I'm Sorry. Thank You (part-10)

280 16 0
                                    

ရှောင်းကျန့် ကျိရန်နှင့် ဖုန်းပြောပြီး အစည်းအဝေးခန်းထဲ ထွက်လာခဲ့သည်။
သွားနေရင်းနှင့်လည်း ကျိရန် ပြောတာကို စဉ်းစားနေမိသည်။
သူတွေ့သင့်သည့် လူတယောက်ကို တွေ့သ ည်တဲ့...ဘယ်သူများလည်း လော့ရန်ဆိုတာ သူ့အနေနဲ့ အခုမှ လက်တွဲလုပ်ကိုင်မည့် နေရာတခု...
Xiao Group ကို လက်လွှဲယူပြီးကတည်းက နိုင်ငံခြားလုပ်ငန်းများနှင့်သာ လက်တွဲပြီး လုပ်ငန်းများချဲ့ ထွင်ခဲ့သည်။
ပြည်တွင်းအနေဖြင့် ဟိုတယ်လုပ်ငန်းများနှင့် ဝိုင်များ ထုတ်လုပ်ခဲ့သည်။
ဝိုင်သောက်ခြင်းကို ကြိုက်နှစ်သက်သော ရှောင်းကျန့်က ဝိုင်ကို ကိုယ်တိုင်ထုတ်လုပ်ဖို့ပါ စိတ်ကူးခဲ့ပြီး အကောင်အထည်ဖော်ခဲ့သည်။
စလုပ်စဉ်က ရှယ်ယာရှင်များက မအောင်မြင်နိုင်ဟုဆိုကာ ကန့်ကွက်ခဲ့ကြပေမဲ့ တနှစ်ကျော်အတွင်းမှာတင် မထင်ထားလောက်အောင် အောင်မြင်မှုရရှိခဲ့သည်။
နိုင်ငံခြားဝိုင်လုပ်ငန်းရှင်များရဲ့ အသိအမှတ်ပြုခြင်းပါရရှိခဲ့သည်။
ယခု လော့ရန်မှာ ဆောက်မည့်စက်ရုံက ဒုတိယမြောက် စက်ရုံဖြစ်ပြီး ဘေဂျင်းနှင့် ယှဉ်လျှင် နယ်ပိုင်းလိုဖြစ်သောနေရာဖြစ်သည်။
ရှောင်းကျန့်အနေဖြင့် တခါမျှပင်မရောက်ဖူးသည့် နေရာဖြစ်လို့ အသိရှိစရာအကြောင်းမရှိ...
သို့သော်လည်း အတွင်းရေးမှူးကျိရန်က မိမိ တွေ့ရမည့် လူတယောက်ရှိနေသည်ဟု ဆိုလာတော့ ရှောင်းကျန့် အတော်စိတ်ဝင်စားသွားသည်။
အကြောင်းမရှိပဲနှင့်တော့ ကျိရန်က အရေးကြီးလေသံနှင့် ပြောမည်မဟုတ်...ထို့ကြောက် အလုပ်များလက်စသတ်ကာ လိုက်သွားမည်ဟု ရှောင်းကျန့် တွေးလိုက်သည်။
အစည်းအဝေးအခန်းထဲရောက်သည်နှင့် ရှယ်ယာရှင်များက မတ်တပ်ရပ်၍ ကြိုကြသည်မို့...
" ထိုင်ကြပါ...."
" Mr.Xiao... လော့ရန်မှာ စက်ရုံထောင့မယ်လို့ကြားတယ်..."
ဖန်းသူဌေးရဲ့ စကားကြောင့် ရှောင်းကျန့် မျက်ခုံးမြင့်လိုက်သည်။
ဖန်းကျင်းဝေ...တချိန်က ခဏတာတွဲခဲ့တဲ့ ဖန်းမေဟွားရဲ့ အဖေ...သူ့သမီးနှင့် ခဏတာတွဲခဲ့တာကို အခွင့်အရေး ယူကာ အများအမြင်မှာ ရှောင်းကျန့် နှင့်အလွန်ဆက်ဆံရေးကောင်းသည့်ပုံ ဟန်ဆောင်သူ...
