I'm Sorry.Thank You (part-18)

135 8 0
                                    

ကြီးမားသည့် ရှောင်းအိမ်တော်ဝန်းကြီးက ဝမ်ကျယ့်အတွက် စိတ်အပန်းမပြေတာ ဝမ်ကျယ် ကိုယ်တိုင်သိနေသည်။
ရောင်စုံနှင်းဆီပန်းပင်များနှင့် လှပနေသည့် ခြံကြီးက ရှောင်းမားလက်ချက်တဲ့...
နှင်းဆီပန်းကို ကြိုက်လွန်းသူမို့ ဖြူ နီ ပန်းရောင်အပြင် ကိုင်းကူးစိုက်ထားသည့် မျိုးစပ်နှင်းဆီပင်တွေပါ ရှိသေးသည်။
ခြံလုပ်သမားလေးပီပီ ဝမ်ကျယ်ကတော့ အားတိုင်းခြံထဲတွင်ပင် ဆင်းနေသည်။
ကျန့်ကောက အလုပ်မအားသည့်ကြားက မိမိကို နေရာတော်တော်များများ လိုက်ပို့တာကြောင့် ဝမ်ကျယ် အားနာရသည်။
ဒီနေ့တော့ အရေးကြီးဧည့်သည် လာမည်ဆိုသောကြောင့် မိုးလင်းကတည်းက ကျန့်ကောက ကုမ္ပဏီသို့ ထွက်သွားသည်။
ဝမ်ကျယ်လည်း မိမိ ပစ္စည်းများကို သိမ်းသင့်တာသိမ်းထားလိုက်သည်။ လော့ရန် ကို လွမ်းနေပြီမို့ ပြန်ရန် ကျန့်ကောကို ပြောပေမဲ့ တစ်ရက် နှစ်ရက်လောက် ထပ်နေပါအုံးဆိုသောကြောင့် အားနာစွာနှင့် ခေါင်းညိတ်လိုက်သည်။
ပစ္စည်းများသိမ်းပြီး ဝမ်ကျယ် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
" ဟဲ့...အခုရောက်နေတဲ့ ဝမ်ကျယ်ဆိုတဲ့ ကောင်လေးက အရင် သခင်လေးရဲ့ သူငယ်ချင်း ကျိုးသခင်လေးရဲ့ညီ ဝမ်ရိပေါ် နဲ့ တကယ်တူတာနော်..."
" ဟုတ်တယ်ဟ ဆံပင်ပုံလေးပဲကွာတာ...အဲဒီ ဝမ်သခင်လေး ဆုံးသွားတော့ ငါတို့ သခင်လေး အရမ်းခံစားခဲ့ရတာနော်...သခင်လေးက ဝမ်သခင်လေး ကိုအရမ်းချစ်တာ အရမ်းလည်း အလိုလိုက်ခဲ့တာ...သခင်ကြီးနဲ့ သခင်မကြီးဆိုလည်း သည်းသည်းလှုပ်နေတာပဲ.... ဝမ်သခင်လေး ကလည်း အပြုံးချိုချိုလေးနဲ့ သဘောကောင်းချက်...အခု ဝမ်ကျယ် ကတော့ မျက်နှာတည်တည်ကြီးနဲ့ ငါတော့ သဘောမကျပါဘူး..."
" အံမယ်...နင်သဘောကျစရာလား...ဟိုက နင့်တောင်မသိတာကို...သခင်လေးကတော့ တော်တော် ဂရုစိုက်တာနော်..."
" ဂရုစိုက်မှာပေါ့ဟ ဧည့်သည်ပဲဟာ ပြီးတော့ ဝမ်သခင်လေး နဲ့ တူတာကြောင့်လည်းပါမှာပေါ့.."
" ကဲ...တော်ပီ အလုပ်လုပ်ကြရအောင် စကားတွေလျော့တော့..."
