I'm Sorry. Thank You (part-6)

223 18 0
                                    

ကံကြမ္မာက ရိပေါ် ဘက်ရှိမနေခဲ့ဘူးပဲ...ကိုကို့ကို အမြဲရှောင်နေခဲ့ပေမဲ့ ကိုကိုက ရက်စက်ပါတယ် ရိပေါ် ရှေ့အမြဲလိုလို ရောက်ရောက်လာတယ်။
" ရိပေါ် "
ခြံထဲက ဒန်းလေးပေါ်မှာ ထိုင်ရင်း စာဖတ်နေတဲ့ ရိပေါ်က ကိုကို့ အသံကြောင့်လှည့်ကြည့်လိုက်သည်။
" ကိုကို ထိုင်လို့ ရတယ်မလား"
" ထိုင်လို့ရပါတယ်"
ဒန်းလေးရဲ့ တဖက်ကိုရွေ့ ပြီး ရိပေါ် ပြောလိုက်သည်။
" ရိပေါ် ကိုကို့ကို အမြဲရှောင်နေတယ်နော်"
" အင်း...ကျနော့်စိတ်ကို မထိန်းချုပ်နိုင်ဘူးလေ ကိုကို စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့ ကျနော် ရှောင်နေတာ"
" ရိပေါ်... ကိုကိုတို့ တကယ်ပဲ အရင်လိုမဖြစ်နိုင်တော့ဘူးလား...ကိုကို့ ညီလေးကို ကိုကိုလွမ်းနေတာ"
ရိပေါ် ပြုံးလိုက်ပြီး...
" အဟင်း...ကျနော့ အမှားတွေပါ ကိုကို... ကျနော်က ကိုကို့ ညီလေးအဖြစ်မနေနိုင်ဘူးလေ...ကိုကို့ကို ချစ်တဲ့စိတ်က ကျနော့်ကို အနိုင်ယူသွားမှတော့ အရင်လိုပြန်ဖြစ်ဖို့ ကျနော့်ဘက်က မတက်နိုင်ဘူး ကိုကို ကျနော် တောင်းပန်ပါတယ်"
ဲ......
ကျနော် မထင်မှတ်ထားတဲ့ နေ့ရက်တခုကို ကိုကိုက ကျနော့်ဆီ သယ်ဆောင်လာခဲ့ပါတယ်...ဒါပေမဲ့ ကိုကို့ကို ကျနော် မမုန်းရက်ဘူး...
" ရိပေါ် ကိုကို မင်းနဲ့ မိတ်ဆက်ပေးမလို့ ဒါ ကိုကို့ချစ်သူ မေဟွား တဲ့... မေဟွား ဒါ ကိုယ်ညီလေးလိုချစ်ရတဲ့ ရိပေါ် တဲ့"
ကိုကို့ရဲ့ မိတ်ဆက်ပေးမှုမှာ ရိပေါ် ရဲ့ ကမ္ဘာကြီးရပ်တန့်သွားသည်။ ချစ်နေပါတယ်လို့ ဖွင့်ပြောထားတဲ့ လူတစ်ယောက်ရှေ့မှာ ကိုယ့်ချစ်သူပါလို့ မိတ်ဆက်ပေးတဲ့ ကိုကို့ကို ရိပေါ် မုန်းလိုက်ချင်တယ်။
" တွေ့ရတာဝမ်းသာတယ် ဒါပဲမလား ကိုကို ကျနော် ပြန်တော့မယ် "
ရုတ်တရက် ထွက်သွားသော ရိပေါ် နောက်ကို ရှောင်းကျန့် လိုက်သွားသည်။
" ရိပေါ် ရပ်စမ်း...ဒါ ဘာသဘောလဲ "
" ဘာသဘောလဲ ဟုတ်လား ကိုကို... ကိုကို့ကို ချစ်နေပါတယ်လို့ ဖွင့်ပြောထားတဲ့ လူတစ်ယောက်ရှေ့မှာ ကိုယ့်ချစ်သူပါလို့ မိတ်ဆက်ပေးတဲ့ ကိုကိုက တရားလား"
" ရိပေါ် ကိုကို မင်းကို ညီလေးတစ်ယောက်ထက် မပိုဘူးလို့ပြောပြီးသား"
" ကျနော်က ကိုကို့ကို ချစ်သူလိုပဲချစ်တာဗျ "
" တော်တော့ ရိပေါ် မင်းဒီလိုပဲပြောနေမယ်ဆို ငါ့ရှေ့ကထွက်သွားလိုက်တော့ မင်းစိတ်မပြောင်းလဲနိုင်သေးသ၍ ငါ့ ရှေ့ကိုပေါ်မလာနဲ့"
" အခု...အခု ကိုကိုက ကျနော့်ကို နှင်နေတာလား ကျနော့ကို မမြင်ချင်တော့တာလား "
" မင်းဘက်က မဖြူစင်နိုင်မှတော့ ငါ မင်းကို မမြင်ချင်တော့ဘူး "
ရိပေါ် မျက်ရည်များစွာ နှင့် ခေါင်းညိတ်ကာ..