" သတင်းက တယ်လည်းမြန်တာပဲ ဖန်းသူဌေး တောင်သိသွားပြီဆိုတော့..."
ရှောင်းကျန့် စကားကြောင့် ဖန်းသူဌေး ကမျက်နှာပျက်သွားတာကို ထိန်းလိုက်ပြီး...
" အော်....ဟိုတရက်က လော့ရန်ရဲ့ စပျစ်သီးအရောင်းတာဝန်ခံ ရောက်လာတယ်လို့ကြားမိလို့ပါ"
ရှောင်းကျန့်က ခေါင်းကိုသာညိတ်နေပြီး...
" သိပ်မသေချာသေးပါဘူး...ဒါနဲ့ ကျနော် ဝိုင်လုပ်ငန်း လုပ်ဖို့ပြောတုန်းက ခင်ဗျားတို့ ကန့်ကွက်ခဲ့ကြသလားလို့..."
" အာ...ဟုတ်ပါတယ်...အဲဒါကလည်း လက်ရှိလုပ်နေတဲ့ အရာနဲ့ကွဲနေတာကြောင့်ပါ.... "
" ကျနော်ကို့ မယုံကြည်ခဲ့တာလို့ပြောရင် ပိုမှန်မယ်ထင်တယ်နော်...ကဲပါ...အခုဝိုင်လုပ်ငန်းကလည်း ခင်ဗျားတို့နဲ့ မသက်ဆိုင်ပါဘူး..ဒါက ကျနော် တယောက်တည်း မတည်ထားတာဆိုတော့...အဟင်း...အခု meeting ခေါ်တာက US က ဟိုတယ်လုပ်ငန်းရှင်တယောက်က ကျနော်တို့ ဟိုတယ်လုပ်ငန်းနဲ့ ပူပေါင်းချင်ကြောင်း ကမ်းလှမ်းလာတယ်...သူက US ကဆိုပေမဲ့ ကျနော်တို့လို တရုတ်လူမျိုး တယောက်ပဲ...သူကလည်း ကျနော့်လို လူငယ်တယောက်ပဲ..US ရဲ့ အထင်ကရနေရာတော်တော်များများမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေတည်ဆောက်ထားတဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ပဲ...ကျနော်ကတော့ လက်ခံချင်တယ်..သူ့လိုလူမျိုးနဲ့ လက်တွဲလို့ အကျိုးမယုတ်နိုင်ဘူးလေ..အဲဒါကြောင့် ဆွေးနွေးလို့ရအောင် ကျနော် လူကြီးမင်းတို့ကိုခေါ်လိုက်တာ.."
ရှယ်ယာရှင်များကတော့ အကျိုးမယုတ်နိုင်ဘူးဆိုကတည်းက မျက်လုံးများမှာ လောဘတက်လာသလို အရောင်တောက်လညကြသည်။
ရှောင်းကျန့် ထိုအရာများကို ကြည့်ပြီး ခပ်မဲ့မဲ့သာပြုံးလိုက်သည်။
တယောက်ကို တယောက်တွက်ထိုးကြပြီးတာနှင့် အားလုံးက လက်ခံလိုက်သည်။
" ဒါဆို..လူကြီးမင်းတို့ လက်ခံလိုက်ပြီဆိုတော့ ကျနော် ကမ်းလှမ်းမှုကိုလက်ခံကြောင်း အကြောင်းကြားလိုက်တော့မယ်...ဒီနေ့တော့ ဒီလောက်နဲ့ နားကြတာပေါ့.."
အားလုံးကို နှုတ်ဆက်ပြီး ရှောင်းကျန့် ထွက်လာခဲ့သည်။
ကျိရန် မရှိသော်လည်း အားကိုးရသည့် မန်နေဂျာ ကျင်းရီ ရှိနေလို့ လစ်ဟင်းမှုမဖြစ်ပဲ တော်ကာကျနေသည်။
...ဒေါက်...ဒေါက်...