လှေကားခြေရင်းမှာ ရပ်နေသော ဝမ်ကျယ် သက်ပြင်းချလိုက်ကာ ခြံထဲဆင်းလာခဲ့သည်။
သူတို့ပြောသလိုပဲ ကျန့်ကောတို့ မိသားစု သူ့ကို ဂရုစိုက်တာ ဝမ်သခင်လေး နဲ့ တူနေတာကြောင့်ပဲထင်ပါတယ်..။
စိတ်မကောင်းလည်း ဖြစ်မိသည်။ ဝမ်သခင်လေး ကို မနာလိုတာမဟုတ်ပေမဲ့ ရရှိနေသည့် ဂရုစိုက်မှုများက အစားထိုးခံဆိုတာ သိနေရတော့ မွန်းကျပ်သလိုခံစားရသည်။
" ဝမ်ကျယ်.. "
" အာ...ကျန့်ကော... အရေးကြီးဧည့်သည် နဲ့တွေ့ရမယ်ဆို..."
" အင်း..တွေ့ပြီးခဲ့ပြီ ဝမ်ကျယ်...ကိုယ် ဝမ်ကျယ့်ကို လာခေါ်တာ"
" ဘယ်သွားမလို့လဲ ကျန့်ကော "
" ဒီနေ့ အိမ်မှာ ပါးနဲ့မား လည်းမရှိတော့ ဝမ်ကျယ် တယောက်တည်းပျင်းနေမှာစိုးလို့ ကိုယ် အပြင်သွားမလို့ လာခေါ်တာလေ.."
" မဟုတ်တာ ကျန့်ကော အလုပ်များနေမှာပေါ့"
" ကိုယ့်မှာ မင်းအတွက် အချိန်တွေအများကြီးရှိပါတယ် ဝမ်ကျယ်.. ကဲ..အဝတ်အစားသွားလဲ ကိုယ်စောင့်နေမယ်...နေ့လည်စာလည်း အပြင်မှာပဲ စားကြတာပေါ့ "
" အဲဒါဆို ခဏနော်..."
အိမ်ရှေ့က ဒန်းလေးပေါ်ထိုင်နေရာမှ စကားပြောနေခြင်း ဖြစ်တာကြောင့် ဝမ်ကျယ် အဝတ်အစားလဲရန် အိမ်ထဲဝင်ခဲ့သည်။
အိမ်ထဲဝင်သွား ဝမ်ကျယ့် ကျောပြင်လေးကိုကြည့်ပြီး ရှောင်းကျန့် ပြုံးလိုက်သည်။
ဒီနေ့ ဝမ်ကျယ့်ကို ချစ်ရေးဆိုရန် တွေးထားခြင်း...တကယ်ချစ်တာလားဆိုတာ မသေချာပေမဲ့ သူ ဝမ်ကျယ့်ကို သူ့အနားမှာပဲ ထားချင်သည်။
ပေါက်စီလေး ကို မမေ့နိုင်သေးပေမဲ့ ဝမ်ကျယ့်ကိုလည်း မစွန့်လွှတ်နိုင်တာကြောင့် သူ အတ္တကြီးစွာ ချစ်ရေးဆိုဖို့ ပြင်ဆင်ခဲ့သည်။
" ကျန့်ကော..."
" ဝမ်ကျယ်..."
တီရှပ်အဖြူပေါ်တွင် ရှပ်အဖြူလက်ရှည်ထပ်ဝတ်ကာ စတိုင်ပန်အနက်ရောင်နှင့် ဖြူနုရှင်းသန့်နေသော ဝမ်ကျယ်လေး...
" ကျန့်ကော..."
မိမိကို ကြည့်ကာ အတွေးများနေပုံရသောကြောင့် ဝမ်ကျယ် ထပ်ခေါ်လိုက်သည်။
" အာ...ဆောရီး... သွားကြမယ်လေ.."
