I S. T U (part-28)

148 8 3
                                    

ဒီနေ့ ဝိုင်ချက်စက်ရုံဖွင့်ပွဲနေ့ ဖြစ်တာကြောင့် ရှောင်းကျန့်က မိဘနှစ်ပါးပြင် ဟိုတယ်လုပ်ငန်းမှာ ရှယ်ယာဝင်ထားသည့် နိုင်ငံခြားမှ ရှယ်ယာဝင် လျိုဟိုက်ခွမ်းကိုပါ ဖိတ်ထားသည်။ ထိုသူက ရှောင်းကျန့် နှင့်အရွယ်မတိမ်းမယိမ်းဖြစ်ကာ လူငယ်ပီပီ ဝိုင်ကိုကြိုက်နှစ်သက်သူဖြစ်ကြောင်း သိထား၍ဖိတ်ထားခြင်း ဖြစ်သည်။
ရှောင်းကျန့် လော့ရန်ရောက်နေစဉ် အလုပ်များတာဝန်ယူပေးထားသော ကျိုးချန်ကိုလည်း စိတ်ဝင်စားနေပုံရတာကြောင့် ဟိုက်ခွမ်းကို ကျိုးချန် နှင့်သာ လွှဲထားသည်။ ဖိတ်ထားခြင်းမရှိပဲ ရှောင်းကျန့်ရဲ့ မိဘကိုကပ်လိုက်လာတာက ဖန်းသားအဖ ဖြစ်သည်။
ရှောင်းကျန့်က မိဘနှစ်ပါးနှင့် ရိပေါ် အဖိုးကို မိတ်ဆက်ပေးကာ သားရေး သားရေး ဆွေးနွေးစေခဲ့သည်။
အဖိုးကလည်း ဆွေးနွေးမှုကိုလက်ခံကာ အိမ်မှာပင် တည်းရန်ပြောသောကြောငိ့ ရှောင်းပါးနှင့် ရှောင်းမားက ရိပေါ် အိမ်မှာပဲတည်းကြသည်။ ကျိုးချန် တို့ကတော့ ဟိုတယ်တွင်သာ တည်းကြသည်။
" ငါ့တူနဲ့ တူမ နေရတာ အဆင်ပြေကြရဲ့လား...မြေးရှောင်းကျန့်က တည်းနေကြဆိုတော့ ကိစ္စမရှိပေမဲ့ တူနဲ့ တူမ အတွက်အဆင်မပြေမှာ စိတ်ပူလို့ မေးရတာ.."
" ပြေသလားတော့ မေးမနေပါနဲ့ ဦးလေးရယ် ကျမက အိမ်ကိုမြင်ကတည်းက အဆင်ကိုပြေနေတာ...ဦးလေးနဲ့ ဟောက်ရွှမ်းလေးရဲ့ လက်ရာကလည်း တကယ်စားကောင်းတာ အိပ်ရင်လည်း တရေးနဲ့ကို မိုးအလင်းပဲ..."
" အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ်ကွယ် ငါ့တူတို့အိမ်က နန်းတော်ကြီးလို အကြီးကြီးတဲ့ အိပ်ခန်းတွေဆိုလည်း အကျယ်ကြီးပဲလို့ မြေးငယ်က ပြောပြထားတော့ ဦးလေးက အားနာနေတာ"
" အို....မဟုတ်တာ ဦးလေးရယ် အိမ်ကြီးကြီးနဲ့နေလို့ တနေ့ကို တခါတောင် လေကောင်းလေသန့်မရနိုင်ဘူး ဦးလေးရဲ့ ကျမတော့ ရှောင်းအိမ်တော်ထက် ဟောဒီအိမ်ကိုပဲ အပိုင်လိုချင်တော့တာ.."
" ဦးလေးရေ သတိထားရတော့မယ် တွေ့တာမကြာသေးဘူး အိမ်အပိုင်တောင်းနေပြီ.."
ရှောင်းပါးရဲ့ စကားဆုံးတာနှင့် အားလုံးရယ်လိုက်ကြသည်။
" ဦးလေးရဲ့ မြေးငယ်လေးကို လက်ခံပေးလို့ ဦလေးက ငါ့တူတို့ကို ကျေးဇူးတင်ပါတယ်"
" ကျမတို့ကသာ ကျေးဇူးတင်ရမှာပါ... ကျမတို့သားကြောင့် သားငယ်လေး ခံစားခဲ့ရတယ် အဲဒါကို သိနေရက်နဲ့ သားကို လက်ခံပေးတဲ့ ဦးလေးနဲ့ တူလေးဟောက်ရွှမ်းကို အန်တီက ကျေးဇူးတင်ပါတယ်နော်.."