" ဒါ..ကိုကို့ ဆုံးဖြတ်ချက်ပေါ့... ကောင်းပါပီ ဗျာ ကိုကို ပျော်ပါစေ "
ကျောခိုင်းသွားသော ရိပေါ် ကို ရှောင်းကျန့် တချက်ကြည့်ပြီးမှ မေဟွား ဆီ ပြန်လာခဲ့သည်။
" တီ...တီ...တီ..."
" ဟယ်လို"
" ရှောင်းကျန့် ဘာလို့အခုမှ ဖုန်းကိုင်တာလဲ ငါ မင်းကို ခေါ်နေတာကြာပြီ "
" ကျိုးချန် ဘာပြောမလို့လဲ ငါ အခု မေဟွား နဲ့ရှိနေတာ "
" အော်... ငါ အနှောက်အယှက်ပေးမိသွားတာပဲ "
" ကျိုးချန် ပြောစရာရှိတာပြော "
" ကောင်းပြီလေ မနက်က ဝမ်လေးကို မင်းဘာပြောလိုက်တာလည်း "
" ကျိုးချန် သူ့အကြောင်းပြောမယ်ဆို ငါဖုန်းချလိုက်တော့မယ် "
" ငါ့ကိုပြော မင်း...ဝမ်လေး ကို ဘာပြောလိုက်တာလဲ "
ရုတ်တရက် ထအော်လာတဲ့ ကျိုးချန် ကြောင့် ရှောင်းကျန့် အံ့သြသွားကာ...
" ဘာလို့အော်တာလဲကွ နားအူသွားတာပဲ မင်းသိချင်ရင်ပြောမယ် ငါ သူ့ကို မမြင်ချင်တော့ဘူး လို့ပြောလိုက်တာ "
" မင်း...မင်းကို ငါ့ညီ ချစ်နေမှန်းသိနေရက်နဲ့ မင်းချစ်သူနဲ့ မိတ်ဆက်ပေးတဲ့အပြင် မမြင်ချင်ဘူးလို့ ပြောလိုက်တယ်ပေါ့"
"ကျိုးချန် ငါ အခု မေဟွား နဲ့ရှိနေတာ မင်း သူ့အကြောင်းပြောမယ်ဆို ငါဖုန်းချလိုက်တော့မယ် "
" ကောင်းပါပီ မင်းရဲ့ အချိန်ကောင်းကို နှောက်ယှက်ပေးမိတဲ့အတွက် ငါ တောင်းပန်ပါတယ် တခုပဲ ဝမ်လေးရဲ့ နောက်ဆုံး ဆုတောင်းစကားတော့ ငါ မင်းကို ပြောလိုက်မယ် မင်းချစ်တဲ့သူနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေ တဲ့ မင်း မမြင်ချင်တဲ့ ငါ့ညီလေး ကို မင်း ဘယ်တော့မှ မမြင်တွေ့ရတော့ဘူး ရှောင်းကျန့် မင်း...မင်း ပျော်နိုင်ပါပီ "
ကျိုးချန် ရဲ့စကားကြောင့် ရှောင်းကျန့် မျက်မှောင်ကုတ်ကာ ဖုန်းကိုချလိုက်သည်။
" မောင်...ဘယ်သူလဲ "
" ကိုယ့် သူငယ်ချင်းပါ မနက်က မေနဲ့ မိတ်ဆက်ပေးတဲ့ ရိပေါ် ရဲ့ အစ်ကိုလေ"
" အော်..."
...တီ...တီ...
ထပ်မံမြည်လာသော ဖုန်းသံကြောင့် ရှောင်းကျန့် ကျစ်ခနဲ့ ရေရွတ်ကာ...
