I'm Sorry.Thank You(part-22)

195 7 0
                                    

မိမိရှေ့မှာ တခြား မိန်းကလေးတယောက်နှင့် ရင်းနှီစွာဆက်ဆံနေသော ဝမ်ကျယ့်ကို ရှောင်းကျန့် ရင်နာနာနှင့် ကြည့်နေရသည်။
ဝဠ်လည်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့...ကိုယ့်ကို ချစ်ရေးဆိုခဲ့သော ပေါက်စီလေးတုန်းက မိမိချစ်သူပါဆိုပြီး မိတ်ဆက်ပေးတော့ ပေါက်စီလေး ဘယ်လောက်တောင်ခံစားခဲ့ရမလဲ...
အခု ဝမ်ကျယ်နဲ့ ထို ချင်းချင်းဆိုသည့် မိန်းကလေးက ချစ်သူတောင်မဟုတ် မိမိနာကျင်နေရသည်မဟုတ်လား...
ကိုယ်တိုင် ခံစားဖူးမှ ကိုယ်ချင်းစာတတ်လာတယ်ဆို ဒါမျိုး...
ပေါက်စီလေးရေ...ပေါက်စီလေးအပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေက အခု ကိုကို့ကို ဝဠ်လည်စေပြီထင်ပါရဲ့ကွယ်...
နာကျင်မှုကို ရင်ဝယ်ပိုက်လို့ ရှောင်းကျန့် ဝမ်ကျယ့်ကို ငေးကြည့်နေမိသည်။
ခြံထဲမှာ ရယ်မောကာ စကားပြောနေသော ဝမ်ကျယ်နဲ့ ချင်းချင်း...
ဘာတွေများပြောနေလို့ ဒီလောက်တောင် ပျော်ရွှင်စွာရယ်မောနေတာလဲ ဝမ်ကျယ်...
ဖြူစင်တဲ့ မင်းအပြုံးလေးတွေက ကိုယ့်အတွက်ပဲ ဖြစ်ရမယ်လို့ ကိုယ်သတ်မှတ်ခဲ့တာ...အခုတော့...
" ရှောင်းကော... "
မျက်ရည်ဝဲစွာ ခြံထဲကို ငေးကြည့်နေသော ရှောင်းကော ကို ဟောက်ရွှမ်း ခေါ်လိုက်သည်။
" အော်...ညီ..."
" ရှောင်းကော ခံစားနေရတာကို ကျနော် နားလည်ပေးနိုက်ပါတယ်...ဒါပေမဲ့ ရှောင်းကော အနေနဲ့ ကိုယ့်အပြစ်လို့ မခံယူပါနဲ့... ဝမ်ကျယ် အခုလို ရှောင်းကောကို မမှတ်မိတာ ကြားထဲမှာ တခုခုဖြစ်ခဲ့တယ်လို့ ကျနော် ထင်တယ်...ဘာဖြစ်ခဲ့လဲဆိုတာ ကျနော်တို့ မသိပေမဲ့ ဝမ်ကျယ်နဲ့ပါလာတဲ့ မိန်းကလေးကတော့ သိနိုင်တယ် ရှောင်းကော..."
" ကိုယ်လည်း အဲလိုပဲ ထင်နေတယ် ညီ..."
" ကျနော်လည်း ဝမ်ကျယ် အဲ့မိန်းကလေးနဲ့ ဘယ်လိုဆုံခဲ့လဲ မေးပေမဲ့ ဝမ်ကျယ်က မဖြေဘူး ရှောင်းကော...ပြန်ရောက်တဲ့နေ့ကတည်းက ဝမ်ကျယ်က ခြံထဲသွားရင် သူ့ကို ခေါ်ခေါ်သွားတာ...ပြီးတော့ အဲ့မိန်းကလေးကို ကျနော်ရော အဖိုးရော သဘောမတွေ့ဘူး...ဝမ်ကျယ်က မျက်နှာသာပေးထားတယ်ဆိုပြီး မထီမဲ့မြင် အပြုအမူမျိုးလုပ်တတ်တယ်...ခြံထဲက အလုပ်သမားတွေပြောတာက အဲ့မိန်းကလေးက ခြံကိုရောက်လို့ ဝမ်ကျယ့် ကွယ်ရာရောက်ရင် အလုပ်သမားတွေအပေါ် မခြေမငံပြောဆိုတယ်တဲ့... ပြီးတော့ သူက တနေ့ ဝမ်ကျယ့် ဇနီးဖြစ်လာမှာလို့လဲ ပြောနေတယ်တဲ့..."
" ဘယ်လို..."