ဒန်းလေးရဲ့ အနောက်နားမှာ ရပ်ထားသော ကားရှိရာသို့...ကားနားရောက်တာနှင့် ဝမ်ကျယ့်အတွက် တံခါးဖွင့်ပေးလိုက်သည်။
ဝမ်ကျယ်ကတော့ အသာပြုံး၍ ဝင်ထိုင်လိုက်တာနှင့် ရှောင်းကျန့် တံခါးပိတ်ပေးပြီး မောင်းသူနေရာသို့လျှောက်သွားကာ ကားပေါ်တက်ပြီး မောင်ထွက်လာခဲ့သည်။
ဝမ်ကျယ်နှင့် အနေနီးလာခါမှ ရှောင်းကျန့် သတိထားမိတာက ဝမ်ကျယ်က ပေါက်စီလေး လို စကားသိပ်မပြော... ပေါက်စီလေး က ရင်းနှီးသွားရင်စကားများတတ်ပေမဲ့ ဝမ်ကျယ်ကတော့ ခပ်အေးအေးသာနေသည်။
အပြင်သို့လိုက်ပို့တိုင်လည်း ကားပြတင်းပေါက်မှ အပြင်ကိုငေး၍သာလိုက်သည်။
ရှောင်းကျန့်ဘက်က စပြောမှသာ ဝမ်ကျယ်က စကားပြောသည်။
ယခုလည်း ထိုနည်းအတိုင်းသာ အပြင်သို့သာ ငေးနေသည်။
ရှောင်းကျန့် အေးချမ်းတိတ်ဆိတ်သော သဘာဝဆန်စွာ ပန်းနွယ်ပင်များနှင့် အလှဆင်ထားသော စားသောက်ဆိုင်တစ်ခုတွင် ကားကိုရပ်လိုက်သည်။
" ဝမ်ကျယ် အချိန်ကလည်း နေ့လည်နီးပြီဆိုတော့ ကိုယ်တို့ နေ့လည်စာအရင်စားကြမယ်နော်...ပြီးမှ တခြားနေရာသွားရအောင်"
" ကျန့်ကော သဘောပါ"
ထို့နောက် ကားပေါ်ကဆင်းပြီး စားသောက်ဆိုင်ထဲ ဝင်လာကြသည်။
တဆိုင်လုံးနီးပါး မှန်များဖြင့် ကာရန်ထားသည်ကြောင့် ထောင့်ကျကျစားပွဲတခုတွင် နေရာယူလိုက်ကြသည်။
" ဒီဆိုင်မှာ တရုတ်အစားအစာ အပြင် အနောက်တိုင်းအစားအစာပါ ရတယ် ဝမ်ကျယ် ကြိုက်တာမှာနော်.."
" ဟုတ်ကဲ့"
မီနူးစာအုပ်ကြည့်နေပေမဲ့ လော့ရန်သားလေး ဝမ်ကျယ်က ရိုးရာအားအစာဖြစ်သည့် ဟော့ပေါ့ သာမှာလိုက်သည်။
ရှောင်းကျန့်လည်း ဝမ်ကျယ် အတိုင်းသာမှာလိုက်ပြီး စတော်ဘယ်ရီဖျော်ရည်ပါ မှာလိုက်သည်။
" ဝမ်ကျယ်..."
" ဗျာ..."
" ဝမ်ကျယ့် ကြည့်ရတာ မျက်နှာသိပ်မလန်းဘူးနော်...ဘာဖြစ်လို့လဲဟင် "
" အာ..ဘာမှမဖြစ်ပါဘူး ကျန့်ကောရဲ့ ကျန့်ကော စိတ်ထင်လို့ပါ"
" အင်းပါ တခုခုဆို ကိုယ့်ကို အားနာစရာမလိုပဲ ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော်.."
" ဟုတ်ကဲ့ ကျန့်ကော..."
စေားစရာတွေလာသည်နှင့် စကားမပြောတော့ပဲ စားလိုက်ကြသည်။ ဝမ်ကျယ်က အစားစားရင် စကားပြောတာမကြိုက်ဘူးမလား...
စားသောက်ပြီးတာနှင့် ရှောင်းကျန့် လူရှင်းသော ပန်းခြံတခုသို့ ကားကို မောင်းလာခဲ့သည်။
ရေကန်လေးနှင့် ရောင်စုံပန်းလေးများရှိသော ပန်းခြံလေးက တော်တော်အနားယူချင်စဖွယ်...
ရေကန်နားက ခုံလေးပေါ်တွင် နှစ်ယောက်သား ဝင်ထိုင်လိုက်ပြီး...
" ဝမ်ကျယ်..."
" ဗျာ ကျန့်ကော.."
" ကိုယ် မင်းကို ပြောစရာရှိတယ်...အခု ကိုယ်ပြောမဲ့ စကားတွေကို ဝမ်ကျယ် စိတ်မဆိုးစေချင်ဘူး ပြီးတော့ ကိုယ် သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ပြောတာဖြစ်လို့ ဝမ်ကျယ် ယုံကြည်ပေးပါ.."
