I'm Sorry. Thank You (part-13)

166 12 0
                                    

" ဝမ်ကျယ် ကောကို စားပြီးရင်ခြံထဲလိုက်ပြမှာလား"
" အင်းလေ ဘာလို့လဲ"
" မေးကြည့်တာပါ...ဒါဆို မနေ့က အရောင်းစာရင်း ငါပဲ စစ်ထားလိုက်မယ်နော် ပြီးမှ နင်လက်မှတ်ထိုးလိုက်"
" အင်း.."
စားသောက်ပြီးတာနှင့် ဝမ်ကျယ်က ဦးဆောင်ပြီး ခြံထဲသို့သွားကြသည်။
ကျယ်ပြန့်စွာရှိနေသော စပျစ်ခင်းကြီးကို ကြည့်ပြီး ရှောင်းကျန့်မှာ ပါးစပ်အဟောင်းသား...
" ဝါး...ဝမ်ကျယ်တို့ စိုက်ခင်းကအကျယ်ကြီးပဲ...မိုက်လိုက်တာ"
" ကျန့်ကောက သဘောကျနေတာလား.."
" ဒါပေါ့ကွ... ဒါနဲ့ ဒီလောက်ခြံအကျယ်ကြီးကို ဝမ်ကျယ်တစ်ယောက်ထဲ ဦးစီးရတာ မပင်ပန်းဘူးလား "
" မပင်ပန်းပါဘူး ကျန့်ကောရ... ကျနော့် ဝါသနာနဲ့လည်းကိုက်တော့လေ...ဒီလိုမျိုး အပင်တွေစိုက်...ဟော..အပင်တွေကအရွယ်ရောက်ပြီး အသီးအပွင့်တွေမြင်ရတော့ ဘယ်လောက်ပျော်ဖို့ကောင်းလဲ..ပီတိလည်းဖြစ်တယ်လေ..."
" ဝမ်ကျယ်က တော်လိုက်တာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးစီးနိုင်တာ.."
" ဟား...ဟား...ကျန့်ကော ကတော့ ပြောတော့မယ်... ကျန့်ကောလည်း Xiao Group ကြီးကို ဦးစီးနေတာပဲလေ... ပြီးတော့ ခြံလုပ်ငန်းနဲ့ ကုမ္ပဏီလုပ်ငန်းနဲ့ ယှဉ်ရင် ကုမ္ပဏီအလုပ်က ပိုတောင်အလုပ်များသေးတာ... ပြီးတော့ ကျန့်ကောက ကုမ္ပဏီ အပြင် ဟိုတယ်တွေ ဝိုင်လုပ်ငန်း တွေပါ ဦးစီးရတာမလား...ပြည်ပမှာတောင် လုပ်ငန်းတွေတိုးချဲ့ ထားတာ ကျန့်ကောက ပိုတောင်ပင်ပန်းအုံးမယ်.."
" ဝမ်ကျယ်က တော်တော်သိတာပဲ"
" မသိပဲနေမလားဗျာ...China ရဲ့ Top 1လုပ်ငန်းစုအကြောင်းကို..."
ဝမ်ကျယ်က စကားပြောရင်းနှင့် စပျစ်သီးတလုံးခူးကာ...
" ရော့.. ကျန့်ကော ဒါကိုစားကြည့်.."
ရှောင်းကျန့် လည်း ယူ၍စားလိုက်သည်။
အရသာက အချဉ်ဘက်သို့များပြီး တဖြေးဖြေးမှ ချိုလာသည်။
" ဘယ်လိုလဲ ကျန့်ကော "
" အင်း...ချဉ်တော့ ချဉ်တယ်... ဒါပေမဲ့...နောက်ပိုင်းတော့ချိုလာတယ်.."
ကျန့်ကော ရဲ့ အရသာမှန်းတတ်ပုံကို ဝမ်ကျယ် အထင်ကြီးသွားသည်။
" ဝိုး...အမှန်ပဲ ကျန့်ကော တော်တယ်...ဟဲ ဟဲ...ဒီကောင်က အစိမ်းသီးမျိုးလေ... အညိုသီးတွေထက်လည်း ကြီးတယ် အရသာကတော့ ကျန့်ကော ပြောသလိုပဲ ချဉ်ပြီးမှ ချိုလာတာ...ဝိုင်ဖြူထုတ်ဖို့အတွက်ဆို အသင့်တော်ဆုံးပဲ....ဒီတိုင်းအသီးကို အေးအောင်ထားပြီးစားရင် လန်းဆန်းသွားတယ်...ဝိုင်အနေနဲ့ဆိုရင်လည်း စိတ်ကိုလန်းဆန်းစေတယ်လေ...သူက အစိမ်းရောင်ပေမဲ့ သူ့ကိုခေါ်ရင် စပျစ်ဖြူလို့ခေါ်ကြတယ်...လုပ်ငန်းရှင်တော်တော်များများက စိတ်ညစ်တဲ့အချိန်...စိတ်ပင်ပန်းတဲ့အချိန်တွေဆို...စပျစ်ဖြူဝိုင်သောက်ကြတာများတယ်.."
