I'm Sorry.Thank You (part-21)

144 9 0
                                    

" ဟောက်ရွှမ်း... "
" ဟင်....ရှောင်းကော..."
ခြံထဲမှာ အမှိုက်ရှင်းနေသော ဟောက်ရွှမ်း ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ အလျင်တလို မျက်နှာအနေအထားနှင့် ရှောင်းကောကို တွေ့လိုက်ရသည်။
ထို့ကြောင့် ခြံတံခါးကို ဖွင့်ပေးပြီး.....
" ရှောင်းကော... ဘယ်လိုဖြစ်လာတာလဲ...အကြောင်းမကြား ဘာမကြားနဲ့..."
" ဟောက်ရွှမ်း... ညီ..ဝမ်ကျယ် ရော..."
" ဟမ်...ဝမ်ကျယ်က ခြံသွားတယ်လေ ရှောင်းကောရဲ့... လာပါ အိမ်ထဲရောက်မှ အေးဆေးပြောကြတာပေါ့..."
ထို့နောက် အိမ်ထဲသို့ ဝင်လာကြပြီး ဧည့်ခန်း ထဲရှိ ခုံတွင်ထိုင်ကာ...
" ဟောက်ရွှမ်း... "
" ခဏ ရှောင်းကော...ကျနော်...ရှောင်းကော ကို အရင်မေးစရာရှိတယ်.."
မျက်နှာတည်ကာ လေးလေးနက်နက် ပြောလာသော ဟောက်ရွှမ်း ကြောင့် ရှောင်းကျန့် ခေါင်းညိတ်ကာ...
" မေးပါ ညီ"
" ဟို...ဟင်း.....ရှောင်းကောနဲ့ ဝမ်ကျယ် ဘေဂျင်းမှာ ဘာတွေများဖြစ်ခဲ့သေးလဲ...ဝမ်ကျယ်က ပြန်ရောက်ကတည်းက ရှောင်းကော အကြောင်းမေးရင် ဘာမှမသိသလို ရှောင်ရှောင်သွားတယ် ပြီးတော့ လေယာဉ် နဲ့ ပြန်လာရင် ရရဲ့သားနဲ့ ဝမ်ကျယ်က ကားနဲ့ ပြန်လာတယ်...ပြီးတော့..သူနဲ့အတူ ကောင်မလေးတယောက်လည်း ပါလာတယ်.."
" ဘယ်လို.... "
" ဟုတ်တယ်... ရှောင်းကော အကြောင်းမေးရင် မသိသလိုနေပေမဲ့ အဲဒီ မိန်းကလေးကိုတော့ သူတော်တော်ဂရုစိုက်တယ်..."
ကြားလိုက်ရသည့် စကားများကြောင့် ရှောင်းကျန့် ရင်ထဲပူလောင်သွားသည်။
ဝမ်ကျယ် ကိုယ့်ကို စိတ်နာသွားပြီလား....
...Flashback
ကျိုးချန်  ကျိရန် တို့နှင့်အတူ အလုပ်ကိစ္စ တိုင်ပင်ပြီးတာနှင့် ကျိရန်ထွက်သွားတော့ ဝမ်ကျယ်နဲ့ သူ့အကြောင်း ကျိုးချန် နဲ့ စကားပြောဖြစ်ခဲ့ကြသည်။
ဝမ်ကျယ့်ကို မချစ်ဘူး ဝန်ခံတော့ ကျိုးချန်က အတ္တကြီးတယ် ပြောတာကိုလည်း ရှောင်းကျန့် စိတ်မဆိုးခဲ့ တကယ်လည်း သူ အတ္တကြီးစွာ ဆုံးဖြတ်ခဲ့တာပဲလေ...
ပေါက်စီလေး နေရာအစားထိုးတာလို့ ပြောတုန်းက သူ့ရင်ထဲ အောင့်သွားတာကိုတော့ သူလျစ်လျူရှုလိုက်သည်။
ကျိုးချန် ပြန်သွားတာနှင့် ရှောင်းကျန့် လုပ်စရာရှိတာဆက်လုပ်ရင်း အလုပ်ဆင်းချိန်နီးမှ ပြန်ရောက်လာသော ကျိရန်က...