" ဟုတ်တယ် ရှောင်းကော...ဝမ်ချင့်ကိုလည်း ဝမ်ကျယ့်နဲ့ မောင်နှမတော်တိုင်း အလုပ်ကို အချောင်မခိုဖို့ ပြောတယ်တဲ့...အဲ့အကြောင်းတွေ ကျနော် ဝမ်ကျယ့်ကို ပြောပြပေမဲ့ ဝမ်ကျယ်က ဘာမှပြန်မပြောဘူး သူပျော်သလိုနေပါစေတဲ့...ဟင်း...ကျနော် ဘာလုပ်ရမလဲတောင် မသိတော့ဘူး ရှောင်းကော ရယ်"
ဟောက်ရွှမ်း ပြောတာကို နားထောင်နေရင်း ရှောင်းကျန့် ဝမ်ကျယ့်အတွက်ပါ စိုးရိမ်လာသည်။
" ညီ...ကိုယ်တို့ တခုခုလုပ်ရတော့မယ် ထင်တယ်...ညီပြောသလိုဆို ဝမ်ကျယ်က သူမှသူ ဖြစ်နေသလိုပဲ..."
" ဟုတ်တယ်...ရှောင်းကော...ကျနော်တို့ ဘာလုပ်ကြမလဲဟင်.."
" အရင်ဆုံး စောင့်ကြည့်နေရမှာပေါ့...ဒီမိန်းကလေးနဲ့ ဝမ်ကျယ့်ကို ကိုယ်တို့ လွှတ်ထားလို့မဖြစ်ဘူး... ဒါနဲ့ ဝမ်ကျယ်က ဒီကို ဘာနဲ့ပြန်လာတာလဲ"
" ကားနဲ့ ပြန်လာတာ ရှောင်းကော... ကျနော်က ဘာလို့ လေယာဉ်နဲ့ ပြန်မလာတာတာလဲ မေးတော့ သူက ဘယ်သွားလို့ လေယာဉ်စီးရမှာလဲတဲ့..."
" ဒါဆိုရင် သေချာတာတခုက ဝမ်ကျယ် လမ်းမှာ တခုခုဖြစ်ခဲ့တယ်...ဘာဖြစ်ခဲ့လဲ သိရအောင် ကိုယ် စုံစမ်းမယ် ညီ...ဒီအတောအတွင်း ကိုယ်တို့ သူတို့ကို နှစ်ယောက်တည်းအတူမရှိနေရအောင် စောင့်ကြည့်ကြတာပေါ့"
ဟောက်ရွှမ်း နှင့် တိုင်ပင်ပြီးတာနှင့် ရှောင်းကျန့် လုပ်စရာရှိတာကို အမြန်ပြင်ဆင်ရတော့သည်။
ကျိုးချန်ကိုပါ အကြောင်းစုံပြောပြပြီး ကုမ္ပဏီကို ခဏလွှဲပြောင်းပေးထားရသည်။ ပါးနှင့်မား ကိုလည်း လော့ရန်တွင် ကြာမည့်အကြောင်း ပြောထားလိုက်သည်။
ထို့နောက် လုယုံတယောက်ကို ဘေဂျင်း လော့ရန် ကားလမ်းသို့လွှတ်ကာ စုံးစမ်းခိုင်းလိုက်သည်။
............
" ဝမ်ကျယ်..."
ဆိုင်ကယ်ပေါ်တက်ရန်ပြင်နေသော ဝမ်ကျယ့်ကို ရှောင်းကျန့် လှမ်းခေါ်ကာ အနားသို့ လျင်မြန်စွာလျှောက်သွားလိုက်သည်။
" ဘာပြောစရာရှိလို့လဲ ရှောင်းကျန့်ကော..."
" ဟိုလေ...ဒီနေ့ ကိုယ် စက်ရုံဘက်သွားမလို့ အဲဒါ ဝမ်ကျယ့် ဆိုင်ကယ်နဲ့ လမ်းကြုံလိုက်လို့ရမလား...ကိုယ့် စက်ရုံက ဝမ်ကျယ်တို့ခြံနဲ့ သိပ်မဝေးတော့လေ.."
" အို...ဘယ်လိုက်လို့ရမလဲ...ရှင်လိုက်ရင် ချင်းက အကို့နောက် ဘယ်လိုလိုက်ရမှာလဲ"
" ဟုတ်တယ် ရှောင်းကျန့်ကော... ကောနဲ့ပဲ သွားလိုက်လေ..."
ငြင်းပယ်လာသော ဝမ်ကျယ့်ကြောင့် ရှောင်းကျန့် အိမ်တံခါးရှေ့ကွယ်ရာမှကြည့်နေသော ဟောက်ရွှမ်း ကို အချက်ပြလိုက်သည်။
" ဝမ်ကျယ်...ရှောင်းကောကို ခေါ်သွားလိုက်..ကော အပြင်သွားစရာရှိလို့.."
