I'm Sorry. Thank You (part-12)

184 13 0
                                    

အတွေးများပြီး နောက်ကျမှအိပ်ပျော်သွားသော်လည်း နေရာအပြောင်းအလဲကြောင့် ရှောင်းကျန့် စောစောပဲနိုးလာခဲ့သည်။နာရီကိုကြည့်လိုက်တော့ ၅နာရီခွဲပဲရှိသေးသည်။
အေးသည့်ဒေသဖြစ်သည့်အားလျော်စွာ မနက်ပိုင်းတွင် အချမ်းပိုနေသည်မို့ ရှောင်းကျန့် မျက်နှာသစ် ခြေလက်ဆေးပြီးတာနှင့် အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်ထပ်ရောက်တော့ မီးဖိုခန်းထဲမှ အသံကြား၍ ရှောင်းကျန့် သွားကြည့်လိုက်တော့ အေပရွန်အပြာလေးဝတ်ကာ ရှောင်းကျန့်ကို ကျော်ပေးထားသည့် ဝမ်ကျယ်ကို တွေ့လိုက်ရသည်။
" ဝမ်ကျယ်.. "
" အာ...ကျန့်ကော အစောကြီးနိုးနေတာလား "
ရှောင်းကျန့်က ခုံတခုတွင်ဝင်ထိုင်လိုက်ပြီး...
" အင်း...ဟုတ်တယ် နေရာအပြောင်းအလဲကြောင့် ကိုယ် အိပ်လို့သိပ်မပျော်တာနဲ့ စောစောနိုးနေတာ ဝမ်ကျယ် ဘာလုပ်နေတာလဲ"
ဝမ်ကျယ်က မီးဖိုပေါ်မှ နွားနို့ကို မွှေရင်း...
" မနက်စာအတွက် နွားနို့ကျိုနေတာ "
" ဝမ်ကျယ်လည်း အစောကြီးနိုးနေတယ်နော် "
" ဟုတ်တယ် ကျန့်ကော ကျနော်က ၅ နာရီဆို ပုံမှန်နိုးနေကျလေ ပြီးရင် မနက်စာ စီစဉ်ပြီးတာနဲ့ ခြံထဲသွားတာ"
" ဟင်..အဲဒါဆို မနက်စာမစားပဲသွားတာပေါ့ ဟုတ်လား "
" ဟုတ်တယ် ကျနော်က ခြံမှာပဲစားတာ ခြံလုပ်သားတွေက ကျနော့်အတွက် မနက်စာပြင်ပေးထားကြတာလေ အ့ကြောင့် အိမ်မှာ မနက်စာသိပ်မစားဖြစ်ဘူးရယ်"
" အော်...အဲဒါဆို နွားနို့ကျိုပြီးရင် ဝမ်ကျယ်က ခြံထဲသွားတော့မှာပေါ့ "
" အင်း.."
ရှောင်းကျန့် ဝမ်ကျယ်သွားရင် သူတယောက်ပဲကျန်နေမှာ ဖြစ်တာကြောင့် ခြံထဲလိုက်သွားရန် ခွင့်တောင်းလိုက်သည်။
" ဝမ်ကျယ်...ဟိုလေ...ဟောက်ရွှမ်း နဲ့ ကျိရန်လည်း မနိုးသေးဘူးဆိုတော့ ကိုယ်တယောက်ပဲ ကျန်နေခဲ့မှာ အဲဒါကြောင့် ဝမ်ကျယ် အပန်းမကြီးရင် ကိုယ်ပါ ခြံထဲလိုက်လို့ရမလားဟင်..."
ဝမ်ကျယ် ရှောင်းကျန့်ကိုကြည့်လိုက်တော့ မျက်နှာငယ်လေးနှင့် မိမိကိုကြည့်နေသည်။
ထို့နောက် အသာပြုံးလိုက်ပြီး...
" လိုက်လို့ရပါတယ် ကျန့်ကောရဲ့ ကျနော် အပန်းမကြီးပါဘူး... ဒါနဲ့ ကျန့်ကောတို့ ကောနဲ့ မြေနေရာကြည့်ဖို့ဟာက.."
" အာ...အဲဒါက နေ့လည်လောက်မှသွားမယ်လို့ ပြောထားပြီးသား"
ဝမ်ကျယ်က ခေါင်းညိတ်ပြီး...