" ဝမ်ကျယ်က ဝိုင်မသောက်တတ်ဘူးဆို ဟောက်ရွှမ်း ကပြောတယ်...အခုကျတော့ ဝိုင်အကြောင်းတော်တော်သိတာပဲ.."
" မသောက်တတ်ပေမဲ့ လေ့လာထားတဲ့သဘောပါ...လာ..ဟိုဘက်မှာ ကျန့်ကော တို့ယူမဲ့ အညိုမျိုးတွေလိုက်ပြမယ်"
စပျစ်ဖြူအတန်းများကို ဖြတ်ပြီး အသဲယားစဖွယ် အသီးဝေနေသော အညိုရောင်စပျစ်သီးများ...
" ဒါတွေက ခူးလို့ရပြီလား..."
" မရသေးဘူး... နောက်တစ်လလောက်မှရမှာ စားလို့တော့ ရနေပြီလေ.."
ထို့နောက် ဝမ်ကျယ်က တလုံးခူး၍ ပေးလာသည် ။
" အင်း...သူကတော့ ကိုယ့်အကြိုက်ပဲ...ဝမ်ကျယ်တို့က ဒါကို ဘယ်လိုဖြန့်ဖြူးလဲ"
" အာ...များသောအားဖြင့်တော့ ကုမ္ပဏီတွေကို လက်လီလက်ကား တင်ပို့တာပေါ့...ပြီးတော့ သစ်သီးကုန်သည်တွေနဲ့ ချိတ်ထားတယ်လေ.."
" အဲဒါဆို ကိုယ်တို့နဲ့ သဘောတူထားတဲ့ ကိစ္စအတွက်ကိုရော ကုန်သည်တွေနဲ့.... "
" ကျန့်ကော ပြောတာ ကျနော် နားလည်ပါတယ် အဲဒီအတွက် ပူစရာမလိုပါဘူး... ကျနော်တို့ ခြံကအထွက်နှုန်းက တစ်နှစ်ကို တန်နဲ့ ဆိုရင်တောင် ရာချီထွက်တာမို့လို့ ကျန့်ကော စိတ်မပူပါနဲ့ ကျန့်ကောတို့ လိုအပ်သလောက် ကျနော့်ဘက်က အဆင်ပြေအောင်လုပ်ပေးနိုင်ပါတယ်... အဲဒါကြောင့်လည်း ကျန့်ကော ကမ်းလှမ်းတာကို လက်ခံခဲ့တာပါ.."
" ဟုတ်ပါပြီ ကိုယ် စိတ်ချပါတယ်...စတော်ဘယ်ရီ ကျတော့ရော...မတွေ့မိဘူးနော်"
" စတော်ဘယ်ရီခြံက ဒီခြံနဲ့ ကပ်ရပ်ပေမဲ့ ဝေးတယ် ကျန့်ကော ဒီခြံအကျယ်က ဧက ၁၀၀၀ ကျော်တာမို့လို့..."
" ဧက ၁၀၀၀ ကျော်..."
ရှောင်းကျန့် မျက်လုံးပြူးသွားသည်။ နဲနဲနောနော အကျယ်လား...အဲဒါကြောင့်လည်း အသီးရဖို့ စိတ်မပူဖို့ပြောတာကိုး....
" ကျန့်ကော ပြန်တော့မလား....မြေသွားကြည့်ရမှာဆိုတော့... "
ရှောင်းကျန့် လက်က နာရီကြည့်လိုက်တော့ ၈ နာရီပင်ထိုးပြီးပြီ...
" အင်း...ပြန်တော့မယ်လေ...ကိုယ် ဘာနဲ့ပြန်ရမလဲ ဝမ်ကျယ်လည်း အလုပ်တွေရှိနေတယ်ဆိုတော့.."
" ကျနော်ပဲ လိုက်ပို့ပါမယ်.."
