I'm Sorry.Thank You(part-17)

125 10 0
                                    

စက်ရုံအတွက်လိုအပ်သည့် ဘိလပ်မြေ သဲ ကျောက် သံ စသည့် ပစ္စည်းမျာကို ရှောင်းကျန့်ကိုယ်တိုင် ဦးဆောင်ပြီး မှာယူရသည်။
ကုမ္ပဏီ ကို မန်နေဂျာနှင့် ကျိရန်ကိုသာ ခဏလက်လွှဲကာ လော့ရန်မှာပဲ အဆင်ပြေအောင် အရင် စီစဉ်နေရသညိ။
ဝမ်ကျယ်တို့ အိမ်မှာပဲနေဖြစ်သော်လည်း ရက်ကြာလာတော့ အားနာစွာ ဟိုတယ်ပြောင်းနေဖို့ ပြောပေမယ့် ဝမ်ကျယ်တို့ မြေးအဖိုးသုံးယောက်လုံးက အားနာစရာမလိုကြောင်းပြော၍ ဝမ်ကျယ်တို့နှင့်ပဲ အတူနေဖြစ်တုန်းပင်...
အခုဆို လော့ရန်မှာ နှစ်ပတ်ရှိပြီဖြစ်လို့ ဘေဂျင်းကိုပြန်ရတော့မည်။ ကျိုးချန်နှင့် ဟောက်ရွှမ်း တို့ကူညီလို့ ယခုလိုရက်အနည်းငယ်နှင့် လိုချင်သော ပစ္စည်းများအလွယ်တကူရခြင်းဖြစ်သည်။
ယခု ဝမ်ကျယ်တို့ ခြံလေးထဲမှာ ညစာစားပွဲလေး ပြုလုပ်နေခြင်းဖြစ်သည်။
ပစ္စည်းများရရှိပြီမို့ နောက်တပတ်ဆို စက်ရုံစဆောက်ပြီမို့ ပျော်ရွှင်ပွဲနှင့်အတူ ရှောင်းကျန့်တို့ပြန်ဖို့ နှုတ်ဆက်သည့် ပွဲလေးလည်းဖြစ်သည်။
ရှိခဲ့တဲ့ နှစ်ပတ်အတွင်း ရှောင်းကျန့်အနေနဲ့ ဝမ်ကျယ်နဲ့ နီးနီးနေချင်ပါသော်လည်း မိမိထက်ပင် အလုပ်သရဲဖြစ်သော ဝမ်ကျယ်ကြောင့် တစ်အိမ်ထဲနေပြီးဝေးနေသလိုဖြစ်နေခဲ့သည်။
ယခု လူစုံတုန်းလေး ဝမ်ကျယ့်ကို ဘေဂျင်း ခေါ်သွားဖို့ ရှောင်းကျန့် ကြိုးစားမည်။
ဝမ်ချင်မား လက်ဆောင်ပေးထားသော ဆန်အရက်ခွက်ကို ကိုင်ပြီး ရှောင်းကျန့် မတ်တပ်ရပ်ကာ...
" အဟမ်း...ကျနော် ကျေးဇူးတင်ကြောင်းလေး ပြောချင်လို့...အဲ မပြောခင် ဒီဝိုင်ချက်စက်ရုံ နဲ့ ပတ်သက်လို့ ပြောချင်တာရှိတယ် တကယ်တော့ ကျနော်က ဝိုင်သောက်ရတာ ကြိုက်နှစ်သက်တဲ့ သူတယောက်ပါ...အဲဒါကြောင့် ဝိုင်နဲ့ပတ်သက်လို့ စိတ်ဝင်စားစွာ လေ့လာခဲ့တယ် ပြီးတော့ ကိုယ်တိုင်ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တယ် အဲဒါကြောင့် ကျနော့်မိတ်ဆွေ ဝိုင်လုပ်ငန်းရှင်တယောက်နဲ့စပ်တူခဲ့တာ နှစ်နှစ်အတွင်း အောင်မြင်မှု ရခဲ့တယ် ဒါပေမဲ့ ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေက ကန့်ကွက်ခဲ့တယ်...သူတို့လက်မခံပေမဲ့ ကျနော်ဆက်လက်ကြိုးစားခဲ့တယ် အခုဆို ကိုယ်ပိုင်ဝိုင်ချက်စက်ရုံဆောက်တဲ့ထိ ဆိုပါတော့ အခုဆောက်မဲ့ စက်ရုံက ကျနော်တဦးတယောက်တည်းပိုင်ဖြစ်လို့ အခုစက်ရုံမှာ လိုအပ်တာများကို ကျနော်ကလွဲပြီး ဘယ်သူ့ကိုမှ မဆက်သွယ်ပါနဲ့လို့ အရင်ပြောချင်ပါတယ်...စက်ရုံတာဝန်ခံကိုတော့ ဒီဒေသခံဖြစ်တဲ့ ယီဘင်းကို တာဝန်ယူစေချင်တယ် ယီဘင်း လက်ခံပေးပါ.."