" အဲဒါဆို ကျန့်ကော အနွေးထည်ထပ်ဝတ်မှအဆင်ပြေမယ်ထင်တယ် ကျနော်က ဆိုင်ကယ်နဲ့သွားမှာဆိုတော့ "
" အင်း...ကိုယ် အခုပဲ သွားဝတ်လိုက်မယ်"
ပြောပြီးတာနှင့် အခန်းထဲမှ အပြေးတပိုင်းထွက်သွားသော ရှောင်းကျန့်ကိုကြည့်ပြီး ဝမ်ကျယ် ခေါင်းခါလိုက်သည်။
ကလေးကျနေတာပဲ....
နွားနို့အိုးကို မီးဖိုပေါ်မှာပဲတင်ထားပြီး မီးပိတ်ကာ ပေါင်မုန့်များကို စားပွဲပေါ်မှာ အဆင်သင့်ထားထားလိုက်သည်။
ထို့နောက် အားလုံးပြီးသွားတာနှင့် ဧည့်ခန်းထဲမှ ကျန့်ကောကို စောင့်နေလိုက်သည်။
" သွားစို့ ဝမ်ကျယ်"
တက်ကြွစွာနှင့် ဆိုလာသူကြောင့် ဝမ်ကျယ် ပြုံးလိုက်သည်။စိတ်ထဲတွေးလိုက်သည်က..
ခင်ဗျားကြောင့် ကျနော် တော်တော်ပြုံးနေမိတာပဲ...
အိမ်တံခါးကို သေချာစေ့ထားခဲ့ပြီး ဂိုဒေါင်ထဲသို့သွားကာ ဆိုင်ကယ်ထုတ်၍ ပြန်ထွက်လာခဲ့သည်။
ဝမ်ကျယ် တို့အိမ်ခြံဝန်းက သိပ်အကျယ်ကြီးမဟုတ်တာကြောင့် ရှောင်းကျန့်လည်း ခြံပြင်ထိထွက်စောင့်နေလိုက်သည်။
ဆိုင်ကယ်ကို ခြံပြင်ထုတ်ပြီးတာနှင့် ခြံတံခါးကိုပိတ်ပြီး...ဆိုင်ကယ်ပေါ်ထိုင်လိုက်ကာ...
" ကျန့်ကော တက်လို့ရပြီ.."
ရှောင်းကျန့် ဝမ်ကျယ့်နောက်ကနေ ခွထိုင်လိုက်ပြီး ဝမ်ကျယ့် ခါးလေးကို လက်နှစ်ဖက်ဖြင့် ဖက်ထားလိုက်သည်။
ရုတ်တရက် ခါးပေါ်ရောက်လာသော လက်များကြောင့် ဝမ်ကျယ် တွန့်ခနဲဖြစ်သွားကာ ခါးပေါ်က လက်ကိုငုံ့ကြည့်လိုက်သည်။
" ကိုယ်က ခုမှ ဆိုင်ကယ်စီးဖူးတာမို့လို့ ဖက်ထားမယ်နော်"
အကျအနဖက်ထားပြီးမှ ခွင့်တောင်းလာသော ရှောင်းကျန့်ပါလေ...
ဝမ်ကျယ်လည်း ဘာမှမပြောတော့ပဲ ဆိုင်ကယ်ဦးထုပ်ကိုပေးကာ.."
" ကျန့်ကော ဦးထုပ်အရင်ဆောင်းလေ."
" အဲ.ဟုတ်သားပဲ "
ဝမ်ကျယ်ဆီမှ ဦးထုပ် ကိုယူပြီးဆောင်းဖို့ပြင်တော့...
" ဝမ်ကျယ် ကိုယ် ဆောင်းရတာအဆင်မပြေလို့ ဆောင်းပေးပါလား"
ဝမ်ကျယ်ကတော့ သက်ပြင်းလေးမသိမသာချပြီး ဦးထုပ် ဆောင်းရန်ကိုယ်ကိုလှည့်လိုက်သည်။
မိမိမျက်နှာနှင့် သိပ်မကွာတော့သည့် ဝမ်ကျယ့်မျက်နှာလေးကြောင့် ရှောင်းကျန့် ရင်ခုန်သွားသည်။
မွှေးညှင်းနုလေးများပင် မြင်ရလောက်သည်ထိ နီးကပ်နေသောမှက်နှာလေးက အေးလို့ထင်သည် နှာခေါင်းထပ်ရဲရဲလေးနှင့် နှင်းဆီနီရောင်သမ်းနေသော နှုတ်ခမ်းဖူးဖူးလေး..
ရှောင်းကျန့် တံတွေးမြိုချလိုက်ရသည်။ ဂလု..