" ဝင်ခဲ့."
" CEO "
" ကျင်းရီ ပြော.."
" CEO ဖန်းသူဌေး က တွေ့ချင်လို့တဲ့.."
" ဝင်ခိုင်းလိုက်ပါ"
ကျင်းရီ ခေါင်းညိတ်ပြီး ပြန်ထွက်သွားပြီးနောက်..ဖန်းသူဌေး ကဝင်လာကာ...
" သားရှောင်း.."
" ကျနော့်ကို ရှောင်းသူဌေး လို့ခေါ်ပါ ဖန်းသူဌေး... သားရှောင်း ခေါ်ရလောက်အောင်ထိ ကျနော်တို့ မရင်းနှီးဘူးထင်တယ်"
" ကောင်းပါပြီ...အော်...ဒါနဲ့ ကျနော့်သမီး မေဟွား အင်္ဂလန်က မနက်ဖြန်ဆိုပြန်ရောက်တော့မယ်တဲ့ သမီးက ရှောင်းသူဌေး အကြောင်းအမြဲမေးနေတာ"
" သူပြန်လာမယ့်အကြောင်း ဘာလို့ ကျနော့်ကိုလာပြောတာလည်း.. ကျနော်သိပ်နားမလည်လို့မေးတာပါ..သူနဲ့ ကျနော်က ဘာမှမဆိုင်ဘူးလေ"
" ဟုတ်ပါတယ် အခု မသက်ဆိုင်ပေမဲ့ အရင်က..."
" ဒီမှာ ဖန်းသူဌေး... မေဟွား နဲ့ ကျနော်နဲ့ တွဲခဲ့တယ်ဆိုပေမဲ့ သက်တမ်းအားဖြင့် ဆယ်ရက်သာသာလောက်ပဲရှိခဲ့တာ...ကျောင်းတုန်းက ရင်းနှီးမှုရှိခဲ့လို့လည်း တွဲဖြစ်ခဲ့ရုံလောက်ပဲ... တခြားဘယ်လိုပက်သက်မှုမှ မရှိခဲ့ဘူး..."
ဖန်းသူဌေး မျက်နှာက ဟန်မဆောင်နိုင်လောက်အောင် ပျက်ယွင်းသွားသည်။
" ဒါပေမဲ့ ရှောင်းသူဌေး... ကျနော့်သမီးနဲ့ ရှောင်းသူဌေး တို့ကို ကျနော်တို့လူကြီးချင်း စကားပြောဖူးထားတာတော့ မမေ့သင့်ဘူးထင်တယ်"
" ဟား...ဟား...မှန်ပါတယ် ဒါပေမဲ့ ခင်ဗျား သိလား..ပါးနဲ့မားက အခုထိ ကျနော့်ကို အိမ်ထောင်ပြုမဲ့အကြောင်း မပြောသေးဘူးဗျ...ခင်ဗျား တို့ဘက်က သေချာနေပေမဲ့ ကျနော်တို့ဘက်ကတော့ ကျနော့် သဘောထားကိုပဲ အရေးပေးထားတော့..."
ရှောင်းကျန့်က စကားကိုမဆက်ပဲ ပုခုံးသာတွန့်ပြလိုက်သည်။
ဖန်းသူဌေး ကတော့ ဒေါသထွက်စွာပြန်သွားတော့သည်။
ရှောင်းကျန့်ကတော့ လက်မှတ်ထိုးစရာရှိတာများကို လက်စသတ်နေလိုက်သည်။ အရေးမပါတာတွေအတွက် အချိန်ကုန်ခံရအောင် မိမိကအားနေသည့်သူမဟုတ်...
" ကျင်းရီ ခဏလာဦး "
...ဒေါက်....ဒေါက်..."
