I S. T U (part-27)

139 8 0
                                    

" ဆိုတော့ ခင်ဗျားနဲ့ ကျနော် အတူနေဖြစ်တာ ပီယဆေး ဖြေဖို့အတွက်ပေါ့... အခုလို ကူညီလို့ ကျေးဇူးတင်ပါတယ်.. ခင်ဗျားလည်း ဒီရောက်တာ ကြာနေပြီဆိုတော့ ပြန်သင့်ပြီပေါ့..အဲတော့ ခင်ဗျား ပြန်တော့.."
" ကလေး.."
" ဝမ်ကျယ်... "
ရိပေါ် ရဲ့စကားကြောင့် ရှောင်းကျန့် နှင့် ဟောက်ရွှမ်း အံ့သြသွားသည်။ "
" ဟုတ်တယ်လေ ခင်ဗျားလည်း အလုပ်တွေရှိနေတာပဲ မဟုတ်လား CEO Xiao ရဲ့..အဲတော့ ပြန်သင့်ပြီလေ..ခင်ဗျားရဲ့ မိဘတွေလည်း သူတို့သားကို မျှော်နေလောက်ပြီပေါ့..."
" ကလေး..."
" ကျနော် ကလေးမဟုတ်ဘူး"
" ဟုတ်ပါပြီ...ဝမ်ကျယ်..ကိုယ် ဝမ်ကျယ့်ကို ရှင်းပြစရာတွေကျန်သေးတယ်...နားထောင်ပေးမယ် မလားဟင်...ပြီးတော့ ကိုယ် ဝမ်ကျယ့်ကို ချစ်တယ်.."
" ချစ်တယ်...ရှောင်းကျန့် ကျနော်က ဝမ်သခင်လေး မဟုတ်ဘူးနော်...နာမည်.ရုပ်ရည် တူနေရုံနဲ့ ကျနော့်ကို ဝမ်သခင်လေး နေရာမစားမထိုးနဲ့ ကျနော် ဝမ်ကျယ် ဝမ်ရိပေါ် က အစားထိုးခံမဟုတ်ဘူး..."
ရှောင်းကျန့် ခေါင်းတဆက်ဆက်ညိတ်ကာ..
" မင်းက အစားထိုးခံ မဟုတ်ပါဘူး ဝမ်ကျယ်...မင်းကကိုယ့်ရဲ့ ရင်ခွင်နန်းတော်ထဲက တပင်တိုင် နတ်ဘုရားလေးပါ..ကိုယ်မှားခဲ့တာပါ..မင်းကို ပေါက်စီလေး နေရာအစားထိုးဖို့ ကြံစည်ခဲ့ပေမဲ့..ဝမ်ကျယ် မင်းသိလား...မင်းထွက်သွားပြီးတဲ့နောက် ကိုယ်သိခဲ့တာ မင်းကို အဆုံးရှုံးမခံနိုင်ဘူး.. တကယ်တော့ ကိုယ်က ကိုယ့်ခံစားချက်ကို ကိုယ်မသိခဲ့တာ ကိုယ် ညံ့ခဲ့တာပါ...ပေါက်စီလေးတုန်းကလည်း ကိုယ်တွေဝေခဲ့ပြီးပြီ..ဒီတခါလည်း ကိုယ်မပြတ်သားခဲ့လို့ မင်းကို ဆုံးရှုံးမလိုဖြစ်ခဲ့ရပြီ..ကိုယ်တောင်းပန်ပါတယ်...ဝမ်ကျယ်..ကိုယ့်ကို ကိုယ့်ကို အခွင့်ရေးတကြိမ်လောပ်ပေးနိုင်မလားဟင်...အင့်.."
မျက်ရည်များကျပြီး ဒူးထောက်မတက်တောင်းပန်နေသော ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ် မျက်နှာလွှဲလိုက်သည်။ ရင်ထဲမှာလည်း တင်းကျပ်စွာ ခံစားလိုက်ရသည်။
ထိုလူရဲ့ မျက်ရည်များကို မခံစားနိုင်..ထိုလူ မျက်ရည်မကျအောင် စွမ်းဆောင်ချင်ပါသော်လည်း ရိပေါ် ထိုလူကို မယုံရဲ..ထိုလူ ငိုနေတာလည်း မကြည့်နိုင်... ဟူး...