" အဲဒါဆို သွားကြတာပေါ့ "
စပျစ်ခင်းများကို ဖြတ်ပြီး ရုံခန်းရှိရာသို့ ပြန်လာခဲ့ကြသည်။
" ဝမ်ချင်...ငါ ကျန့်ကောကို အိမ်လိုက်ပို့လိုက်အုံးမယ်နော်..."
" အေး..အေး...ကော...မပြန်ခင် ဝမ်ချင့်အိမ်မှာ ထမင်းလိုက်စားရမယ်နော်...မားရဲ့လက်ရာကို ကျွေးချင်လို့.."
ဝမ်ချင့် ခွင့်တောင်းမှုကို ဘာရယ်မဟုတ် ရှောင်းကျန့် ဝမ်ကျယ့်ကို ကြည့်လိုက်သည်။
ဝမ်ကျယ်ကတော့ ဆိုင်ကယ်သော့ယူနေ၍ မမြင်လိုက်...
ဝမ်ချင်ကတော့ မိမိတောင်းဆိုမှုအပြီး ဝမ်ကျယ့်ကို လှမ်းကြည့်လိုက်သော ကောကို ကြည့်ကာ ပြုံးစိစိ....
" အင်းပါ...ကော...လာလည်ပါ့မယ်...အ့ဆို.. ကော သွားပြီနော် "
ရှောင်းကျန့် မျက်နှာစူပုတ်ပုတ်နှင့် ဝမ်ကျယ့်ကို မစောင့်ပဲ ဆိုင်ကယ်အနားလျှောက်သွားသည်။
ဝမ်ချင့်အိမ်သွားလည်မည့် ကိစ္စကို ဘာမှဝင်မပြောသော ဝမ်ကျယ့်ကြောင့် ဘဝင်မကျသလို စိတ်က သိပ်မကြည်တော့...
(*ဝင်ပြောရအောင် ဖေရှောင်း နဲ့က ရည်းစားဖြစ်သေးလို့လား...တဂယ်ပဲ...ဖေရှောင်း တော်တော်ဖြစ်..)
ဝမ်ကျယ်လေးကတော့ ဘာမှမသိ...
ဆိုင်ကယ်နားရောက်တာနှင့် ဦးထုပ်ကို ကိုယ့်ဘာသာဆောင်းထားလိုက်သည်။
ဝမ်ကျယ်က ဆိုင်ကယ်ဆီရောက်တော့ ဦးထုပ်ဆောင်းထားသော ကျန့်ကောကြောင့်...
" ကျန့်ကော ဦးထုပ်ဆောင်းပြီးပြီပဲ.."
ဝမ်ကျယ်လည်း ဦးထုပ်ဆောင်း၍ ဆိုင်ကယ်ကယ်ပေါ် တက်ကာ...
" ကျန့်ကော ထိုင်လို့ရပြီ..."
ရှောင်းကျန့် ဆိုင်ကယ်ပေါ်တက်ပြီးတာနှင့် ဝမ်ကျယ့်ကို မဖက်တော့ဘဲ ခုံအောက်နားက လက်ကိုင်ကိုသာ ကိုင်ထားလိုက်သည်။
" ကျန့်ကော ရပြီလား"
ခါးပေါ်သို့ရောက်မလာသော လက်ကြောင့် ဝမ်ကျယ်မေးလိုက်သည်။
" ရပြီ မောင်းလို့ရပြီ"
" ကျနော့်ကို ဖက်ထားလေ ပြုတ်ကျအုံးမယ်"
" ရတယ်"
ဆောင့်အောင့်ပြီးပြောလာသော အသံကြောင့် ဝမ်ကျယ် အံ့သြသွားသည်။
ကျန့်ကော ဘာဖြစ်သွားတာလဲ... ထို့နောက်တော့ ဘာမှမတွေးတော့ပဲ မောင်းထွက်လာခဲ့သည်။
အိမ်ရှေ့ရောက်တာနှင့် ဦးထုပ်ချွတ်ကာ ဘာမှမပြောပဲ ဝင်သွားသော ကျန့်ကောကြောင့် ဝမ်ကျယ် အတွေးရခက်သွားသည်။
( ဖေရှောင်း ကောက်စိန်ဖြစ်သွားတာ😁)

********
မျှော်တဲ့သူရောရှိရဲ့လား...မရှိလည်း up မှာပါလို့...uni နဲ့ မ up ဘူးလားမေးလာလို့... ဇော်ဂျီ နဲ့ ပြီးမှ uni နဲ့ တင်ပေးပါမယ်နော်..
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouTahanan ng mga kuwento. Tumuklas ngayon