" ဝင်ခဲ့ကွာ"
" ကျနော် ရောက်ပါပြီ သူဌေး "
" အင်း...ရော့ လက်မှတ်အကုန်ထိုးပြီးပြီ...ကျိရန် မရှိတော့ သူ့တာဝန်ပါ မင်းယူနေရတယ် "
" ရပါတယ် သူဌေး ကျနော် အဆင်ပြေပါတယ်"
" အင်း...ငါ့ရဲ့ Schedule တွေ တပတ်လောက် လွှတ်ထားပေး မနက်ဖြန် လော့ရန်သွားမလို့ "
" ဟုတ်ကဲ့ သူဌေး "
" အေး..ပြီးတော့ US က ကမ်းလှမ်းတာကို လက်ခံကြောင်း အကြောင်းပြန်လိုက်အုံး"
" ဟုတ်ကဲ့ "
" ဒါနဲ့ ငါ အခုအားပြီလား"
" ဟုတ်ကဲ့ သူဌေး အခုကစပြီး အားပါပြီ"
" အ့ဆို ငါ အလုပ်ဆင်းလိုက်တော့မယ် မနက်ဖြန် ခရီးသွားဖို့ ပြင်ဆင်စရာလေးရှိသေးလို့ လိုအပ်ရင် mail သာပို့ထားလိုက် ဟုတ်ပြီလား"
" ဟုတ်ကဲ့ သူဌေး "
ကျင်းရီ ထွက်သွားတာနှင့် ရှောင်းကျန့် ယူစရာရှိတာယူပြီး ပြန်လာခဲ့သည်။
.............
" ကော..."
လက်ပြပြီး အနားရောက်လာသော ကျိရန်က ရှောင်းကျန့် လက်ထဲက အိတ်ကိုယူလိုက်သည်။
" ကိုယ့်ကို စောင့်နေရတာ ကြာပြီလား"
" သိပ်မစောင့်လိုက်ရပါဘူး ကောရဲ့ ကျနော်က တမင်ကြိုထွက်လာတာ လာလေ ကော အကိုဟောက်ရွမ်းက အရှေ့မှာပဲ စောင့်နေတာ"
ကျိကျန်နှင့်အတူ လေဆိပ်မှ ထွက်လာခဲ့သည်။ ဟောက်ရွှမ်း က ရှောင်းကျန့် တို့ကို တွေ့တာနှင့် ကားတံခါးဖွင့်ပေးတော့ ရှောင်းကျန့် မှာအားတောင်နာသွားသည်။
ဟောက်ရွှမ်း က ရှောင်းကျန့် တို့တက်ပြီးသည်နှင့် ကားကိုမောင်ထွက်လာကာ...
" ရှောင်းကော ဒီနေ့လာမယ်ဆိုလို့ ကျနော် အံ့သြသွားတာ "
" ဟုတ်တယ် ညီ အလုပ်တွေနဲနဲအားသွားတာနဲ့ အကိုလည်း ထွက်လာခဲ့တာ... ကျိရန်ရော အဆင်ပြေတယ်မလား "
" ပြေတယ် ကော...အကိုတို့က သဘောကောင်းကြတယ် အကိုတို့ အဖိုးကလည်း ကျနော့်ကိုချစ်တယ် ပြီးတော့ မြေနေရာကိုလည်း အကိုဟောက်ရွမ်းက တွေ့ထားပြီးပြီလို့ပြောတယ်... ကော ရောက်လာမယ်ဆိုတာသိလို့ ကျနော် ကောနဲ့ အတူသွားကြည့်မလို့"
ဟောက်ရွှမ်း ကတော့ ကျိရန်က သူ့သူဌေးကို ဘာလို့ ကောလို့ ခေါ်နေလဲတွေးနေမိသည်။
" ညီ့ကို အကို ကျေးဇူးတင်ရတော့မှာပေါ့ "
" အာ...ရပါတယ် ရှောင်းကောရဲ့ အလုပ်အတူတူလုပ်ကြတော့မှာပဲ တယောက်ကို တယောက် ကူညီရမှာပေါ့"
ရှောင်းကျန့် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ဟောက်ရွှမ်း က တကယ်သဘောထားပြည့်ဝသည့် လူငယ်တယောက်လို့လဲ သတ်မှတ်လိုက်သည်။
အစိမ်းနုရောင်နှစ်ထပ်တိုက်လေးရှိရာခြံဝန်းထဲသို့ ကားကိုကွေ့ဝင်လိုက်တာနှင့် ရှောင်းကျန့် ရင်ထဲအေးချမ်းသွားသည်။
" ရောက်ပြီ ရှောင်းကော... ကျနော့်အိမ်မှာပဲ ရှောင်းကော အတွက်ပါအခန်းပြင်ထားတယ်"
ရှောင်းကျန့် ကားပေါ်ကဆင်းလိုက်ပြီး...