ဝမ်ကျယ် ဦးထုပ်ဆောင်းနေရင်းက မိမိ နှုတ်ခမ်းကိုကြည့်နေသော ကျန့်ကောကြောင့် မြန်မြန်ဆောင်းပေးလိုက်ပြီး ရှေ့သို့လှည့်လိုက်ရသည်။ သေချာတာတော့ ဝမ်ကျယ့်မျက်နှာလေး ရဲနေမှာ....
ထို့နောက် ဆိုင်ကယ်လေးက စပျစ်ခြံသို့ ဦးတည်သွားသည်။
ရပ်ကွက်ထဲက ထွက်သည်နှင့် စိမ်းစိုနေသော စိုက်ခင်းများက ဘေးပတ်ပတ်လည်မှာ နှင်းရည်စိုကာ လှချင်တိုင်းလှနေတော့သည်။
အတန်ကြာ မောင်းနှင်ပြီးတာနှင့် ခြံဝင်းတခုထဲ ရောက်လာခဲ့ကြသည်။
ဆိုင်ကယ်ပေါ်မှ ဆင်းပြီး ရှေ့မှာရှိနေသော အဆောက်အအုံလေးဆီ လျှောက်လာကြရင်း...
" ဒါ..ကျနော့် ရုံးခန်းလေ.."
" အင်း..."
ရုံးခန်းလေးထဲ သို့ရောက်တာနှင့် ရှောင်းကျန့်က အသာအကဲခက်လိုက်သည်။
အခန်းလေးက ရိုးရှင်းစွာပင်...TV တလုံးနှင့် ဆက်တီတစ်စုံ...ထို့နောက် စားပွဲတစ်လုံးနှင့် ဗီဒိုတစ်ခုသာ...
" ဝမ်ကျယ် ရောက်ပြီလား...ဒီမှာ နင့်အတွက် မနက်စာ..."
အခန်းထဲသို့ ချိုင့်တလုံးနှင့် ဝင်သာသော မိန်းကလေးကို ရှောင်းကျန့် သေချာကြည့်လိုက်သည်။
အရပ်က အနေတော်လေးနှင့် ကိုယ်လုံးကိုယ်ပေါက်လှသည့် မိန်းကလေး...မျက်နှာလေးကလည်း ချစ်စဖွယ်...
ထို မိန်းကလေးက ဆက်တီစားပွဲပေါ်တွင် ချိုင့်ကိုဖွင့်၍ ဝမ်ကျယ့်အတွက် ပြင်ဆင်ပေးနေသည်။
" ဒီနေ့ ဘာလည်း.."
" အမဲလုံးခေါက်ဆွဲ...ပေါက်စီလည်းပါတယ်..အယ်..."
စားစရာများကို ပြောနေရင်းမှ ရှောင်းကျန့်ကိုမြင်သွားကာ အယ်ခနဲ ဖြစ်သွားသော မိန်းကလေး...
ထို့နောက် ဝမ်ကျယ့်အနားကပ်သွားကာ...
" ဝမ်ကျယ်...ဧည့်သည် ပါလာတာလား"
ဝမ်ကျယ်က အလုပ်စားပွဲပေါ် စာရင်းစာအုပ်တင်နေရင်းက...
" အင်း ဟုတ်တယ် ဘေဂျင်းကနေ ရောက်နေတဲ့ ဧည့်သည် ငါတို့ဆီက စပျစ်သီးဝယ်ဖို့ ကမ်းလှမ်းတဲ့ Xiao Group ရဲ့ သူဌေး လေ သူက ဒီမှာ စက်ရုံဆောက်ဖို့မြေနေရာလာကြည့်တာ ငါတို့အိမ်မှာတည်းတယ်"
ဝမ်ကျယ့်ဆီမှ ဧည့်သည် ဆိုသော အသုံးအနှုန်းကြောင့် ရှောင်းကျန့် စိတ်ထဲ ဘဝင်မကျသလိုဖြစ်သွားသည်။
" အော်..."
ဝမ်ချင်လည်း မိမိကိုကြည့်နေသော ထိုလူ့အနားသွားကာ...
" တွေ့ရတာဝမ်းသာပာတယ်ရှင့် ညမနာမည် ဝမ်ချင် ပါ ဝမ်ကျယ့် မန်နေဂျာပါ"
ရှောင်းကျန့်ရှေ့ ရောက်လာသော လက်ကို ပြန်ဆွဲ၍ အသိအမှတိပြုသလို ခေါင်းညိတ်ပြီး...