ယီဘင်းက နည်းပညာတဣသိုလ်က ဘွဲ့ရဖြစ်ပြီး ဝမ်ချင်တို့နှင့် အိမ်နီးချင်းတယောက်...
" ကျေးဇူးပါ ကော အခုလို ကျနော့်ကို ယုံကြည်ပေးလို့.."
" ရပါတယ်...ပြီးတော့ ဝိုင်ဝန်းကူညီပေးတဲ့သူ တယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ် အထူးကျေးဇူးတင်တာကတော့ ဟောက်ရွှမ်းတို့ မိသားစုကိုပါ ကျနော့်ကို စ လယ် ဆုံး အားလုံးအပြင် နေထိုင်စားသောက်တာကအစ ကူညီပေးကြတယ် တစိမ်းပေမဲ့ ကျနော်အပြင် ကျနော်နဲ့ ပတ်သက်တဲ့သူတွေကိုပါ မိသားစုဝင်လို ကူညီပေးတယ် ဟောက်ရွှမ်း ညီ အကို တကယ်ကျေးဇူးအထူးတင်ပါတယ်"
ရှောင်းကျန့် ဦးညွှတ်၍ ပြောလိုက်တာမို့ ဟောက်ရွှမ်း မှာ ကပျာကယာထပြီး...
" မဟုတ်တာ ရှောင်းကောရာ ကျနော်တို့ အတွက်လည်း မိတ်ဆွေကောင်းတယောက်ရတာမို့လို့ အပြန်အလှန်ပါပဲ ကျနော်တို့ဆီက ထွက်တဲ့ စပျစ်သီးတွေကို ဝယ်တာနဲ့တင် ကျနော်တို့က ပြန်ပြီးကျေးဇူးတင်ရမှာ ပြီးတော့ စက်ရုံဆောက်ပြီးရင် အလုပ်တွေရကြအုံးမှာ ကျနော်တို့ကတောင် ကျေးဇူးတင်ရမှာပါဗျာ..."
" ကဲ...ကဲ...ကလေးတွေ ကျေးဇူးလည်းအပြန်အလှန်တင်ပြီးကြပြီဆို စားကြရအောင် ဗိုက်ဆာနေကြရောပေါ့.."
ဝမ်ဖိုးဖိုးက ဝင်ပြောလိုက်တော့ ရှောင်းကျန့်လည်း ခေါင်းညိတ်၍ ဆန်အရက်ခွက်ကို ကိုင်ပြီး...
" အောင်မြင်မှုအနေနဲ့ ကမ်းပေ့..."
ဝမ်ဖိုးဖိုး ကျိုးချန် ဟောက်ရွှမ်း ဝမ်ချင် ယီဘင်း အပါအဝင် ဝမ်ချင်မား တို့က ခွက်ကိုယ်စီကိုင်ကာ ပြိုင်တူတိုက်၍ သောက်လိုက်ကြသော်လည်း မသောက်တတ်သည့် ဝမ်ကျယ်မှာတော့ အားလုံးကို မျက်မှောင်ကျုတ်ကြည့်ကာ သူ့အတွက်ဖျော်ပေးထားသော စတော်ဘယ်ရီသီးဖျော်ရည်ကို မော့ချလိုက်သည်။
" အဖိုး.."
