I'm Sorry.Thank You(part-20)

153 8 0
                                    

ကျေးငှက်ကလေးများ အော်သံနှင့်အတူ သာယာသောမနက်ခင်းတွင် ရှောင်းကျန့် နိုးထလာခဲ့သည်။
နိုးထလာခြင်းနှင့်အတူ ဘယ်ဘက်လက်မောင်းက ထုံကျင်နေတာကြောင့် စောင်းငှဲ့ကြည့်လိုက်တော့ မိမိလက်မောင်းကို ခေါင်းအုံး၍ မိမိကိုဖက်ကာ အိပ်ပျော်နေသော ဝမ်ကျယ်လေး...
မိမိတောင်းဆိုမှုများကို လိုက်လျောပြီး ပင်ပန်းစွာအိပ်ပျော်နေသော ဝမ်ကျယ်လေးက ငိုထားသည့် အရှိန်များကြောင့် နှာထိပ်လေးက အခုထိ ရဲနေတုန်း...
ဖြူနုသော လည်တိုင်ထက်တွင်တော့ သူ့ရဲ့ချစ်လက်ဆောင် ခပ်ရဲရဲအမှတ်အသားများနှင့်..
ရှောင်းကျန့် ကြည့်နေရာမှ ကြည်နူးစွာပြုံးလိုက်သည်။
အခုဆို အဖြေမပေးရသေးပေမဲ့ သူနှင့် ဝမ်ကျယ်က သွေးသားတွေနှီးနှောဖလှည် ပြီးကြပြီ...
အရက်မူးနေသူကို အခွင့်အရေးယူသလိုဖြစ်ခဲ့ပေမဲ့ ထိုအမူးသမားလေးက ရှောင်းကျန့် ရဲ့ သမာဓိအားကို စမ်းသပ်သည့် အပြုအမူများက မိမိကို ဖျားယောင်းနှယ်...အစထဲက ထိတွေ့ချင်နေသောသူက သမာဓိအားမခံနိုင်စွာပဲ ထိုအခွင့်အရေးကို ယူခဲ့သည်။
" အင်းးး "
ညီးညူသံလေးနှင့် ပွင့်လာသော မျက်ပေတုံးလေးများ...
မိမိကို ဖက်ထားသော လက်လေးကိုဖယ်၍ မျက်လုံးကို ပွတ်သပ်နေတာကြောင့် ထိုလက်လေးများကို အသာဆွဲယူလိုက်ကာ..
" အရမ်းမပွတ်နဲ့လေကွာ မျက်လုံးတွေနာသွားမှာပေါ့.."
ရုတ်တရက် လက်ကိုအဆွဲခံလိုက်ရပြီး ထွက်ပေါ်လာသည့် စကားသံကြောင့် ဝမ်ကျယ် မျက်လုံးပြူးပြီး ကြည့်လိုက်တော့...
" ကျန့်...ကျန့်ကော "
" အင်း....နိုးလာပြီလား"
" ဟုတ်....ဒါနဲ့ ကျန့်ကောက ဘယ်လိုဖြစ်ပြီး ကျနော့်အခန်းထဲရောက်နေတာလဲ..."
ဝိုင်းဝိုင်းစက်စက်မျက်လုံးလေးများနှင့် မေးလာသော ဝမ်ကျယ်ကြောင့် ရှောင်းကျန့် အံ့သြသွားကာ..
ဝမ်ကျယ့်ကို ကြည့်ရတာ ညကအဖြစ်အပျက်များကို မှတ်မိပုံမရ...
" ဝမ်ကျယ်... "
" ဟင်..."
" ညက ဘာဖြစ်ခဲ့လဲ ဝမ်ကျယ် မှတ်မိလား.."
" ဘာ..ဘာဖြစ်လို့လဲဟင် "
ရှောင်းကျန့် သက်ပြင်းအသာချကာ...
" ကိုယ်တို့ ကျိုးချန် မွေးနေ့လာတာလေ ဝမ်ကျယ် အရက်တခွက်သောက်ပြီးမူးနေတာကြောင့် ကိုယ်တို့ ကျိုးချန် အိမ်မှာပဲအိပ်ဖြစ်တာ.. "
ဝမ်ကျယ်လည်း ထိုအခါမှ သေချာစဉ်းစားမိပြီး..
" အာ...ဟုတ်သား...ကျနော်က အရက်သောက်မိရင် အဲလိုပဲ ဘာမှမမှတ်မိတတ်ဘူး...ကျန့်ကော ကျနော့်ကို ခေါ်လာရတာပင်ပန်းမှာပေါ့နော်...ဟီး..."