" အားနာစရာ ညီရာ အကို ဟိုတယ်မှာ တည်းလို့ အဆင်ပြေပါတယ်ကွ"
" အားနာစရာမလိုပါဘူး ရှောင်းကော ရာ ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်း တဲ့ ကျနော်က ရှောင်းကော ကို ကိုယ့်အကိုလိုပဲ သဘောထားတာ ပြီးတော့ ကျနော့်အဖိုးလက်ရာက ထိပ်တန်းဟိုတယ်တွေထက် သာတယ်ဗျ"
" ဟုတ်ပါပြီကွာ ကျေးဇူးတင်ပြီးရင်း တင်ပါတယ်"
" လာ အကို ဒီနေ့နားအုံး နက်ဖြန် ကျနော် မြေကွက်လိုက်ပြမယ် ကျနော်ဆို့ ခြံနဲ့ သိပ်မဝေးဘူး"
ရှောင်းကျန့် ဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး အိမ်ထဲသို့ အကဲခက်နေတာကို ဟောက်ရွှမ်း က သတိထားမိပြီး...
" ဝမ်ကျယ်က ခြံထဲသွားတယ် ရှောင်းကော အဖိုးကတော့ ထုံးစံအတိုင်း ဝမ်ကျယ်အတွက် ထမင်းသွားပို့တယ်"
" ထုံးစံအတိုင်း... "
" အော်...ဝမ်ကျယ်က အလုပ်လုပ်ရင် ထမင်းမေ့ ဟင်းမေ့ လုပ်တာ ရှောင်းကောရဲ့ သူက သန်မာတယ်လို့ထင်ရပေမဲ့ တကယ်က အရမ်းခြူခြာတာ ထမင်းစားနောက်ကျရင် အစာအိမ်နာရော အရမ်းအေးတဲ့ဒေသကလူဆိုပေမဲ့ အအေးဒဏ်လည်းမခံနိုင်ဘူးရယ်...ဟ..ဟ..အဲဒါကြောင့် အဖိုးနဲ့ ကျနော်က သူ့ကိုအသေချာဂရုစိုက်ရတာ သူက ပေပေတေတေနေတာ"
" အော်... ညီတို့ အချစ်ခံလေးပေါ့.."
" ဟုတ်တယ် ရှောင်းကော ရ ပါးနဲ့မား ဆုံးတော့ သူက ၁၆ နှစ်ပဲရှိသေးတာ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး သူ့မှာ နှလုံးအားနည်းရောဂါတောင်ဖြစ်သွားတာ "
" အင်း...ကိုယ် စိတ်မကောင်းပါဘူး ညီ "
" အာ...ခရီးပန်းလာတဲ့သူကို ကျနော် စိတ်မကောင်းဖြစ်အောင်လုပ်သလိုဖြစ်နေပြီ..ညီ.. ညီပဲ ရှောင်းကောကို အခန်းထဲလိုက်ပို့ပေးလိုက်နော် အကို ညစာချက်ဖို့ စီစဉ်လိုက်အုံးမယ်"
ရှောင်းကျန့် လည်း ကျိရန် နှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့သည်။
" ဒီအခန်း ကော... ကျနော်က ကော အရှေ့က အခန်း.."