" အေး..မောင်ရင် "
" ကျနော် အဖိုးကို တခုလောက် ခွင့်တောင်းချင်လို့ "
" ဘာများလဲ မောင်ရင်"
အားလုံးက စားသောက်နေရာမှ ရှောင်းကျန့်အသံကြောင့် လှည့်ကြည့်လာကြသည်။
" ဟို...ဟိုလေ..မနက်ဖြန် ကျနော်ပြန်ရင် ဝမ်ကျယ့်ကို ခေါ်သွားချင်လို့..."
" ဟေ..."
ရှောင်းကျန့် ရဲ့ စကားက ဟိုမရောက် ဒီမရောက်ဖြစ်သွားတာမို့ ဝမ်ဖိုးဖိုး ရော ကျန်လူများပါ အံ့သြကုန်သည်။
ဖက်ထုပ် ပန်းကန်ထဲလက်နှိုက်နေသော ဝမ်ကျယ်မှာလည်း ကျန့်ကော စကားကြောင့် တိုးလို့တန်းလန်းဖြစ်သွားသည်။
" အော်...ဟို... ကျနော်ပြောတာ အလည်...အင်း...ဘေဂျင်းကို အလည်ခေါ်သွားချင်တယ်လို့ပြောတာပါ...အဟဲ..စကားပြောတာလိုသွားတယ်"
" အော် ဒါများ မောင်ရင်ရယ် ခေါ်သွားလို့ရပါတယ် အဖိုးမြေးက ခြံနဲ့အိမ် ဒါနဲ့ပဲအချိန်ကုန်နေရတာ မြေးကြီးတောင် ဟိုဟိုဒီဒီ ရောက်ဖူးပေမဲ့ မြေးငယ်လေးက ဘယ်မှမသွားဘူးရယ် မောင်ရင် ခေါ်သွားမယ်ဆို အဖိုး စိတ်ချပါတယ်"
" အဖိုး...ကျနော် လိုက်မယ်မပြောရသေးဘူးလေ..."
" လိုက်သွားလိုက်ပါ ဝမ်ကျယ်ရာ ရှောင်းကောကခေါ်နေတာပဲ ကျောင်းပြီးသွားကတည်းက ခြံလုပ်ငန်းထဲရောက်ပြီး ဘယ်တွေများသွားဖြစ်တော့လို့လည်း ကောကတော့ ဝမ်ကျယ် လူငယ်တယောက်လို ပေါ့ပေါ့ပါးပါး နေတာလေးမြင်ချင်တယ်ကွာ... လိုက်သွားလိုက် ခြံကိုပူမနေနဲ့ ဝမ်ချင်ရော ကောရော ရှိနေတာကို..."
အဖိုးနဲ့ အကိုဖြစ်သူက လိုက်သွားစေချင်သလို ဝမ်ချင်ကလည်း ခေါင်းညိတ်ထောက်ခံနေတာမို့လို့...
" အ့ဆိုလည်း..ကျနော် လိုက်ခဲ့ပါ့မယ်... ဒါပေမဲ့ ရက်အကြာကြီးတော့ မနေဘူးနော်"
" ဝမ်ကျယ် ပျော်သလောက်နေပါ... ဝမ်ကျယ် စိတ်တိုင်းကျ ကိုယ်လိုက်လျောပေးမယ်...ကျေးဇူးတင်ပါတယ်... "
" ကျန့်ကော က ဘာလို့ ကျေးဇူးတင်တာလဲ"
" ခင်ဗျားလေးကို အလည်ခေါ်လို့ ရလိုလေ.."
မျက်လုံးတဖက်မှိတ်ပြီး ဆိုလာသော ကျန့်ကော ကြောင့် ဝမ်ကျယ့် နားရွက်လေးနီသွားသည်။
.................
လေဆိပ်ထဲရောက်တာနှင့် ကျိုးချန်က တယောက်တည်းအရင်ပြန်သွားကြောင့် ရှောင်းကျန့်က နောက်ကနေ ငြိမ်ငြိမ်လေးလိုက်လာသော ဝမ်ကျယ့် လက်လေးကို ဆွဲကာ လာကြိုသော ကားပေါ်သို့တက်လိုက်သည်။
ကားပေါ်ရောက်သည်နှင့် ပြတင်းပေါက်အပြင်ကိုကြည့်ကာ ငြိမ်နေပါသော ဝမ်ကျယ်ကြောင့် ရှောင်းကျန့် စိုးရိမ်သွားကာ...