ထိုအခါ ချင်းချင်းက ဝမ်ကျယ့်လက်မောင်းကို ဆုပ်ကိုင်ပြီး...
" အကို ပြောပါအုံး...အ့ဆို ချင်းက ဘယ်လိုလိုက်ရမှာလဲ လို့.."
ပျစ်ချွဲချွဲအသံကြောင့် ရှောင်းကျန့် အန်ချင်သွားသည်။
" ကော...ရှောင်းကျန့်ကော ကို ခေါ်သွားရင်..."
" ဝမ်ကျယ်...ကောက ခေါ်ဆိုခေါ်သွားလိုက် မင်းအရင်နဲ့ မတူတော့ဘူးနော်...ပြီးတော့ မင်း အိမ်မှာတရက်နေတော့ ဘာဖြစ်သွားမှာလဲ ခြံထဲကိုနေ့တိုင်းလိုက်ပြီး ဘာမှမလုပ်ပဲ အလုပ်လိုက်ရှုပ်နေတာ ကောင်းတယ်ထင်နေလား ဧည့်သည်က ဧည့်သည်လိုနေ...ဝမ်ကျယ် ကော နောက်တခါမပြောချင်ဘူး.."
ဟောက်ရွှမ်း ခပ်မာမာပြောပြီးလှည့်ထွက်လာခဲ့သည်။
ရှောင်းကျန့် က နှုတ်ခမ်းမဲ့ပြုံးပြုံး၍ ချင်းချင်းကိုကြည့်လိုက်ကာ မျက်ခုံးတဖက်မြှင့်ပြလိုက်သည်။
ရှောင်းကျန့်ကိုကြည့်ပြီး ချင်းချင်းမျက်နှာ နွားချေးခြောက်လို မဲသွားသည်။
" ဝမ်ကျယ် ကိုယ်တို့ သွားရအောင်လေ"
ချင်းချင်း ကိုင်ထားသော ဝမ်ကျယ့် လက်မောင်းကို ဆပ်ကနဲအသာဆွဲ၍ ဆိုင်ကယ်ပေါ် ခွထိုင်လိုက်ပြီး...
" ဝမ်ကျယ်...ကိုယ့်ကို ဦးထုတ်ဆောင်းပေးနော် ကိုယ်က ဆိုင်ကယ်ဦးထုတ်မဆောင်းတတ်လို့.."
ဝမ်ကျယ် ရုတ်တရက် မိမိကိုအသာဆွဲပြီး ဆိုင်ကယ်ပေါ် တက်သွားသော ရှောင်းကျန့်ကိုကြည့်ပြီး အမှတ်မထင်ထိုအပြုအမူနှင့် ထပ်တူကျသည့် ပုံရိပ်များမြင်ပြီး ယိုင်ကနဲဖြစ်သွားသည်။
ယိုင်သွားသော ဝမ်ကျယ့် ကိုယ်လေးကို ဆိုင်ကယ်ပေါ်မှ အသာဖမ်းထိန်းရင်း...
" ဝမ်ကျယ်...ဘာဖြစ်လို့လဲ နေမကောင်းဘူးလား.."
ဝမ်ကျယ် မျက်လုံးဖွင့်လိုက်တာနှင့် နီးကပ်စွာမြင်လိုက်ရသော မျက်နှာချောချောကို ငေးကြည့်နေမိသည်။
ကြည်လင်အေးမြသော မျက်ဝန်းများ နှာတံချွန်ချွန်နှင့် ခပ်ရဲရဲနှုတ်ခမ်းလေး ထို့နောက် ထိုနှုတ်ခမ်းလေးအောက်က မှဲ့နက်လေး...
" ဝမ်ကျယ်..."
ခေါ်သံကြားမှ ဝမ်ကျယ် အသိဝင်လာပြီး...
" သွားရအောင်..."
သွားရအောင်ပြောပြီး ဆိုင်ကယ်ဦးထုတ်ကိုဆောင်းပေးကာ ဆိုင်ကယ်ပေါ်တက်၍...
" ချင်းအာ..အကို သွားပြီနော်..."
ဆိုင်ကယ်ထွက်နှင့် ရှောင်းကျန့်က ဝမ်ကျယ့် ခါးသွယ်သွယ်ကို ပွေ့ဖက်ကာ ကျော်ကိုပါမှီလိုက်သည်။
ထိုအချင်းအရာကိုကြည့်ပြီး ချင်းချင်း ဒေါသထွက်လာကာ...
" ဝမ်ရိပေါ် က ကျမအတွက်ပဲ ရှောင်းကျန့်..."

*******
ရက်ကြာသွားလို့ တောင်းပန်တယ်နော်... ကျနော် ဖျားနေလို့ပါ...
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouTempat cerita menjadi hidup. Temukan sekarang