လူကြီးတွေ စကားဝိုင်းမို့ ဝင်မပါတဲ့ ဟောက်ရွှမ်းက သူ့ကိုကြည့်ကာဆိုလာတဲ့ ရှောင်းမားကြောင့်...
" ရပါတယ် အန်တီ...ရှောင်းကောက ဝမ်ကျယ်လေးကို ခံစားရအောင်လုပ်ခဲ့ပေမဲ့ ကျနော့်ရှေ့မှာ ဝမ်ကျယ်အပေါ်ထားတဲ့ စိတ်ကိုမြင်ရတော့ အဲဒါတွေက မပြောပလောက်ပါဘူး ရှောင်းကောက ဝမ်ကျယ့်ကို တကယ် လေးလေးနက်နက်နဲ့ ချစ်တာမြင်ရတော့ ကျနော် ဝမ်ကျယ့်အတွက် စိတ်ချပါပြီ...အန်တီတို့အနေနဲ့လည်း နားလည်လက်ခံပေးတာ ကျနော် ကျေးဇူးတင်ပါတယ်"
" ဦးလေးတို့ကလည်း သားငယ်ဝမ်ကျယ်လေးဖြစ်နေလို့ကို သားကို စိတ်ချတာပါ.."
...တီ..တီ...
" ကျိုးကောတို့ လာပြီ ထင်တယ်.."
" ဖိုးဖိုး နေကောင်းရဲ့လား.."
ကျိုးချန်က အဖိုးဘေးဝင်ထိုင်ပြီး နှုတ်ဆက်လိုက်သည်။
" ကောင်းပါတယ် မြေးရယ်.."
ဟိုက်ခွမ်း. ကျိရန်နဲ့ ဖန်းသားအဖ ကလည်း ထိုင်ခုံတွင် အသီးသီးဝင်ထိုင်လိုက်ကြသည်။
ဖန်းမေဟွားကတော့ ရှောင်းမားဘေးတွင် ကပ်ထိုင်ပြီး လက်မောင်းကိုကိုင်ကာ....
" အန်တီ နေရတာအဆင်ပြေရဲ့လား...ဟိုတယ်မှာလိုတော့ ပြည့်စုံမှာ မဟုတ်ဘူးထင်တယ်နော်...ဟိုတယ်မှာဆို သမီးက ပြုစုလို့ရတာပေါ့."
ဖန်းမေဟွားရဲ့ စကားကြောင့် အခန်းထဲရှိ ဖန်းသူဌေး ကလွဲလို့ အကုန်မျက်နှာပျက်ကုန်သည်။
" အန်တီ့ အတွက်ကတော့ သားငယ်အိမ်က သုခဘုံပဲ သမီးရဲ့ အိပ်လို့ကောင်း စားလို့ကောင်းနဲ့ ပြန်တောင်မပြန်ချင်တော့ဘူးလို့ အခုပဲ ပြောနေကြတာ.."
ရှောင်းမားရဲ့ စကားက ဖန်းမေဟွားရဲ့ မျက်နှာကို ဖက်ရိုက်သွားသလို မေဟွားခံစားလိုက်ရသည်။ သို့သော်လည်း ဟန်ဆောင်လိုက်ကာ..
" အဟင်း...အန်တီက သဘောကျနေတာပဲ သေချာကြည့်တော့လည်း နေချင်စရာလေးနော်.."
ကျိုးချန်.ဟိုက်ခွမ်း. ဟောက်ရွှမ်း နဲ့ ကျိရန်တို့ ပြိုင်တူတွေးလိုက်တာက... သူပဲ အမျိုးမျိုး...
" ဒါနဲ့ မောင်...အဲ..ကျန့်ကျန့်က မတွေ့ပါလား "
" သားက အောက်ဆင်းမလာသေးဘူး သမီးရဲ့..ညက သားငယ်နဲ့ အတူအိပ်တာဆိုတော့ ညနက်တယ် ထင်ပါရဲ့..အဟင်း...ဟင်း.."
ရှောင်းမား စကားကြောင့် အကုန်လုံးက ပြုံးစိစိဖြစ်ကုန်ပြီး ဖန်းသားအဖ မျက်နှာက အကြီးအကျယ်ပျက်ယွင်းသွားသည်။
............
အပေါ်ထက်က ရှောင်းကျန့်မှာတော့ ရိပေါ် ဆီမှာ အထောင်းမခံရရုံတမယ် ချော့နေရသည်။ သူကလဲ သူပင်...
" အဲဒါကြောင့် မနမ်းပါနဲ့လို့ ပြောတာပေါ့..တားနေတာကို မရပ်ဘူး..အခုဘယ်လိုလုပ်မလဲ နှုတ်ခမ်းက ယောင်နေတဲ့အပြင် ပေါက်ပါပေါက်နေတာ...လည်ပင်းမှာလည်း အကွက်တွေနဲ့...ဟင့်.....ခင်ဗျားကလေ ကျနော့်ကိုဆို အမြဲအသားယူပြီး အရမ်းအနိုင်ကျင့်တယ်..."