" ဝမ်ကျယ်..."
" ဗျာ"
" နေလို့မကောင်းဘူးလား ခေါင်းမူးနေလား..."
" ကျနော် နေကောင်းပါတယ် ကျန့်ကော... ဘာဖြစ်လို့လဲဟင် "
" ဝမ်ကျယ်က ငြိမ်နေတော့ ကိုယ် စိုးရိမ်သွားလို့ပါ.."
" ကျန့်ကော ကတော့ဗျာ မမြင်ဖူးတာတွေကြည့်နေလို့ပါဗျ..မစိုးရိမ်နဲ့တော့ "
" အင်း..."
နာရီဝတ်လောက် စီးပြီးတာနှင့် ကြီးမားသောခြံကြီးတခုထဲသို့ ကားက ဝင်လာခဲ့သည်။
ခြံထဲမှာ စိုက်ပျိုးထားသော ရောင်စုံ နှင်းဆီပန်းများကိုကြည့်ပြီး ဝမ်ကျယ်မှာ အံ့သြလျက်သား...
ထို့နောက် မြင်လိုက်ရသည်က နန်းတော်အလား ကြီးမားသည့် အိမ်ကြီး...
ကားရပ်လိုက်သည်နှင့် ကားတံခါးကို လာဖွင့်ပေးသည့် အလုပ်သမားမိန်းကလေး တယောက်...
" ဝမ်ကျယ်...လာ.."
ကျန့်ကောက အရင်ဆင်းသွားပြီးမှ ဝမ်ကျယ်ရှိရာဘက်သို့ လျှောက်လာပြီး တံခါးလာဖွင့်ပေးသည်။
ရက်ကြာကြာမနေဟု ပြောထားသည့်အတိုင်း တရက် နှစ်ရက်စာလောက်သာ ထည့်လာသော ခရီးဆောင်အိတ်လေးကို လွယ်ပြီး ဝမ်ကျယ် ဆင်းလာခဲ့သည်။
အိမ်အပြင်အဆင်ကို ကြည့်ရုံနှင့် ကျန့်ကော ရဲ့ ကြွယ်ဝချမ်းသာမှုကို မှန်းလို့ရနိုင်သည်မို့ ဘာရယ်မဟုတ် ဝမ်ကျယ် သိမ်ငယ်သလိုခံစားလိုက်ရသည်။
ဟိုဒီလိုက်ကြည့်နေသော ဝမ်ကျယ်ကို ကြည့်ပြီး ရှောင်းကျန့် ပြုံး၍...
" ဝမ်ကျယ်.."
" ဟင်..."
" အဲဒါတွေကို နောက်မှကြည့်...လာ..ဝမ်ကျယ့်ကို ကိုယ့်မိဘတွေနဲ့ မိတ်ဆက်ပေးမယ်"
" ဟမ်..."
" မဟမ်နဲ့ ကိုယ် ပါးနဲ့မား ကို ဝမ်ကျယ့် ခေါ်လာမယ်ပြောထားပြီးသား... လာ..."
ဝမ်ကျယ်ရဲ့ လက်ကိုဆွဲပြီး ဧည့်ခန်းထဲဝင်သွားသော ကျန့်ကောကြောင့် ဝမ်ကျယ် ရှက်သွားသည်။
ဘာလို့ဆို ကျန့်ကောရဲ့ ယခုပုံစံက မသိရင် ချစ်သူမိန်းကလေးကို မိဘများနှင့်မိတ်ဆက်ပေးရန်ခေါ်သွားသည့် ပုံနှင့်တူနေသည်။
.ဗုဒေါ ဝမ်ကျယ် ဘယ်လိုတောင်တွေးလိုပ်တာလဲကွာ.