" ကော..ကျနော် ပြန်ရောက်ပြီနော်...ဝမ်ကျယ်ကောရော ပြန်သွားတာလား.."
" ကျိရန်..ဝမ်ကျယ် ကောဆီ မလာပါဘူးကွ.."
" ဟင်...လာပါတယ် ကောရဲ့ နေ့လည်က ကျနော် ကော အခန်းထဲ့ကထွက်တာနဲ့ အပြင်မှာတွေ့တာလေ ကော မသိအောင်တိုးတိုးနေလို့တောင် ပြောသေးတယ်..."
ကျိရန်စကားကြောင့် ရှောင်းကျန့် တုန်လှုပ်သွားသည်။
" ကျိ..ကျိရန်... ဝမ်ကျယ်က နေ့လည်က ကော အခန်းရှေ့ထိရောက်လာတယ်... ဟုတ်လား.."
" ဟုတ်တယ်လေ ကော...ဘာဖြစ်လို့လဲဟင် "
ရှောင်းကျန့် လုပ်လက်စများကို ထားခဲ့ကာ အခန်းထဲမှ အပြေးထွက်လာခဲ့သည်။
" ကော...ကော  ဘယ်သွားမလို့လဲ... "
မိမိအော်ခေါ်တာတောင် ပြန်မကြည့်ပဲ အပြေးအလွှား ထွက်သွားသော ကောကြောင့် ကျိရန် ခေါင်းခါလိုက်ပြီး ကောစားပွဲပေါ်မှ ကျန်ရှိနေသော အလုပ်များကို သိမ်းလိုက်သည်။
မနက်ဖြန် မှ ဆက်လုပ်လိမ့်မယ်...
ရှောင်းကျန့် ကားကို အလျင်အမြန် မောင်းထွက်လာခဲ့သည်။ မီးနီများပါ ဖြတ်ကျော်ခဲ့တာမို့ ဆဲရေးသံများလည်း ဂရုမစိုက်နိုင်...
.နေ့လည်က အခန်းရှေ့ထိရောက်လာပြီးမှ မဝင်ပြဲပန်ထွက်သွားတာဆိုတော့ ကျိုးချန် နဲ့ သူနဲ့ပြောနေတာတွေ ကြားသွားလို့များ မဝင်ခဲ့တော့ပဲ ပြန်သွားခဲ့တာလား...အဲဒါဆို..
ရှောင်းကျန့် အိမ်ရောက်တာနှင့် ကားကို ခပ်ကြမ်းကြမ်းရပ်ကာ အိမ်ပေါ်သို့ ပြေးတက်လာခဲ့သည်။
" ဟဲ့...သား..ဘာဖြစ်လာတာလဲ...သား.."
အိမ်ရှေ့ခန်းမှာ ထိုင်နေသော မားက ပြေးလာသော သူ့ကို လှမ်းမေးပေမဲ့ သူမဖြေအား...
ဝမ်ကျယ့် အခန်းရှေ့ရေရောက်လာပေမဲ့ တံခါးခေါက်ဖို့ တွန့်ဆုတ်နေသည်။ စိတ်ကိုတင်းကာ တံခါးခေါက်လိုက်ပေမဲ့ တုန့်ပြန်သံမကြားတာကြောင့် စိုးရိမ်သွားပြီး တံခါးကိုတွန်းဖွင့်လိုက်တော့ အလွယ်တကူ ပွင့်သွားသည်။
သပ်ရပ်စွာခေါက်ထားသော အိပ်ယာခင်းနှင့် ဝမ်ကျယ့် အရိပ်အယောင်တောင်မရှိသောကြောင့် ရေးချိုးခန်းတံခါးကိုဆွဲဖွင့်လိုက်သော်လည်း...ထို့နောက် တုန်ရင်လာသောလက်နှင့် အဝတ်ဗီဒိုကို ဖွင့်ကြည့်လိုက်တော့ ရှင့်လင်းနေသော ဗီဒိုကြောင့် ရှောင်းကျန့် အရုပ်ကြိုးပျက်ထိုက်ကျသွားသည်။
" ကိုယ့်ကို...ကိုယ့်ကို မုန်းသွားပြီလား ဝမ်ကျယ်...နှုတ်မဆက်ချင်တော့လောက်အောင်ကို မုန်းသွားပြီလား.... တောငိးပန်ပါတယ်....ကိုယ်....ကိုယိ...တောင်းပန်ပါတယ် ဝမ်ကျယ်ရယ်.... အင့်...."