" ဘာများပြောချင်လို့လဲ ကျန့်ကော...စိတ်ဆိုးတယ် မဆိုးဘူးဆိုတာက အင်း...ကျန့်ကော ပြောလာမဲ့စကားပေါ် မူတည်တာပေါ့.."
" ကောင်းပါပြီ...အ့ဆို ကိုယ် ပြောမယ်နော်...ကိုယ်လေ...ကိုယ်...ဝမ်ကျယ့်ကို ချစ်တယ်..ဒီစကားကို ကိုယ် သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ပြောတာပါ...ကိုယ်...ဝမ်ကျယ့် ကို တကယ်ကို ချစ်တယ်..."
" ဗျာ..."
မထင်မှတ်ထားသော စကားကို ကြားလိုက်ရသည်ကြောင့် ဝမ်ကျယ် မျက်လုံးပြူးသွားသည်။
" ဟုတ်တယ် ဝမ်ကျယ်...ကိုယ် မင်းကို ချစ်တယ်...ဟို...ဝမ်ကျယ် စိတ်ဆိုးလားဟင်..."
" ကျန့်ကော..."
" အင်း..."
" ကျန့်ကော ကျနော့ကို ချစ်တယ်ဆိုတာ သေချာလား..."
" သေချာတယ် ဝမ်ကျယ်...ကိုယ် မင်းကို တကယ် ချစ်တာပါ..ဝမ်ကျယ် စိတ်ဆိုးလား"
" မဆိုးပါဘူး... ဒီတိုင်း အံ့သြသွားရုံပါ...ထင်မထားတာကြောင့်လည်း ပါတာပေါ့..."
" အဲဒါဆို ဝမ်ကျယ် ဘယ်လို သဘောရလဲဟင်...ကိုယ့်ကို ပြန်ချစ်နိုင်မလား.."
" ကျန့်ကောက လောဘကြီးလိုက်တာ...အခု ရေတွင်းတူး အခု ရေကြည်သောက်လို့ ရမလားဗျ.."
" အ့ဆို ဝမ်ကျယ် ဆိုလိုတာက... "
" အင်း...ကျနော် စဉ်းစားပေးမယ်..."
" ကိုယ့်ကို အထင်တော့မသေးဘူးမလားဟင် ယောကျာ်းချင်း ချစ်ရေးဆိုတာဆိုတော့.."
" ကျနော်လည်း ခေတ်လူငယ်တယောက်ပါ ကျန့်ကောရယ် လိင်တူချင်းချစ်တာကို နားလည်ပေးနိုင်ပါတယ်...ဒါနဲ့ ကျန့်ကော သိလား ကျနော့် ကောက ကျန့်ကောရဲ့ အတွင်းရေးမှူး ကျိရန်ကို စိတ်ဝင်စားနေတာ.."
" ဘယ်လို...တကယ်လား..."
" အင်း...ကောက ကျိရန်ကို မြင်ကတည်းက စိတ်ဝင်စားသွားတာတဲ့...ကျနော်က ဘယ်တော့ ဖွင့်ပြောမလဲမေးတော့ ကျိရန် ကျောင်းပြီးတဲ့အချိန်မှတဲ့... ကျန့်ကောရော ကျနော့် ကောနဲ့ ကျိရန်ကို သဘောတူလား..."
" ဟောက်ရွှမ်း က တကယ်ကောင်းတဲ့ ယောကျာ်းလေးတယောက်ပဲ ကိုယ် သဘောတူပါတယ်...ဝမ်ကျယ်သာ ကိုယ့်အပေါ် အချိန်အကြာကြီး မယူပါနဲ့နော်..."
မျက်နှာငယ်လေး လုပ်ပြနေသော ကျန့်ကော ကိုကြည့်ပြီး ဝမ်ကျယ် ပြုံး၍ ခေါင်းခါလိုက်သည်။

**********
ချစ်ရေးဆိုလိုက်ပါပြီ...နောက်တပိုင်း warning ပေးမယ်နော်...❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouHikayelerin yaşadığı yer. Şimdi keşfedin