" ဟော သားတို့လာပြီ...မားက မျှော်နေတာ"
ရှောင်းမားက သားကိုတွေ့တာနှင့် အသာဖက်၍ ကြိုဆိုလိုက်သည်။
" ဒါ သား ပြောတဲ့ ဝမ်ကျယ်လေးလား....လာ သားလေး မားနဲ့အတူထိုင်မယ်...ဖေကြီးရေ ကြည့်ပါဦး... ဝမ်လေးနဲ့ တကယ်တူတာပဲ...သားကျန့် ပြောတုန်းက မားက သိပ်တောင်မယုံခဲ့ဘူး...အခုမြင်လိုက်ရတော့မှ တကယ်ကို ဝမ်လေးနဲ့ တူတာပဲနော်"
" ဟုတ်တယ်နော် ဝမ်မေ့မေ့ တို့သာရှိရင် ဘယ်လောက် ဝမ်းသာကြအလဲ...ဒါနဲ့ သားနာမည်က ဝမ်ကျယ်နော်"
" ဟုတ်ပါတယ်ခင်ဗျ အိမ်နာမည် ဝမ်ကျယ် နာမည်ရင်းက ဝမ်ရိပေါ် ပါ"
" နာမည်ရော လူရောက တထပ်တည်းပဲ သားကျန့် သူငယ်ချင်း ကျိုးချန်အဖေသာ တွေ့ရင် ဘယ်လောက်ပျော်မလဲနော်..."
" ကဲ...စကားတွေနောက်မှပြောကြမယ် သားတို့ ခရီးပန်းလာမှာ အနားယူလိုက်အုံးလေ မားက သားလေးအတွက်ပါ အခန်းအဆင်သင့်ပြင်ထားပြီးသား...သားကျန့် သားငယ်ကို ခေါ်သွားလိုက်"
" ဟုတ်ကဲ့ မား...ဝမ်ကျယ်..လာ.."
ဝမ်ကျယ်က လူကြီးများကို အရိုအသေပေးပြီး ကျန့်ကော နောင်လိုက်လာခဲ့သည်။
လှေကားပေါင်းများစွာတက်လာခဲ့ပြီးနောက်...
" ဝမ်ကျယ် နေရမှာ ဒီအခန်းပဲ လိုအပ်တာရှိရင် ကိုယ့်ကို လာပြော ကိုယ့်အခန်းက ဝမ်ကျယ်နဲ့ မျက်နှာချင်းဆိုင်... ဟုတ်ပြီလား.."
" ဟုတ် ကျန့်ကော..."
" OK အဲဒါဆို နားလိုက်အုံး ထမင်းစားခါနီး ကိုယ်လာခေါ်မယ်နော်"
" ဟုတ်.."
မိမိ ခေါင်းကို အသာပုတ်ကာ အခန်းထဲဝင်သွားသော ကျန့်ကောကို ကြည့်နေပြီးမှ ဝမ်ကျယ်လည်း အခန်းထဲ ဝင်လာခဲ့သည်။
မိမိအိပ်ခန်း နှစ်ခန်းစာလောက်ကျယ်သော အိပ်ခန်းကြီးက ပရိဘောဂ အစုံအလင်နှင့်အတူ နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးကလည်း မွေ့ယာထူထူခင်းထားသေးသည်။
အခန်းပတ်ပတ်လည် ကို ကြည့်ပြီး ဝမ်ကျယ် သက်ပြင်းချလိုက်ကာ ကုတင်ပေါ်လှဲလိုက်သည်။
ဘေဂျင်း ကိုရောက်ကတည်းက စိတ်ထဲဘဝင်မကျမှုက ဖြစ်ပေါ်လာခဲ့သည်။ မရောက်ဖူးသည့် အရပ်ဒေသဖြစ်တာကြောင့်ဟု ဖြေသိမ့်ပေမဲ့ ကျန့်ကော အိမ်ရောက်မှ ပို၍သေချာလာခဲ့သည်။
.ကျန့်ကော... ကျန့်ကော ကျနော့်အပေါ် ထားတဲ့စိတ်က အစားထိုးဖို့လား...ကျနော် စိတ်ထဲခံစားနေရပြီ ကျန့်ကော...

************
ရက်ကြာသွားလို့ တောင်းပန်ပါတယ်. ဆေးထိုးရမဲ့ ကိစ္စတွေကြောင့် အချိန်မပေးနိုင်ဖြစ်နေလို့...ဒီအပိုင်းက နဲနဲပေါ့တယ်...နောက်တပိုင်း ဒီထက်ကောင်းအောင် ရေးပေးပါ့မယ်...RL ထဲ ထည့်ပေးထားတာတွေ့လို့ ကျေးဇူးအထူးတင်ပါတယ်..
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouМесто, где живут истории. Откройте их для себя