" ဟယ်လို "
" သား...ရှောင်း"
" အာ...မားလား...မား ပြောလေ"
" သားရှောင်း ကျိုးချန် သားကို ဖုန်းခေါ်သေးလား "
" ဟုတ် ခေါ်တယ် မား ခုဏကပဲ သူနဲ့ပြောနေသေးတယ် "
" အေးကွယ် ခုချိန် သားကျိုးချန် အရမ်းဝမ်းနည်းနေမှာ "
" ဗျာ...မား ဘာကိုပြောတာလဲ "
" ဟဲ့ မင်းပဲ ကျိုးချန်နဲ့ ဖုန်းပြောပြီးပြီဆို အခု သူ့ညီလေး နာရေးလေ"
" ဗျာ...."
ရှောင်းကျန့် မားရဲ့စကားကြောင့် စွံ့အ သွားသည်။ ရိပေါ်... နာရေး...ဒါဘာကိုပြောတာလဲ မနက်ကပဲ သူ ရိပေါ် နဲ့တွေ့လိုက်သေးတယ်လေ...
" ဟယ်လို... သား"
" မား...မား ခုဏကပြောလိုက်တာ ရိပေါ် နာရေးလို့ ပြောလိုက်တာလား".
" ဟုတ်တယ်လေ မနက်ကပဲ သူ စီးလာတဲ့ ဆိုင်ကယ်နဲ့ ကားနဲ့ တိုက်မိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရလာလို့ ဆေးရုံကို ရောက်ပြီး တစ်နာရီလောက်ဆို ဆုံးသွားတာတဲ့ "
ရှောင်းကျန့် မားရဲ့ နောက်ဆက်တွဲစကားများကို မကြားတော့ပဲ ငူငူကြီးဖြစ်သွားသည်။
ဖုန်းပြောနေရာကနေ ငေးငေးငိုင်ငိုင်ဖြစ်သွားသော မောင့်ကိုကြည့်ပြီး မေဟွား ဘေးမှ အသာခေါ်လိုက်သည်။
" မောင်... မောင်..."
" ဟင်...ဘာလဲ မေဟွား"
" မောင် ဘာဖြစ်လို့လဲဟင် "
" မေဟွား မောင် အပြင်သွားရမယ် မေဟွား ပြန်လိုက်တော့နော် မောင် လိုက်မပို့တော့ဘူး"
ထိုစကားကို ခပ်မြန်မြန်ပြောပြီး ရှောင်းကျန့် ပြေးထွက်လာခဲ့သည်။ထို့နောက် ကားကို မြန်မြန်မောင်းလာခဲ့သည်က ရိပေါ် ရှိရာ ဆေးရုံဆီ...
" ကျိုးချန်..."
" မင်း ဘာဘာလုပ်တာလဲ ရှောင်းကျန့်... ပြန်ပါ...ဒီနေရာက မင်းနဲ့ ဘာမှမဆိုင်တာဖြစ်လို့ မင်း ပြန်ပါ"
" ကျိုးချန်... ခဏ...ခဏလေးပါကွာ.. ရိပေါ်က... ရိပေါ်က... "
" ဟုတ်တယ် မင်း မမြင်ချင်တော့ဘူးလို့ ပြောလိုက်တဲ့ ရိပေါ် ငါ့ညီလေး... ဆုံးပြီ... မင်း ကျေနပ်တယ်မလား... ပျော်လေ...မင်း ပျော်လေ... "
ရှောင်းကျန့် ရဲ့ အင်္ကျီကော်လံစကို ဆုပ်ကိုင်ပြီး ကျိုးချန် ပြောလိုက်သည်။
" ငါ့ညီလေး မှာ မင်းကိုချစ်မိတာကလွဲလို့ ဘာအပြစ်များရှိလို့ အဲလိုပြောရက်ရတာလဲ... ဟမ်....မင်းကို ချစ်မိတာကရောအပြစ်လား... အပြစ်လား လို့...မင်းမို့...မင်းမို့ကွာ... "
မဟုတ်ဘူး...ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလေ...ဓာတ်ပုံထဲမှာ အပြစ်ကင်းစင်စွာ ရယ်ပြုံးနေတဲ့ ရိပေါ်က အခုလို အဖြစ်မျိုးနဲ့ ကြုံရမှာ မဟုတ်ဘူးလေ...