အိမ်ပေါ်ထပ်သို့ ပြေးတက်သွားသော သားဖြစ်သူကြောင့် ရှောင်မား စိုးရိမ်ကာ လိုက်တက်သွားတော့ ဝမ်ကျယ်အခန်းထဲမှ အသံကြားတာကြောင့် သွားကြည့်လိုက်တော့ အဝတ်ဗီဒိုရှေ့တွင်ထိုင်ကာ ဝမ်နည်းစွာငိုနေသော သားကိုတွေ့လိုက်ရ၍ စိုးရိမ်သွားကာ...
" သား..ဘာဖြစ်လို့လဲ...မားကိုပြော...သား..."
ဝမ်သခင်လေး နာရေးတုန်းကလည်း ယခုလို ဝမ်းနည်းပက်လက်ငိုကြွေးကာ သတိပါလစ်သွားခဲ့တာကြောင့် ရှောင်မား စိုးရိမ်နေခြင်းဖြစ်သည်။
" မား...ဟင့်...ကျနော့်ကို...ကျနော့်ကို... အင့်..ဝမ်ကျယ် မုန်းသွားပြီထင်တယ်...ဟင့်.."
" သားရယ်.."
ဘာအကြောင်းလည်း ရေရေရာရာမသိပေမဲ့ ငိုနေသော သားကို အရင်နှစ်သိမ့်ပေးရသည်။
" ဝမ်ကျယ်နဲ့ ဘာဖြစ်လို့လဲသား... "
" မား...မားသိလား...ဟင့်..ကျနော်လေ..ကျနော်...ဝမ်ကျယ့်ကို.... ပေါက်စီလေးနေရာ အစားထို့ဖို့လုပ်ခဲ့တာ...ကျနော်..ဝမ်ကျယ့်ကို ပေါက်စီလေးနေရာမှာ အစားထိုးပြီး ချစ်ရေးဆိုခဲ့တာ...အခု..အခု...အဲဒါကို ဝမ်ကျယ်က သိပြီး..အင့်...ဝမ်ကျယ် ထွက်သွားပြီ မား..."
" မိုက်လိုက်တာ သားရယ်... ကဲ..ငိုမနေနဲ့တော့ ရေချိုး ပြီးရင် မားတို့နဲ့ ညစာ လာစားလှည့်... နောက်မှ သား ဘာဆက်လုပ်မလဲ...စဉ်းစား...တခုတော့ မားမှာချင်တယ်...ဝမ်ကျယ်လေးကို မချစ်ရင် မပတ်သက်ပါနဲ့... တဖက်လူမှာလည်း ခံစားတတ်တဲ့ အသည်းရှိတယ်...သားလည်း သေချာစဉ်းစားတတ်တဲ့ အရွယ်ရောက်နေပြိီပဲ...သားရဲ့ မသေချာတဲ့ ဆုံးဖြတ်ချက်ကြောင့် သား ချစ်တဲ့သူတယောက်ကို သား ဆုံးရှုံးခဲ့ပြီးပြီ ဒီတခါ သား ဘယ်လို ဆုံးဖြတ်ရမလဲ သေချာစမ်းစစ်ကြည့်..ပြီးမှ သေချာဆုံးဖြတ်...ဟုတ်ပြီလား.."
မားရဲ့ စကားကိုကြောင့် ရှောင်းကျန့် ခေါင်းညိတ်ကာမျက်ရည်များသုတ်လိုက်ပြီး...
" မား ပြောတာ ကျနော် လက်ခံပါတယ်.."