" ကိုယ့်နာမည် ရှောင်းရှောင်းကျန့်ပါ ကိုယ်ကလည်း တွေ့ရတာဝမ်းသာပါတယ် "
" အတော်ပဲ ဝမ်ချင်လည်း ခေါက်ဆွဲတွေအများကြီးထည့်လာတာ ကောပါ ဝင်စားလိုက်နော်...ဟို..ကောလို့ခေါ်လို့ရပါတယ်နော်"
" ရပါတယ် အဆင်ပြေသလိုခေါ်ပါ "
" ဝမ်ကျယ် လာလေ ခေါက်ဆွဲတွေပွကုန်မယ် စာရင်းစာအုပ်တွေ ငါလုပ်ပါမယ်ဟာ လာစားတော့ "
ဝမ်ချင်က အလုပ်စားပွဲဆီသွားပြီး ဝမ်ကျယ့်ကို ဆွဲခေါ်လာကာ ခုံပေါ်ထိုင်ခိုင်းပြီး...
" ကဲ စားတော့ နင့်အကြိုက်ပဲ မားက လုပ်ပေးလိုက်တာ...ကောလည်း စားနော်...ဝမ်ချင့်မားရဲ့ အမဲလုံးခေါက်ဆွဲ က နာမည်ကြီးတယ်"
ရှောင်းကျန့်လည်း ခေါင်းညိတ်ပြီး စားကြည့်လိုက်သည်။
ဝမ်ကျယ်ကလည်း မျက်လုံးတောက်တောက်လေးများဖြင့် ရှောင်းကျန့်ကို ကြည့်နေသည်။
" ဝိုး...တကယ်ကောင်းတာပဲ...ဘေဂျင်းမှာသာ ဆိုင်ဖွင့်ရင် ကောတော့ နေ့တိုင်းသွားစားမိမှာ"
ရှောင်းကျန့် စကားကြောင့် ပျော်ရွှင်သွားတဲ့မျက်နှာလေးနှင့် ဝမ်ကျယ်နှင့် ဝမ်ချင်က လက်ဝါးရိုက်လိုက်ကြသည်။
ရှောင်းကျန့်ကတော့ ကြောင်တောင်တောင် ဖြစ်သွားသည်။
" မားလက်ရာက တကယ်ကောင်းတာ ကျန့်ကောရ ကျနော်တောင် ဆိုင်ဖွင့်ဖို့ပြောတာ မားက လက်မခံဘူး ဒီတိုင်းရင်းနှီးတဲ့သူတွေကိုပဲ ချက်ကျွေးတာ"
ဝမ်ကျယ့် ပါးစပ်မှ မားဆိုသော ခေါ်သံကြောင့် ရှောင်းကျန့် မျက်မှောင်ကုတ်သွားသည်။
ဒါကို ဝမ်ကျယ်ကလည်း မြင်ကာ...
" မားလို့ခေါ်လို့ ကျန့်ကော အံ့သြသွားတယ်ထင်တယ် တကယ်တော့ ဝမ်ချင်က ကျနော်နဲ့ မောင်နှမတော်တယ်လေ "
" ဟုတ်တယ် ကောရဲ့ ဝမ်ချင့် မားက ဝမ်ကျယ့် အဒေါ်လေ... ဝမ်ပါးနဲ့ ဝမ်မား ဆုံးသွားတော့ ဝမ်ချင့်မားက ပဲ ဝမ်ကျယ်တို့ကို တဖက်တလမ်းက စောင့်ရှောက်ခဲ့တာ ရွှမ်းကော နဲ့ ဝမ်ကျယ်က အဲ့ကတည်းက ဝမ်ချင့်မားကို မားပဲခေါ်တာ..ကဲ စကားနောက်မှပြောကြ အရင်စားကြအုံး..."
ရှောင်းကျန့်လည်း ထိုအခါမှ ရင်ဘတ်ထဲက အလုံးကျသွားသလို ခေါက်ဆွဲ ဆက်စားလိုက်သည်။ ဝမ်ကျယ်ကတော့ ခေါင်းတောင်မဖော် အပီအပြင်ဆွဲနေသည်။
မျက်နှာချင်းဆိုင်ကာ ခေါက်ဆွဲစားနေသော ယောကျာ်းချောချောလေးနှစ်ယောက်ကို ကြည့်ပြီး ဝမ်ချင်ကတော့ ကျေနပ်နေတော့သည်။
တချက် တချက် မိမိမောင်တော်သော ဝမ်ကျယ့်ကို ကြည့်ကြည့်နေသော ရှောင်းသူဌေး ရဲ့မျက်ဝန်းများက အချစ်ရည်ရွှန်းလဲ့နေသယောင်....

***********
အချစ်ရွှန်းတဲ့ မျက်ဝန်းညိုနဲ့တော့ ကြည့်နေပါပြီလို့....

I'm Sorry. Thank YouDove le storie prendono vita. Scoprilo ora