" ကျိရန် ကောတို့ကို အပေါ်ထပ်မှာနေခိုင်းတော့ သူတို့က ဘယ်မှာနေကြလဲ"
" အဖိုးက အောက်ထပ်မှာပဲနေတာ ကော အကိုဟောက်ရွမ်းက ကျနော့် ဘေးခန်းမှာနေတာ ကော ဘေးကအခန်းက အကိုဝမ်ကျယ့် အခန်း "
" ကျိရန်က အကိုဝမ်ကျယ် လို့ခေါ်တာလား "
" ကျနော့ထက် ၂ နှစ်လောက်ကြီးတယ် ကော "
" ကျိရန် ကော အခန်းထဲလိုက်ခဲ့ ကော မေးစရာရှိတယ်"
ကျိရန် ကော ဘာမေးချင်လည်း သိနေတာကြောင့် ကော အခန်းထဲသို့လိုက်ဝင်ခဲ့သည်။
ကျိရန် အခန်းထဲရောက်သည်နှင့် အဝတ်ထုတ်ကို ရောရာချပေးပြီး ကောရှေ့ သွားရပ်လိုက်သည်။
ရှောင်းကျန့် ကုတင်ပေါ်တွင် ထိုင်လိုက်ကာ...
" ထိုင်လေ"
ကျိရန် ခေါင်းညိတ်ပြီး ကော ရှေ့ကခုံတွင်ထိုင်လိုက်သည်။
" ကျိရန် ကောကို ဖုန်းဆက်တုန်းက ကော တွေ့သင့်တဲ့ လူတယောက်တွေ့ထားတယ် လို့ပြောတယ်နော် ဒီလော့ရန်မှာ ကော အသိမရှိဘူး ထင်တယ်... ကောက ဘယ်သူ့ကိုတွေ့ရမှာလဲ.."
" ကော ပြောတာ ကျနော် နားလည်ပါတယ်..ဒီမှာ ကော အသိတင်မဟုတ်ဘူး ကျနော်လည်း အသိမရှိပါဘူး... ကော တွေ့သင့်တဲ့သူက တခြားသူမဟုတ်ဘူး ကော အကိုဟောက်ရွမ်းရဲ့ ညီ အကိုဝမ်ကျယ် ကို"
" ဝမ်ကျယ် ကို "
" ဟုတ်တယ် ကော.. အကိုဝမ်ကျယ် ကိုတွေ့ရမှာ ဘာလို့လဲ ကျနော်မပြောတော့ဘူး..ညကျရင် ကော တွေ့ရလိမ့်မယ်..အခုတော့ ကော နားလိုက်ပါ ကျနော် ညစာစားခါနီးမှ လာခေါ်လိုက်မယ်"
ရှောင်းကျန့်ကတော့ ဇဝေဇဝါနှင့် ခေါင်းသာညိတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်လှဲချလိုက်သည်။
ကျိရန် ပြောသလို ညကျတွေ့ရမှာပဲလေ...
.............
" ကော ကျနော် ပြန်ရောက်ပြီ"
" အေး ဝမ်ကျယ် ရေချိုးပြီးရင် ညစာစားရအောင် အဖိုးရော..."