" ဝမ်ကျယ်...ခွင့်လွှတ်ပေးလိုက်ပါ...ရှောင်းကော အိမ်ကို စရောက်တဲ့နေ့ကတည်းက ကောကို အကုန်ပြောပြခဲ့လို့ ကော အကုန်သိပြီးသားပါ..အဖိုးလည်းသိတယ်..ဝမ်ကျယ် ဟိုမိန်းကလေး နဲ့ ရင်းရင်းနှီးနှီးနေတုန်းက ရှောင်းကော ခံစားနေရတာကို ဘေးလူဖြစ်တဲ့ ကောတောင် ခံစားမိတယ်...ရှောင်းကောက ဝမ်ကျယ် ကို တကယ်ချစ်တာပါ...အဲဒါကြောင့် ရှောင်းကောကို အခွင့်ရေးတကြိမ်တော့ပေးလိုက်ပါ..ပြီးတော့ ဝမ်ကျယ်တို့က အတူတောင်နေပြီးပြီပဲ..."
ဟောက်ရွှမ်း စကားဆုံးတာနှင့် ဝမ်ကျယ့် မျက်နှာရဲသွားသည်။ ရှောင်းကျန့်ကို ကြည့်လိုက်တော့ မျှော်လင့်ချက်ပြည့်နေသော မျက်လုံးတောက်တောက်လေးများဖြင့် ခုဏကငိုနေတာ သူမဟုတ်တဲ့အတိုင်း....
တကယ်ဆို ရိပေါ်လည်း ရှောင်းကျန့်ကို ချစ်နေတုန်းပဲ ဖြစ်သည်။ ဘယ်တုန်းကမှ မမုန်းခဲ့..အစားထိုးခံ အဖြည့်ခံနေရာ ရောက်ရှိနေတုန်းကလည်း ရိပေါ် ရှောင်းကျန့်ကို မမုန်းခဲ့ပါ..အရင်ကလည်း ချစ်ခဲ့သလို အခုလည်း ချစ်နေဆဲ နောင်လည်းဆက်ချစ်နေအုံးမှာပင်...
ရိပေါ် သက်ပြင်းအသာချကာ..
" ဟင်း....ကောင်းပြီလေ ခင်ဗျားကို ကျနော် အခွင့်အရေးပေးမယ်..ကျနော့် အချစ်ကို ရဖို့ ခင်ဗျားကို အချိန် ၂လ ပေးမယ်...အဲဒီ ၂လ အတွင်း ခင်ဗျားကို ကျနော် ချစ်လာအောင် ကြိုးစား...၂လ ကျော်သွားရင်တော့ ဒီဘဝ ဒီမျှနဲ့ အဆုံးသတ်ကြတာပေါ့.."
" ဝမ်ကျယ်...ဝမ်ကျယ်..တကယ်ပြောတာနော်..ကောင်းပြီ..ကိုယ်ကြိုးစားမယ်...မင်းဆီကအချစ်ကို ရအောင် မင်းပေးတဲ့ အချိန်၂လ အတွင်း ကိုယ်ရအောင်ကြိုးစားမယ်...ကျေးဇူးတင်ပါတယ်..ကိုယ့်ကို အခုလို ကြိုစားးခွင့်ပေးလို..."
.................