ထိုကိစွနဲ့ပတ်သက်ပြီး  ပါးကလည်း ဒေါသထွက်ခဲ့သည်။
ထိုည တညလုံး ရှောင်းကျန့် အိပ်မပျော်ပဲ စဉ်းစားရင်း လူးလှိမ့်နေခဲ့သည်။ မိုးလင်းခါနီးမှာတော့ သေချာတဲ့ ဆုံးဖြတ်ချက်တခုနှင့် အတူ လော့ရန် လိုက်သွားရန်ပြင်ဆင်နေတုန်း ဟိုတယ်မှာ ဝါယာရှော့ဖြစ်လို့ မသွားလိုက်ရ...
သာမန်ရှော့ဖြစ်တာ မဟုတ်ပဲ လုပ်ကြံခံရတာကြောင့် တလလောက်ကြာမှ ကိစ္စများပြီး၍ လော့ရန်သို့ ထွက်လာချင်းဖြစ်သည်။
...Flashback and...
ရောက်ရောက်ချင်းကြားလိုက်ရသည့် စကားတွေကြောင့် ရင်ထဲအောင့်သွားသည်။
ဝမ်ကျယ်က သူ့အကြောင်းတောင်မကြားချင်တော့အောင် စိတ်နာသွားသည်ထင်ပါရဲ့...
" ရှောင်းကော တယောက်တည်းလာတာလား... "
" ဟုတ်တယ် ညီ...ညီ..."
" ပြောပါ ရှောင်းကော.."
" ညီ မေးတယ်နော်...ကိုယ်နဲ့ ဝမ်ကျယ် ဘာဖြစ်ခဲ့ကြလဲလို့..."
" ဟုတ်ကဲ့.."
" ညီ...နားနဲ့မနာ ဖဝါးနဲ့နာပါ ညီ...ကိုယ်..ကိုယ် ဝမ်ကျယ့်ကို ချစ်တယ်...ဒါကြောင့် ညီ့အနေနဲ့ ကိုယ်နဲ့ ဝမ်ကျယ့်ကို သလောတူလက်ခံပေးနိုင်မလား..."
" လက်ခံတာက ခက်ခဲတဲ့အရာတော့ မဟုတ်ပါဘူး ...ဒါပေမဲ့...ရှောင်းကော ကျနော့်ညီကို တကယ်ချစ်တာလား...ဒီလိုမေးရတာကလည်း ရှောင်းကော ပြောဖူးတယ်လေ ဝမ်ကျယ်နဲ့ ရုပ်ချင်းတူတဲ့ ဝမ်သခင်လေး ကို ရှောင်းကောက အခုချိန်ထိ မေ့မရသလို ချစ်နေတုန်းပဲ ဆိုလို့်မေးကြည့်တာပါ...တကယ်လို့ အခုချိန်ထိ ရှောင်းကော ရင်ထဲမှာ ဝမ်သခင်လေး ရှိနေသေးတယ်ဆိုရင်တော့ ကျနော့်ညီကို ဝမ်သခင်လေး နေရာ အစားမထိုးပါနဲ့လို့ တောင်းဆိုပါရစေ..."
" ကိုယ် ဝန်ခံတယ် ညီ...အစက ဝမ်ကျယ့်ကို ပေါက်စီလေးနေရာ အစားထိုးချင်လို့ ကိုယ် ချစ်ရေးဆိုခဲ့တယ်...အဲဒါကို ဝမ်ကျယ် သိသွားပြီး... ဝမ်ကျယ် အိမ်ကထွက်သွားခဲ့တယ်...ကိုယ့်ကိုတောင် နှုတ်ဆက်မသွားခဲ့ဘူး..."
" ဒါဆို...ရှောင်းကောက..."
" ခဏ ညီ ကိုယ့်စကားမဆုံးသေးဘူး...ဝမ်ကျယ် ထွက်သွားပြီး ကိုယ်သေချာစဉ်းစားခဲ့တယ်...ပြီးတော့ ချက်ချင်းလိုက်လာဖို့ ပြင်နေတုန်း ကိုယ့် ဟိုတယ်မှာ မီးလုပ်ကြံခံရတယ် အဲဒီကိစွတွေ ဖြေရှင်းနေရလို့ အခုလို တလလောက်ကြာသွားတာ...ဒီရက်တွေထဲမှာ ကိုယ် ပိုသေချာခဲ့တာ ဝမ်ကျယ့်ကို ပေါက်စီလေးနေရာအစားထိုးတာမဟုတ်ပဲ ကိုယ် တကယ်ချစ်နေခဲ့တာ...အဲဒါတော့ ယုံကြည်ပေးပါညီ.."