မိမိကို အားနာစွာ ရယ်ပြနေသော ဝမ်ကျယ်က အခုချိန်ထိ ကိုယ့်ကိုကိုယ် သတိထားမိပုံမရသေး...
ဝမ်ကျယ်လည်း ရှောင်းကျန့်ဆီမှ မိမိလက်ကို အသာရုန်းပြီး ထထိုင်လိုက်တော့..
" အ့..."
နာကျင်နေသည့် ခါးကြောင့် အိပ်ယာပေါ်ပြန်လဲသွားသည်။
" ဘာလို့အရမ်းထလိုက်တာလဲ ဝမ်ကျယ်ရယ်..နာသွားပြီမလား.."
မိမိနာကျင်နေတာကို သိနေသလိုပြောလာသည့် ကျန့်ကော ကြောင့်...
" ကျန့်ကော..."
" အင်း.."
" ကျနော်...ကျနော် နာနေတာ ကျန့်ကောက...."
" ဝမ်ကျယ်...အခု ကိုယ်ပြောတာကို သေချာနားထောင်ပေးနော်.."
ဝမ်ကျယ် ခေါင်းကိုသာ ညိတ်ပြလိုက်ပြီး...
" ညက... ကိုယ်နဲ့ ဝမ်ကျယ်နဲ့ အတူနေဖြစ်သွားတယ်.."
" ဗျာ...."
" ဟုတ်တယ်... ဝမ်ကျယ်..ကိုယ့်အနေနဲ့ မူးနေတဲ့ ဝမ်ကျယ့်ကို မလုပ်သင့်မှန်းသိပေမယ့်... ကိုယ်...ကိုယ်.... "
" ဒါဆို...ဒါဆို...ကျ..ကျနော် ခါးနာနေတာ..."
ဝမ်ကျယ် မျက်နှာလေးရဲလာပြီး စောင်ကိုယူကာ ခေါင်းပေါ်မှခြုံလိုက်သည်။
.အခု..အခု...သူက ကျန့်ကောနဲ့ ကျန့်ကောနဲ့... အား....ဘာတွေဖြစ်ကုန်တာလဲကွာ... အဖြေတောင်မပေးရသေးဘူးလေ...
စောင်ကိုဆွဲခြုံကာ ငြိမ်ကျသွားသော ဝမ်ကျယ်ကြောင့် ရှောင်းကျန့် လန့်သွားကာ...
" ဝမ်ကျယ်...ကိုယ့်ကို စိတ်ဆိုးသွားလား...ကိုယ် ဝမ်ကျယ့်ကို တာဝန်ယူမှာပါ...ခုလို ဖြစ်သွားတာကလည်း ဝမ်ကျယ့်ကို အခွင့်အရေးယူတာမဟုတ်ပါဘူး... ကိုယ် ဝမ်ကျယ့်ကို ပိုင်ဆိုင်ချင်တဲ့စိတ်ကြောင့် ဖြစ်သွားတာပါ...ဝမ်ကျယ်..ကိုယ့်ကို စကားပြောပါအုန်းကွာ..."
ထိုအခါ စောင်ထဲမှ ခေါင်းလေးထွက်လာပြီး..
" ကျနော်တို့က ချစ်သူမှ မဖြစ်သေးတာ.."
မျက်နှာရဲရဲလေးနှင့် တိုးတိုးလေးပြောလာသည်။
" ဒေါက်...ဒေါက်.."
" ရှောင်းကျန့်... နိုးပြီလား..."
" နိုးနေပြီ ကျိုးချန် ခဏနေရင် ငါတို့ ဆင်းလာခဲ့မယ်"
အခန်းအပြင်မှ ကျိုးချန် ကို ပြန်ပြောလိုက်ပြီး..
" ဝမ်ကျယ် ကိုယ်...မင်းကို ရေချိုးပေးမယ်နော်"
" ဟင်...ဟင့်အင်း...ရ..ရတယ်...ကျနော့် ဘာသာ.."
" ရှက်မနေပါနဲ့ကွာ ညက အကုန်မြင်ပြီးသွားပြီပဲဟာ.."
" ကျန့်ကော...ဘာတွေပြောနေတာလဲ... "
ရှက်နေသော ဝမ်ကျယ်လေးကို ရှောင်းကျန့် ပွေ့ချီ၍ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။
" ကျန့်ကော...ဟို...ဟိုလေ..."
" ဘာပြောချင်လို့လဲ "
" ဟို...ကျိုးကော... "
" မပူနဲ့ ဝမ်ကျယ်... ကိုယ် မင်းကို ဖွင့်ပြောထားတာ သူသိတယ်.."