ငိုမဲ့မဲ့လေးနှင့် ဆိုလာသော ရိပေါ်လေးကြောင့် ရှောင်းကျန့် ပြာသွားသည်။ သူကလည်း ကလေးကိုတွေ့ရင် ထိချင် ကိုင်ချင်နေတာ...၊ ညကလည်း ကလေးကို အတူအိပ်ဖို့ အတင်းပြောနေလို့ ကလေးက ခွင့်ပြုခဲ့သည်။ ခွင့်ပြုခက်ေရတာနှင့် ကလေးကို ရင်ခွင်ထဲထည့်ကာ အိပ်ရန်ပြင်လိုက်သည်။
မအိပ်ခင် စကားပြောနေတုန်း နှုတ်ခမ်းထော်ထော်ဖူးဖူးလေးကို ကြည့်ရင်း စိတ်မထိန်းနိုင်ပဲ နမ်းရာကနေ လည်ပင်း ညှက်ရိုး စသည် စသည် ရှောင်းကျန့် နမ်းရှိုက်ခဲ့ခြင်း ဖြစ်သည်။ တားနေသည့်ကြားကပေါ့...၊
အခု ဖွင့်ပွဲတက်ဖို suit ဝတ်ဖို့ လည်ပင်းက အကွက်တွေကြောင့် ရိပေါ် ဒေါသထွက်ကာငိုချင်လာခြင်း ဖြစ်သည်။ နှုတ်ခမ်းကလည်း ဖူးယောင်ကာ ပေါက်နေသေးတာကြောင့် ရေခဲကပ်နေရသည်။
" အနိုင်ကျင့်တာ မဟုတ်ပါဘူး ကလေးရယ်... တကယ်ဆို အနိုင်ကျင့်ခံရတာက ကိုကို ပါ.."
မျက်နှာငယ်လေးကို နှုတ်ခမ်းစူကာ ဆိုလာသည့် ရှောင်းကျန့် စကားကြောင့် ရိပေါ် မျက်လုံးပြူးသွားသည်။
" ဘယ်လို....ဘာပြောလိုက်တယ်.."
" တကယ်တမ်း ခံရတာ ကိုကိုလို့ ပြောတာ "
" ကြားလို့မှ ကောင်းကြသေးရဲ့လား...ဆိုစမ်းပါအုံး ဘယ်လိုအနိုင်ကျင့်ခံရလဲဆိုတာ...ယုတ္တိ ရှိအောင်ပြောနော် မဟုတ်ရင် ခင်ဗျား ကျုပ်အကြောင်းသိမယ်"
လက်သီးဆုပ်ကို ပြကာ ပြောလာသည့် ကလေးကြောင့် ရှောင်းကျန့် နည်းနည်းတွန့်သွားသည်။
" တကယ်ဆို ကိုကိုကမှ အနိုင်ကျင့်ခံရတာ ကလေးက မသိလို့ ... ကလေး စကားပြောလိုက်ရင် ထော်သွားတဲ့နှုတ်ခမ်းလေး အဲ့နှုတ်ခမ်းလေးကိုမှ ကလေးက လျှာနဲ့သပ်လိုက်သေးတယ်...ပြီးတော့ စကားပြောလိုက်တိုင်း ရွေ့သွားတဲ့ လည်စိလေးနဲ့ ထင်းနေတဲ့ ညှက်ရိုး ကိုကြည့်ပြီး ကိုကိုမှာ ဘယ်လောက် ထိန်းချုပ်ရခက်လဲ ကလေးသိလား..ကိုကိုက သမာဓိအားကောင်းတဲ့ သူတော်စင်မဟုတ်ဘူးလေ အဲ့တော့ နမ်းမိတာပေါ့ ဒါတောင် ကိုကို...ကိုကို့စိတ်ကို အနည်းထိန်းခဲ့ရတာ မဟုတ်ရင် ကလေး ဒီမနက် ထနိုင်မှာတောင် မဟုတ်ဘူး.."
ရှောင်းကျန့် စကားကိုနားထောင်နေရင်း ရိပေါ် မျက်နှာနီရဲလာသည့် အပြင် ခနွကိုယ်ပါ တွန့်သွားသည်။
" ခင်...ခင်ဗျား...တော်...ဆက်မပြောနဲ့တော့...ခင်ဗျားဟာလေ တကယ့် နှာဘူးကြီး"
" မတော်သေးပါဘူး တကယ်ဆို နမ်းတဲ့ ကိုကို့မှာ အပြစ်မရှိဘူး မြူစွယ်တဲ့ကလေးမှာသာ အပြစ်ရှိတာ..."