" ခဏ...ရှောင်းကောပြောတာ ဝမ်ကျယ်က ဘေဂျင်းက ထွက်လာခဲ့တာ တလကြာပြီလို့ ပြောချင်တာလား..."
" ဟုတ်တယ်..ညီ..."
" ဒါပေမဲ့... ဝမ်ကျယ် ဒီကို ပြန်ရောက်တာ ၁၀ရက် လောက်ပဲရှိသေးတယ်.... ရှောင်းကော"
" ဘယ်လို..."
" ဟုတ်တယ် ရှောင်းကော...ဝမ်ကျယ် ပြန်ရောက်တာ မကြာသေးဘူး...ပြီးတော့ ပြန်ရောက်တော့ သူက အရင်နဲ့ သိပ်မတူဘူး...သူနဲ့ပါလာတဲ့ မိန်းကလေးအပေါ် အရမ်းဂရုစိုက်တာ... ဝမ်ကျယ်က အရင်ဆို ဝမ်ချင် နဲ့ပဲ ရင်းရင်းနှီးနှီးနေတာ တခြားမိန်းကလေးတွေနဲ့ဆို ခပ်ကင်းကင်းပဲ ဆက်ဆံတာ..."
" ကိုယ်...ကိုယ် ရင်တွေပူလာပြီ ညီရယ်...ဝမ်ကျယ် ဘာများဖြစ်ခဲ့လို့လဲကွာ...ကိုယ့်ကြောင့်ပါ...ကိုယ်မကောင်းလို့..."
" ကဲပါ ရှောင်းကောရယ် စိတ်မပူပါနဲ့ ရှောင်းကောလည်း ခရီးပန်းလာမှာ နားလိုက်ပါအုံး ဝမ်ကျယ် ပြန်လာမှ ကျနော်တို့ သေချာမေးကြည့်ကြတာပေါ့..."
ရှောင်းကျန့် အားလျော့စွာ အိမ်ပေါ်ထပ်သို့တက်လာခဲ့သည်။
အိပ်ခန်းထဲရောက်တာနှင့် ရေချိုးပြီး ရှောင်းကျန့် ကုတင်ပေါ် ပစ်လှဲလိုက်သည်။ ပင်ပန်းတယ်...ဒီရက်တွေမှာ သူအရမ်းပင်ပန်းခဲ့တာ...ထိုနောက်တော့ အိပ်စက်ခြင်းဆီသို့...
ရှောင်းကျန့် အိပ်ယာကနိုးလာတော့ မိုးချုပ်နေပြီ...နာရီကြည့်လိုက်တော့ ၆နာရီပင်ခွဲနေပြီမို့ အိပ်ယာကထပြီး ရေချိုးကာ အောပ်ထပ်ဆင်းလာခဲ့သည်။
အောက်ထပ်ဆင်းရင်း လှေကားခြေရင်းနားရောက်တာနှင့် ကြားလိုက်ရသော ရယ်သံများကြောင့် ရှောင်းကျန့် လျင်မြန်စွာ လျှောက်လာခဲ့တော့ တွေ့လိုက်ရသည်က မိန်းကလေးတယောပ်နှင့် ပြုံးပျော်နေသော ဝမ်ကျယ်...
" ဝမ်ကျယ်.."
သူ့အသံကြောင့် လှည်ကြည့်လာသော ဝမ်ကျယ့် မျက်ဝန်းများက သူ့ကို စိမ်းသက်နေသယောင်...
" အော်...ကော ပြောတဲ့ ဧည့်သည်ထင်တယ်...တွေ့ရတာဝမ်းသာပါတယ်... ကျနော့်နာမည် ဝမ်ရိပေါ် ပါ...ဝမ်ကျယ်လို့လဲ ခေါ်ပါတယ်"
" ဝမ်ကျယ်... မင်း..."