" ဟုတ်သား...အဖိုးက နေ့လည်က ကျနော့်ကို ထမင်းချိုင့်ပေးပြီးထဲက ချန်အဖိုးနဲ့ ဟိုဘက်ရွာကိုလိုက်သွားတာ ၃ ရက်ကြာမယ်ဆိုပဲ ကျနော်လည်း အဖိုးစိတ်ပြေလက်ပျောက်ဖြစ်ပါစေဆိုပြီး လိုက်သွားခိုင်းလိုက်တာ"
" အော်..ကောက ဧည့်သည်တွေကို အဖိုးလက်ရာကြွားထားတာကွ "
ဝမ်ကျယ်ကတော့ ရှုံ့မဲ့နေသော အကိုကိုကြည့်ကာ ရယ်သာရယ်နေတော့သည်။
" ကျနော် ရေသွားချိုးလိုက်တော့မယ်"
ဝမ်ကျယ်က ဧည့်သည်များတွက်ခူးလာသော စပျစ်သီးနှင့် စတော်ဘယ်ရီသီးထုတ်ကို စားပွဲတွင်တက်ပေးပြီး အပေါ်တက်လာခဲ့တော့သည်။
ဝမ်ကျယ် အခန်းထဲဝင်သွားတာနှင့် ရှောင်းကျန့် အခန်းထဲမှထွက်ကာ ကျိရန် ကိုပါခေါ်ပြီးအောက်ဆင်းလာခဲ့သည်။
အိမ်ရှင်က ထမင်းစားဖို့ထိ လာခေါ်မှာအားနာသောကြောင့်ဖြစ်သည်။
" ဟော ရှောင်းကောတို့ကို ကျနော် လာခေါ်တော့မလို့ ဝမ်ကျယ်လည်း ပြန်ရောက်ပြီလေ"
" အော်...အဲဒါကြောင့် အကို မထွက်လာခင် အခန်းတံခါးပိတ်သံကြားလိုက်တာကိုး.. ဒါနဲ့ အဖိုးကို မတွေ့ပါလား"
" ဟုတ်တယ် ရှောင်းကော ရေ...ကျနော်က ရှောင်းကော ကို အဖိုးလက်ရာကြွားထားတာ အဖိုးက တဖက်ရွာကိုအလည်လိုက်သွားတယ်တဲ့ "
" ရပါတယ် ညီရာ တကူးတက မလုပ်ပါနဲ့"
ကျိရန်ကတော့ ဘာမှဝင်မပြောပဲ ဝမ်ကျယ်ကော ဆင်းလာမှာကိုသာ ရင်ခုန်စွာစောင့်နေခဲ့သည်။ ကော ဘယ်လို တုံ့ပြန်မလဲ အရမ်းသိချင်နေပြီ...
" ကော...ကျနော်ရောက်ပြီ စားရအောင် ဗိုက်ဆာနေပြီ.."
လှေကားပေါ်မှ ဗိုက်ဆာကြောင်းပြောပြီးဆင်းလာသော ညီကိုကြည့်ပြီး ဟောက်ရွှမ်း ပြုံးလိုက်သည်။
ရှောင်းကျန့် ကတော့ ထိုအသံကြောင့် တကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားသည်။
မဟုတ်ဘူးမလား... ဘာလို့ ဝမ်ကျယ် ဆိုသော ကောင်လေးအသံက ပေါက်စီလေး အသံနှင့်တူနေရတာလဲ....
" ဝမ်ကျယ် လာအုံး အရင်မိတ်ဆက်ပေးမယ် "
ဝမ်ကျယ်က ခေါင်းညိတ်ကာ ကော ဘေးဝင်ထိုင်လိုက်သည်။
" ရှောင်းကော ဒါ ကျနော့်ရဲ့ညီ ဝမ်ကျယ် ခေါ် ဝမ်ရိပေါ် တဲ့ ဝမ်ကျယ် ဒါ Xiao Group ရဲ့ CEO ရှောင်းကျန့် တဲ့ "
" ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ရင်းရင်းနှီးနှီး ဝမ်ကျယ်လို့ ခေါ်လို့ရပါတယ်"
ဝမ်ကျယ် မိမိရှေ့က လူကို ပြုံးပြပြီး လက်ကလေးကမ်းကာ နှုတ်ဆက်လိုက်သည်။
ရှောင်းကျန့် စွံ့အနေရာမှာ ရှေ့သို့ရောက်လာသော လက်လေးကို လှမ်းဆွပြီး တင်းတင်းဖက်ကာ...
" ပေါက်စီလေး... ကိုကို...ကိုကို...ပေါက်စီလေး ကို အရမ်းလွမ်းနေတာ...ကိုကို...ပေါက်စီလေး ကို... အင့်...အရမ်းသတိရနေခဲ့တာ...
ဝမ်ကျယ် ကတော့ မိမိကို တင်းတင်းဖက်ပြီးငိုနေသူကို မျက်လုံးလေးပြူးကာ ရုန်းနေသည်။

*************
တန်းလန်းထားခဲ့ပါပြီ.❤💚❤💚

I'm Sorry. Thank YouNơi câu chuyện tồn tại. Hãy khám phá bây giờ