" အိ....ရှက်လိုက်တာ "
အရှက်ကြီးသော ဝမ်ကျယ်ကို ရေချိုးပေးပြီး အဝတ်အစားများပြန်ဝတ်ပေးကာ ကုတင်ပေါ်တွင် ထိုင်ခိုင်းထားပြီး ရှောင်းကျန့် ရေချိုးလိုက်သည်။
ထို့နောက် အားလုံး ပြင်ဆင်ပြီးတာနှင့် ဝမ်ကျယ့်ကို ချီကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
ဒါတောင် ဝမ်ကျယ်က အချီမခံ၍ သူက အတင်းချီလာခဲ့ကာ ထမင်းစားခန်းထဲရောက်ပြီး ထိုင်ခုံပေါ် အသာချပေးလိုက်သည်။
ထမင်းစားခန်းထဲမှ ကျိုးချန် နှင့် ကျိရန်က မျက်လုံးပြူးကာကြည့်နေတာကြောင့်...
" ဘာကြည့်နေကြတာလဲ...မင်းတို့မြင်တဲ့အတိုင်းပဲ ဝမ်ကျယ်နဲ့ ငါ တွဲနေပြီ.."
" ဘယ်လို..."2
........
ဝမ်ကျယ် အခုဆို ကျန့်ကော အိမ်ရောက်နေတာ သုံးပတ်ပင်ပြည့်တော့မည်။ နေရာတော်တော်များများလည်း ရောက်ဖူးပြီးပြီ..လော့ရန် ကိုလည်း အရမ်းလွမ်းနေပြီ...
ကောနဲ့ အဖိုးကတော့ ပျော်သလောက်နေဆိုတာပဲ အမြဲပြောနေကြသည်။
ကျန့်ကောနှင့် သွေးသားနှီးနှောထားသော်လည်း ဝမ်ကျယ် ယခုထိ အဖြေပြန်မပေးရသေး..
ထို့ကြောင့် ဒီနေ့တော့ ကျန့်ကော ကုမ္ပဏီသို့ လိုက်သွားကာ အဖြေပေးမည်ဟုတွေးထားသည်။
ကျန့်ကောကိုတော့ မပြောသေး...
ဝမ်ကျယ် ရေချိုး အဝတ်အစားလှယ်ကာ ကျန့်ကောဆီ ထွက်လာခဲ့သည်။
Taxi ကားပေါ်မှ ဆင်းပြီး Xiao ကုမ္ပဏီ အဆောက်အအုံ ကို လည်ပင်းလန်မတက်မော့ကြည့်ကာ ဝင်လာခဲ့သည်။
ဧည့်ကြို ဝန်ထမ်းလေးများကို မေးမြန်းပြီး ကျန့်ကောရုံးခန်းရှိရာ အထပ်သို့ တက်လာခဲ့သည်။
CEO ရှောင်းကျန့် ဟူသော နာမည်နှင့် အခန်းရှေ့ရောက်တော့...
" ဟာ..ဝမ်ကျယ်...."
" ရှူး..."
အခန်းထဲမှ ထွက်လာသော ကျိရန်ကို တိတ်တိတ်နေရင် အချက်ပြပြီး...
" ကျန့်ကော အခန်းထဲမှာလား..."
" ဟုတ်တယ် ဝမ်ကျယ်ကော ဝင်သွားလိုက် ကျိုးချန်ကော လည်းရှိတယ်... ကျနော် သွားစရာရှိလို့ သွားပြီနော်.."
ကျိရန် ထွက်သွားတာနှင့် ဝမ်ကျယ်က အသာအခန်းတံခါးလေးကို ဟလိုက်စဉ် ကြားလိုက်ရသည့် စကားများကြောင့် တကိုယ်လုံးတောင့်တင်းသွားသည်။
" ရှောင်းကျန့်...မင်း ဝမ်ကျယ့်ကို တကယ်ချစ်သွားတာလား.."
" ငါ...ငါ မချစ်ဘူး ကျိုးချန်.. "
" ဘယ်လို...ရှောင်းကျန့်... မင်း...မင်း မချစ်ဘူးဆို ဘာလို့ သူနဲ့ အတူနေခဲ့လဲ...အခု ဝမ်ကျယ်က မင်းနဲ့ အတူနေပြီးသွားပြီလေ... မင်းလည်း ဖွင့်ပြောထားတယ်ဆို..."
