်ကျယ်သာလာမယ် ဆို ကိုယ် နေရာအစုံလိုက်ပြမှာပေါ့ အနယ်နယ် အရပ်ရပ်က စားစရာတွေလည်း အစုံရှိတယ်... "
" ကျန့်ကော လို အလုပ်များတဲ့လူကို မရှုပ်ပါရစေနဲ့ဗျာ "
" လာသာလာခဲ့ပါ ဝမ်ကျယ်.... မင်းလာမယ်ဆို ကိုယ် မျှော်နေမှာပါ..."
ကျန့်ကော ရဲ့ စကားကြောင့် ဝမ်ကျယ့်ရင်ဘတ်ထဲ တချက်ခုန်သွားသည်။
ဝေခွဲရခက်သော အကြည့်များကြောင့် ဝမ်ကျယ် မျက်နှာလွှဲလိုက်သည်။
* ကိုယ်...မင်းကို စိတ်ဝင်စားနေမိပြီ ဝမ်ကျယ်...ဒါပေမဲ့... ကိုယ့်စိတ်ကို သေချာအောင် လေ့လာအုံးမှာပါ....ပေါက်စီလေးကို ကိုယ် ဆုံးရှုံးပြီးပြီ... မင်းကိုတော့...ကိုယ်...ကိုယ်....

**********

ရက်ကြာသွားလို့ တောင်းပန်ပါတယ်နော်. ဒီရက်ပိုင်း အလုပ်မျါးနေလို့ပါ...နှစ်ရက်ခြားပုံမှန် အပ်နိုင်အောင်လုပ်ပါ့မယ်..❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouTempat cerita menjadi hidup. Temukan sekarang