ရှောင်းကျန့် ရိပေါ် ဓာတ်ပုံရှေ့ ဒူးထောက်ထိုင်လိုက်ကာ...
" ဘာလို့ ဘာလို့လဲ ပေါက်စီလုံးလေး ရယ် ကိုကို... ကိုကို...မင်းကို ဒီလိုမျိုး...အခုလိုမျိုး... ဟင့်...အင့်...."
ဝမ်းနည်းစွာ ငိုရှိုက်နေသော သူငယ်ချင်းကိုကြည့်ပြီး ကျိုးချန် အပြစ်မတင်ချင်တော့...
" သား..... မား...သားလေး..."
ငိုပြီးဝင်လာသော အမျိုးသမီးကြီးက ရိပေါ် အမေလို့ ပြောစရာ မလိုလောက်အောင် မျက်နှာချင်းဆင်သည်။
" ဘယ်လိုဖြစ်ရတာလဲ တူလေးရယ်...ဦးလေးကိုပြောပါအုန်း"
" ဦးလေး....ကျနော်..."
ကျိုးချန် မှာ ဦးလေးကိုဖက်ပြီးသာ ငိုတော့သည်။
"သား ရယ် ဘာလို့ မားကို ထားခဲ့ရတာလဲ သားလေးအတွက် မား...မားက..."
" အန်တီ..."
ငိုနေရင်း သတိလစ်သွားသော ဝမ်မား ကို ရှောင်းကျန့် ထိန်းပွေ့လိုက်ပြီး...
" ကျနော် တောင်းပန်ပါတယ် အန်တီ ရယ် ကျနော့် အပြစ်တွေပါ..."
.......
လေတဖြူးဖြူးတိုက်နေသော ကုန်းမြင့်တနေရာပေါ်မှာ အုတ်ဂူဖြူလေး တစ်လုံး....
ထိုအုတ်ဂူဖြူလေး ရှေ့မှာတော့ မျက်ရည်များနှင့် လူငယ်တစ်ယောက်...
" ပေါက်စီလေး... ပေါက်စီလေး ကိုကိုတို့ကို ထားခဲ့တာ နှစ်နှစ်ပြည့်ပြီနော်....ကိုကိုလေ...ကိုကို အခု နောင်တတွေနဲ့ ရှင်သန်နေတယ်သိလား....ပေါက်စီလေး မရှိတော့မှ ကိုကို...ကိုကို..ပေါက်စီလေး ကို ချစ်နေမှန်းသိခဲ့တာ...တကယ်တော့ ကိုကို ပေါက်စီလေး ကိုညာခဲ့တာ...တကယ်တော့...တကယ်တော့... ကိုကို ပေါက်စီလေး ကို မြင်မြင်ချင်းချစ်ခဲ့တာ ကိုကို သတ္တိမရှိခဲ့လို့...ပေါက်စီလေး ကို ဆုံးရှုံးခဲ့ရတာ.... သတ္တိမရှိခဲ့တဲ့ ကိုကိုက ပေါက်စီလေး ပေးတဲ့ အပြစ်ကို တသက်လုံးခံယူရင်း ရှင်သန်သွားမယ်နော်...အခု ပေါက်စီလေး ပျော်နေပြီလား...ပေါက်စီလေး ကို ရက်စက်ခဲ့တဲ့ ကိုကို့အဝေးမှာ ပေါက်စီလေး အေးချမ်းစွာနေနော်...ပေါက်စီလေး ရဲ့ ကောကတော့ နိုင်ငံခြားထွက်သွားပြီး ကိုကိုနဲ့ အဆက်သွယ်ဖြတ်ခဲ့တယ်...ကိုကို့ အပြစ်တွေပါ....ကိုကို တောင်းပန်ပါတယ် ပေါက်စီလေး... ပြီးတော့... ကိုကို ပေါက်စီလေး ကို အရမ်းချစ်တယ်နော်...
ထိုအချိန် တိုက်ခတ်သွားသော လေညှင်းလေးက ရှောင်းကျန့် ရဲ့ ဝန်ခံစကားကို အသိအမှတ်ပြုသည့် နှယ်....

****************
The End.
စတာပါ...ဇာတ်လမ်းက အခုမှ စမှာ....

I'm Sorry. Thank YouDonde viven las historias. Descúbrelo ahora