ရိပေါ်လေး ပေးတဲ့ အချိန်၂လအတွင်း ရှောင်းကျန့် ရိပေါ် ဆီက အချစ်ရအောင် နည်းမျိုးစုံကြိုးစားရသည်။ လော့ရန် မှာ ကြာနေလို့ ဘေဂျင်းပြန်ရသေးသည်။
မိဘနှစ်ပါးကို အကြောင်းစုံပြောလို့ ရိပေါ် နဲ့သဘောတူဖို့ ခွင့်တောငိးရသေးသည်။ ပါးနဲ့မားကတော့ သူ့သဘောကိုသာ အရေးပေးကာ လက်ခံပေးကြသည်။
အိပ်ချင်ယောင်ဆောင်တဲ့သူနှိုးရခက်တယ် ဆိုတဲ့စကား တကယ်မှန်သည်။ ရိပေါ် က သူ့ကို မုန်းနေတာမဟုတ်...ဒီအတိုင်း မယုံကြည်တော့တာဖြစ်လို့ ရှောင်းကျန့် ရိပေါ် ရဲ့ ယုံကြည်မှုရအောင် ကြိုးစားရသည်။
ရိပေါ် ဖြစ်ချင်တာ တောင်းဆိုတာမှန်သမျှ ကို ရှောင်းကျန့် လိုက်လျောပေးသည်။ ယခုမှသိလာရသည်က ရိပေါ်က တကယ့်အရစ်တုံးလေးဖြစ်သည်။ ခပ်တည်တည်နဲ့ကို ရစ်တတ်သူဖြစ်သည်။
ရိပေါ် ပေးထားသည့် အချိန်က ၂လ ပြည့်ရန် တရက်သာလိုတော့တာကြောင့် ရှောင်းကျန့် ရိပေါ်တို့အိမ်ရောက် နေသည်။
" ခင်ဗျားက ဒါလေးမှာတာတောင် ဝယ်မလာပေးနိုင်တာ ကျနော်က ဘယ်လိုလုပ် တစ်ဘဝလုံးပုံအပ်ရမလဲ.."
ဟုတ်ပါတယ် အရစ်တုံးက သူမှာလိုက်တဲ့ Lego set. မပါလို့ ရစ်နေတာပါ...ဘဝတွေနဲ့ပါ ချီပြီးပြောနေတာပါ...
" ဝမ်ကျယ်ရယ်...ဝမ်ကျယ် ပြောတဲ့အချိန်က..."
" ကျနော်ပြောတဲ့ အချိန်က ဘာဖြစ်လို့လဲ...နောက်ကျသွားတယ်လို့တော့ လာမပြောနဲ့နော်.."
အဲဒါသာကြည့် သူမှာတာ နောက်ကျမှန်းသိရက်နဲ့...
Limited Edition ကို သူပြောတာ ၄ရက်လောက်နောက်ကျလို့ ရှောင်းကျန့် မှာတော့ မရတော့တာ အခုတော့ ဟောဒီက အမောင်ရှောင်းကျန့် အပြစ်ပါလို့....
ချစ်တော့လည်း အပြစ်မယူရက်...
" ဟုတ်ပါတယ် ကိုယ်မှားတာပါ..ကိုယ် အမှာနောက်ကျသွားလို့ ခွင့်လွှတ်နော်..နောက် ဝမ်ကျယ်လိုချင်တာကို ထွက်တာနဲ့ ကိုယ် မှာပေးမယ်နော်.."
" ဟွန့်...နောက်ဆုံးအကြိမ်ဖြစ်ပါစေ.."
မျက့စောင်းထိုးလို့ ဘောက်ဆက်ဆက်နဲ့ အပေါ်တက်သွားသော ရိပေါ် ပါလေ..
" ရှောင်းကော..."
" ပြော..ညီ"
" ဘာလို့ အဲလောက်အလိုလိုက်နေတာလဲဗျာ ကျနော်လည်း ဝမ်ကျယ့်ကို ကြည်ပြီးတကယ်အံ့သြတယ် ဘာလို့ ဒီလောက် ရစ်တတ်သွားတာလဲလို့.."