ဝမ်ကျယ် ရဲ့အပြောကြောင့် ရှောင်းကျန့် အပါဝင် ဟောက်ရွှမ်း ရော အဖိုးပါ အံ့သြသွားကြသည်။
" ဝမ်ကျယ်...ဒါ ရှောင်းကောလေ..."
" အာ....ကျနော်နဲ့ သိနေတာလား...ဆောရီး... ကျနော် မမှတ်မိလို့..."
" ဝမ်ကျယ်.. ကိုယ့် ကိုကြည့်... ကိုယ့်ကို စိတ်ဆိုးနေတာလားဟင်...အခုလို မသိသလိုတော့ မလုပ်ပါနဲ့ကွာ...ကိုယ်...ကိုယ်..မခံစားနိုင်ဘူး ဝမ်ကျယ်ရဲ့...ကိုယ့်ကို မကျေနပ်ရင် ရိုက်ပါ...အခုလိုတော့ မလုပ်ပါနဲ့နော်.."
မိမိကို ပုခုံးနှစ်ဖက်မှ ဆုပ်ကိုင်ကာ ဆိုလာသော ရှောင်းကော ဆိုသည့်လူကိုကြည့်ပြီး ဝမ်ကျယ့်ရဲ့ ရင်ဘတ်ထဲ နာကျင်လာသည်။
" ကျနော့်ကို လွှတ်ပါ... ကျနော် ခင်ဗျားကိုမသိဘူး...ခင်ဗျားက ကောရဲ့ ဧည့်သည်မလား...လွှတ်ပေးပါ.."
" ဝမ်ကျယ်...ကိုယ်က မင်းအကိုရဲ့ ဧည့်သည်မဟုတ်ဘူး ဝမ်ကျယ့်ရဲ့ ဧည့်သည် မင်းရဲ့ချစ်သူကွ...ဘာလို့လဲ...ကိုယ့်ကို စိတ်နာသွားလို့ အခုလို တစိမ်းဆန်နေတာလားကွာ...ဟင်..ကိုယ်..အင့်...ကိုယ်တောင်းပန်ပါတယ်နော်...ဝမ်ကျယ်...ကိုယ်မှားခဲ့တယ်ဆိုတာ သိပါတယ်... အဲဒါကြောင့် ကိုယ့်ကို အခွင့်အရေးလေးပေးပါ ဝမ်ကျယ်ရယ်..အခုလို တော့ မစိမ်းကားပါနဲ့ကွာ..အင့်.."
ပြောနေရင်း ငိုလာသော ထိုလူကြောင့် ဝမ်ကျယ် သက်ပြင်းချလိုက်ကာ...
" ခင်ဗျား လူမှားနေတာလို့ ကျနော်ထင်တယ် ကျနော်က ခင်ဗျား ချစ်သူမဟုတ်သလို ခင်ဗျားကိုလည်း မသိဘူး...ပြီးတော့ ကျနော် ယောကျာ်းချင်းချင်း မကြိုက်ဘူး.."
" ဝမ်ကျယ်..."
ဝမ်ကျယ် ရဲ့စကားကြောင့် ဟောက်ရွှမ်း အော်လိုက်သည်။
ရှောင်းကျန့်ကတော့ ဆုပ်ကိုင်ထားသော လက်ကို လွှတ်ချလိုက်ပြီး ခေါင်းညိတ်၍ ဝမ်ကျယ့်ကို မျက်ရည်များနှင့်ကြည့်ကာ နာနာကျင်ကျင်ပြုံးလိုက်ပြီး....
" ကိုယ်...ကိုယ် တောင်းပန်ပါတယ်.."
ထို့နောက် အပေါ်ထပ်သို့တက်လာခဲ့သည်။ ခံလိုက် ရှောင်းကျန့် ဒါ မင်းနဲ့တန်တာပဲ....

************
ရက်ကြာသွားလို့ တောင်းပန်တယ်နော်...
မနက်ဖြန် တပိုင်uးp နိုင်အောင်ကြိုးစားပေးပါမယ်...
ဖေရှောင်း ခံစားအလှည့်ပါလို့....
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouWhere stories live. Discover now