" ဟုတ်တယ် ကျိုးချန်...ဒါပေမဲ့ ငါ ဝမ်ကျယ့်ကို မချစ်ဘူး... ပိုင်ဆိုင်ချင်ရုံပဲ... "
" မချစ်ဘူးပြောပြီး ဘာလို့ ပိုင်ဆိုင်ချင်ရတာလဲ.."
" ငါ ပေါက်စီလေး ကို တခါ ဆုံးရှုံးပြီးပြီ... ဝမ်ကျယ့်ကိုတော့ အဆုံးရှုံးမခံနိုင်ဘူး အဲဒါကြောင့်...ငါ..သူ့ကို ရယူခဲ့တာ.."
" ဒါဆို ဝမ်ကျယ့်ကို ဂရုစိုက်နေတာတွေကရော မင်း မချစ်ပဲနဲ့တော့ အဲလောက်..."
" ကျိုးချန်...ငါ သူ့ကို ဂရုစိုက်ပေးတယ်ဆိုတာ ပေါက်စီလေးအပေါ် ပျက်ကွက်ခဲ့တာတွေကြောင့် အစားထိုးပြီး...သူ့အပေါ် ဂရုစိုက်ခဲ့တာ..."
" ဒါဆို...မင်းက ဝမ်ကျယ့်ကို ငါ့ညီ နေရာ အစားထိုးခဲ့တာလား...မင်းကွာ... အတ္တကြီးလိုက်တာ.. ဝမ်ကျယ့်ဘက်ကိုရော မင်းမတွေးပေးတော့ဘူးလား..."
" ဝမ်ကျယ် ငါ့ကို ချစ်နေတာ ငါသိတယ် ကျိုးချန်... ငါနဲ့နေရင် သူပျော်ရွှင်နေမှာပဲလေ...."
အခန်းတံခါးလေးကို ပိတ်ပြီး ဝမ်ကျယ် လှည့်ထွက်လာခဲ့သည်။
ဒီလောက်ဆို သူ့အတွက်လုံလောက်ပါပြီ...တကယ်မထင်ထားခဲ့ဘူး...ကျန့်ကော သူ့ကို တကယ်ချစ်လို့ ဂရုစိုက်ခဲ့တယ်လို့ပဲ ထင်ခဲ့တာ... အခုတော့ အစားထိုးခံတဲ့လား...ဘာလို့လဲ...သူ့ဘဝမှာ ကျန့်ကော ကိုပဲ ချစ်ဖူးတာ... အစားထိုးစရာမရှိလောက်အောင် သူ ကျန့်ကောကို ချစ်မိသွားကာမှ သူကတော့ အစားထိုးခံတဲ့လား....
ဝမ်ကျယ် ကျလာသည့် မျက်ရည်များကိုသုတ်လိုက်ပြီး အိမ်သို့အမြန်ပြန်လာခဲ့သည်။
အိမ်သို့ရောက်တာနှင့် အဝတ်အစားအိတ်ကိုယူကာ အောက်ထပ်သို့အမြန်ဆင်းလာခဲ့သည်။
ရှောင်းမားနှင့် ပါးက အပြင်သွားနေတာကြောင့် နှုတ်ဆက်စရာမလိုတော့ပဲ ထွက်လာခဲ့သည်။ ဘယ်သူ့မှ မပြောခဲ့သည့် ဝမ်ကျယ်...ခြံပြင်ရောက့တာနှင့် အိမ်ကြီးကို တချက်ပြန်ကြည့်ကာ...
" နှုတ်ဆက်ခဲ့တယ် ကျန့်ကော...ကျနော်တို့ ရေစက် က မကုန်သေးတာကြောင့် ကျန့်ကော နဲ့ တွေ့နေရအုံးမှာ ဖြစ်ပေမဲ့ အရင်မသိခဲ့သလိုပဲ ပြန်နေကြတာပေါ့...ကျန့်ကော သိလား ကျနော်ဆိုတဲ့ ဝမ်ရိပေါ် က ဘယ်သူ့ အစားထိုးခံမှ မဟုတ်ဘူးဆိုတာ ကျန့်ကော နားလည်လာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်"

****************
အခါးလေး စမယ်နော်...ရှေ့ပိုင်းတွေတုန်းကလည်း သားငယ်ကို ခံစားပေးခဲ့တယ် အခုလည်း သားငယ်ကို ခံစားပေးရပြန်ပြီ...နောက်တပိုင်းတော့ ဖေရှောင်းအလှည့်ပေါ့...
အားလုံးဘေးကင်းကြပါစေ ဆုတောင်းပေးတယ်နော်...
မအလ လည်း အေ...ဆိုးနဲ့ အမြန်ေ.... ပါစေလို့..
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouWhere stories live. Discover now