" အဟင်း...အလိုလိုက်တာ ချစ်လို့ပေါ့ ညီရယ်...ရစ်ပါစေ..ဒိလိုရစ်နေတာကိုပဲ..ကိုယ်က ပိုချစ်နေတာ"
ရှောင်းကျန့် စကားကြောင့် ဟောက်ရွှမ်း ခေါင်းခါလိုက်သည်။ တယောက်က ကမ္ဘာ့ အရစ်နိုင်ဆုံးဆု ရနိုင်သူဆို တယောက်က ကမ္ဘာ့ အလိုလိုက်ဆုံးဆုပေးခံရမည့်သူဖြစ်သည်။
" ဒါနဲ့ ညီရော ချစ်ရမဲ့သူ မတွေ့သေးဘူးလား"
" အင်း...သဘောကျနေတဲ့သူတော့ ရှိတယ် ရှောင်းကော..ဒါပေမဲ့ ကျနော့်စိတ်က မသေချာသေးလို့ အေးဆေးနေလိုက်အုံးမယ် ကောတို့ကို ကြည်ြပီးချစ်သူထားရမှာတောင် လန့်တယ်ဗျ"
" ဟား...ဟား...ဟား...ကိုယ်တို့က ဘာဖြစ်နေလို့လဲ ညီရ"
" ကျနော်က ရှောင်းကောလောက် စိတ်မရှည်ဘူးလေ..ဝမ်ကျယ့်လို ရစ်တတ်တဲ့ သူမျိုးနဲ့သာတွေ့ရင် သေချာတယ် ၁ပတ်ပြည့်ရင် ကံကောင်း"
ဟောက်ရွှမ်း အပြောကို ရှောင်းကျန့်က ပြုံး၍ ခေါက်ညိတ်လိုက်ကာ...
" ကျိရန်က အေးအေးဆေးဆေး နေတတ်တဲ့ကောင်လေးတယောက်ပါ မရစ်တတ်ဘူး ညီ"
" အာ..သူ..သူနဲ့ဘာဆိုင်လို့လဲ ဗျ"
ရှောင်းကျန့်ဆီက ကျိရန် နာမည်ကြားတာနှင့် ဟောက်ရွှမ်း စကားပါထစ်သွားသည်။
" ညီ သဘောကျနေတာ ကျိရန်မလား ဝမ်ကျယ် ကိုယ့်ကို ပြောတယ်..ညီ ကိုယ့်ရုံးကိုရောက်တုန်းက ကျိရန်နဲ့တွေ့ပြီး သဘောကျတဲ့မကြောင်း ဝမ်ကျယ့်ကို ပြောဖူးတယ်ဆို..."
ဟောက်ရွှမ်း ရှက်ရှက်နှင့် ဂုတ်သာပွတ်နေတော်သည်။
" တကယ်လို့ ညီက ကျိရန်ကို သဘောကျတယ်ဆို ကိုယ်ကတော့ သဘောတူတယ် ညီ...ကျိရန်ကလည်း ကိုယ့်အတွက် ညီတယောက်လိုချစ်ရတဲ့သူဖြစ်လို့ ညီနဲ့ဆို ကိုယ် သဘောတူနိုင်ပါတယ်"
" ရှောင်းကော ပြောတာကြားရတာ အားတက်စရာပဲ..ဒါပေမဲ့ ကျနော့်စိတ်ကို ကျနော်သေချာ လေ့လာဆန်းစစ်လိုက်အုံးမယ် ကော..ဒါမှလည်း တဖက်လူအတွက် တရားမျှတမယ်လို့ ကျနော်ထင်တယ် "
" ညီရဲ့ စိတ်ဓာတ်ကို ကိုယ် တကယ်လေးစားတယ် ညီ"
.......
" ဝမ်ကျယ်"
" ဟင်"
" ဒီနေ့က ဝမ်ကျယ် ကိုယ့်ကိုပေးထားတဲ့ အချိန် ၂လပြည့်တဲ့ နေ့လေ အဲဒါ ဝမ်ကျယ့်အနေနဲ့ ကိုယ့်ကို.."
ရိပေါ် ပြုံးလိုက်ပြီး....
" အင်း..မဆိုးပါဘူး ကျနော်လိုချင်တဲ့ ရလဒ်တော့ ရခဲ့သားပဲ"
" ဒါ...ဒါဆို...ဝမ်ကျယ် ကိုယ့်ကို လက်ခံတယ်ပေါ့နော်"
" အင်း.."
" ဟား...ပျော်လိုက်တာ ဝမ်ကျယ်ရယ်"
" အင့်.."