" အော်.....ကျနော်က မြူစွယ်တာပေါ့... ဟုတ်လား...အေးပါ ခင်ဗျားမှန်တယ်...သွား အရင်ဆင်းနှင့်တော့ အောက်မှာ စောင့်နေကြမှာ..
" အတူတူဆင်းမယ်လေကွာ"
"..........."
" OK OK ကိုကို အရင်ဆင်းလိုက်မယ်နော်..ကလေးလည်းအမြန်ဆင်းခဲ့နော်"
ရှောင်းကျန့် လျင်မြန်စွာ အခန်းထဲမှထွက်ခဲ့သည်။ မျက်လုံးပြူ အံကြိတ်ပြရင် ဒါနောက်ဆုံး သတိပေးတာဖြစ်သည်။
" တော်သေးတာပေါ့ကွာ အောက်ရောက်လာလို့ ငါက စက်ရုံကို သူဌေး မပါပဲဖွင့်ရတော့မယ် ထင်နေတာ"
ကျိုးချန် စကားကို နှာခေါင်းရှုံ့ ပြလိုက်ပြီး နှစ်ယောပ်ထိုင်ခုံတွင် ထိုင်လိုက်သည်။ ကလေးလာရင် အတူထိုင်လို့ရအောင်...
မေဟွား က ရှောင်းကျန့်နှင့် အတူထိုင်ရန် ထလာတာကြောင့် ရှောင်းကျန့်က ဘေးမျနေရာကို လက်ချလိုက်ပြီး...
" ဒီမှာ ထိုင်လို့မရဘူး မေဟွား... မင်းနေရာမှာ မင်းနေပါ..ဒါ ငါ့ကလေးနေရာဖြစ်လို့..."
မေဟွား မျက်နှာနီနီနှင့် အံကြိတ်ကာ သူ့အဖေဘေးတွင် သွားထိုင်လိုက်သည်။
" စောင့်ပေးနေရလို့ တောင်းပန်ပါတယ်နော်... ကျနော် နည်းနည်းနောက်ကျသွားတယ်"
Suit အစား လည်ထောင်ဆွယ်တာကို ကုဒ်ထပ်ဝတ်ထားသော ကလေးကို ကြည့်ကာ ရှောင်းကျန့် ပြုံး၍...
" ကလေး..လာ..ဒီမှာ လာထိုင်"
ရိပေါ် ရှောင်းကျန့် ပြသည့်နေရာတွင် ထိုင်လိုက်သည်။
" ဘာလို့ ကြာနေတာလဲ ဝမ်ကျယ် လူကြီးတွေ စောင့်နေကြတာ အားနာစရာကြီး.."
" တောင်းပန်ပါတယ်.. ဟို...ကျနော်.."
စကားထစ်နေသော ရိပေါ် ကိုကြည့်ပြီး ကျိုးချန်တို့ သဘောပေါက်လိုက်သည်။ ပုံမှန်အချိန်တွေမှာတောင် စကားပြောရင် ထော်နေသည့် နှုတ်ခမ်းလေးက သိသာစွာယောင်နေပြီး ပေါက်တောင်ပေါက်နေသေးသညိ။
ဒါတင်ပဲလားဆိုတော့ လည်ထောင်ဆွယ်တာ ဝတ်ထားတာတောင် မြင်နေရသည့် နေရာလေးမှာ သိသိသာသာပေါ်နေသည့် အနီရောင်ကွက်က မေးစရာမလိုအောင် ရှောင်းကျန့် လက်ချက်မှန်း ကျိုးချန် သိလိုက်သည်။
" ဝမ်ကျယ်လေး ကို အပြစ်မတင်နဲ့ ဟောက်ရွှမ်း.. ဝမ်ကျယ့်မှာ အပြစ်မရှိဘူး...အပြစ်တင်ရမှာ ဝမ်ကျယ့်ဘေးက ကောင်ကို... ဝမ်ကျယ် ကြာနေတာ ဒင်းကြောင့်..."
ကျိုးချန် စကားကြောင့် ရိပေါ် မျက်နှာက စတော်ဘယ်ရီသီးလို နီရဲသွားပြီး..ရှောင်းကျန့်ကတော့ ဂုဏ်ဆာနေသော အပြုံးကြီးနှင့်...
ဖန်းသားအဖ ကတော့ အကြီးအကျယ် လောင်နေကြသည်။

********


ကျနော် ရေးတာနဲ့ ပတ်သက်ပြီး ဝေဖန်စာလေး တကြောင်းလောက် ရေးပေးကြပါလား.. အကယ်၍ ရေးပေးရင် ဇော်ဂျီ နဲ့ပဲ ရေးပေးကြပါ.ယူနီနဲ့ ဖက်မရလို့..😁
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouOnde histórias criam vida. Descubra agora