ရှောင်းကျန့် ပျော်ရွှင်စွာ ရိပေါ် ကိုယ်လေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
" လွှတ်ပါအုံး... အသက်ရှုကျပ်လာပြီ"
" ဆောရီး... ဆောရီး... ကိုယ်ပျော်လွန်းလို့ပါ ကလေးရယ်..အင့်...ကိုယ်..ကိုယ်လေ ကလေးကို အရမ်းချစ်တယ်..ဟင့်...မင်းကို ဆုံးရှုံးရမှာကို ကိုယ်သေမှာထက်ကြောက်တယ်..ကလေးရယ်...မင်းက ကိုယ့်အပိုင်ပဲဖြစ်ရမယ်လို့ မင်းကိုတွေ့ကတည်းက ကိုယ်သတ်မှတ်ခဲ့တာ "
မိမိကို ပွေ့ဖက်ကာ ငိုရင်းပြောနေသော ရှောင်းကျန့်ရဲ့ ကျော်ပြင်ကို ရိပေါ် ပြန်လည်ပွေ့ဖက်ပြီး အသာပုတ်ပေးကာ...
" ခင်ဗျားက အတ္တကြီးလိုက်တာ... ဘယ်လိုလုပ်မလဲ...ကျနော်ကလည်း အဲလို အတ္တကြီးတဲ့လူကိုပဲ အဆုံးမဲ့ချစ်မိသွားတယ်..."
" ကလေး.."
ရှောင်းကျန့် ကလေးရဲ့ ပုခုံးနှစ်ဖက်မှ ဆုပ်ကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။
" ဟုတ်တယ်...ခင်ဗျားကို စချစ်ကတည်းက ကျနော့်ဆီမှာ ခင်ဗျားအတွက် အမုန်းမရှိခဲ့ဘူး...အရင်ကရော အခုရော နောင်အနာဂတ်မှာပါ ကျနော် ခင်ဗျားကို ချစ်နေမှာ ခင်ဗျား စွန့်ပစ်သွားတောင် ကျနော် ချစ်နေအုံးမှာ.."
" ကလေးရာ....ကိုယ် ဘာပြောရမလဲ မသိတော့ဘူး...ဒါပေမဲ့ ကလေးစိတ်ချပါ...ရှောင်းကျန့်က ဒီဘဝတင်မကဘူး နောင်ဘဝအဆက်ဆက် ဝမ်ရိပေါ် ဆိုတဲ့ ကလေးတယောက်တည်းအတွက်ပဲ...ကိုယ် ကလေးကို ချစ်တယ်"
" ကလေးလည်း ကိုကို့ကို ချစ်တယ်"
ရပါပြီ...ကလေးဆီက ချစ်တယ်ဆိုတဲ့စကားနဲ့တင် ရှောင်းကျန့် အရာရာကို ရင်ဆိုင်ဖြတ်ကျော်နိုင်ပြီ...
တောင်းပန်ပါတယ်...ကိုယ့်စိတ်ကိုသေချာမသိခဲ့လို့ ကလေးကို ခံစားစေမိတာ...
ကျေးဇူးတင်ပါတယ်... ကိုယ့်ဆီကို ပြန်လာပေးလို့...
နေဝင်ဆည်းဆာကို နောက်ခံထားပြီး နူးညံ့သောချစ်ခြင်းများကို အနမ်းအဖြစ်ပုံဖော်နေတဲ့ ယောကျာ်းလေးနှစ်ယောက်ရဲ့ မြင်ကွင်းက လီယိုနာဒိုဒါဗင်ချီ ထိုင်ငိုသွားနိုင်တယ်...။






ပြီးပါပြီ.....



ဒီနေ့အတွက်....
ဇာတ်သိမ်းပိုင်းအထိ ရေးပြီးသွားပြီဖြစ်တာကြောင့် နက်ဖြန် နောက်တပိုင်းတင်ပေးပါမယ်. ၂၄ ရက် မရောက်ခင် အကုန် တင်ပေးပါ့မယ်လို့....
သားငယ်ကို လွမ်းလို့ သားငယ် မရှိတဲ့အချိန် ၄လကို တရုတ်စာသင်တန်းတက်ရင်း ကုန်ဆုံးပါမယ်လို့...
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouDonde viven las historias. Descúbrelo ahora