I'm Sorry. Thank You(part-15)

153 9 0
                                    

" ရှောင်းကျန့် "
" ကျိုးချန် "
လက်မှတ်ထိုးရန် ပြင်နေသော ရှောင်းကျန့် စားပွဲမှ ထ၍ သူငယ်ချင်းနှစ်ယောက် ပွေ့ဖက်လိုက်သည်။
" ကျိုးချန် ... မင်းကွာ...လာမယ်ဆို ဖုန်းကြိုဆက်တာမဟုတ်ဘူး ငါ လာကြိုမှာပေါ့ကွ "
" ဟုတ်တယ် အလုပ်ပျက်တာနဲ့ တခါတည်းထွက်လာခဲ့တာ...မင်းကိုလည်း အံ့သြသွားအောင်လို့ ငါ ဖုန်းမဆက်တာ"
" တကယ် အံ့သြသွားတယ် ကျိုးချန်... ငါက မင်းကြာအုံးမယ်ထင်တာ...အန်ကယ်ဝမ် ရော နေကောင်းရဲ့လား "
" ကောင်းပါတယ်...ပါးက အခု ခရီးတွေပဲထွက်နေတာ...တောင်တက်လိုက် ခရီးထွက်လိုက်နဲ့ကွာ..."
" အေးကွာ...ခဏထိုင်နေအုံးကွာ... ငါ လက်မှတ်ထိုးစရာလေးရှိသေးတယ် ပြီးရင် ငါတို့ နေ့လည်စာ သွားစားကြမယ် "
" ရပါတယ်ကွာ...အေးဆေးလုပ်.."
ရှောင်းကျန့် အလုပ်စားပွဲသို့ ပြန်သွားပြီး လက်မှတ်ထိုးစရာဖိုင်များကို လပ်မှတ်ထိုးလိုက်သည်။
ကျိုးချန် ဘာရယ်မဟုတ် အလုပ်လုပ်နေသော သူငယ်ချင်းဖြစ်သူကို ငေးနေမိသည်။
ခန့်ညားချောမောသော ရှောင်းကျန့်က မိန်းကလေးတွေပင်မက ယောကျာ်းလေးများပါ ပိုင်ဆိုင်ချင်ကြသည့် ယောကျာ်းတယောက်...
ထိုထဲမှာ မိမိ ညီလေးပင် ပါခဲ့သည်မလား...
ဝမ်လေး ဆုံးပြီးနောက်ပိုင်း သူလည်း ပါးနှင့်အတူ နိုင်ငံခြားထွက်သွားပြီး ရှောင်းကျန့် နှင့် အဆက်သွယ်မလုပ်ပဲ နေခဲ့သည်။
သူ နိုင်ငံခြားရောက်ပြီး တနှစ်တောင်မပြည့်ခင် ဝမ်လေးရဲ့ မားက ဝမ်လေးစီတ်နဲ့ ကွယ်လွန်ခဲ့သည်။
လေးဝမ်လည်း စိတ်ဓာတ်ကျကာ ပိုင်ဆိုင်သည်များ သူ့ကို လွှဲပြောင်းပေးပြီး သာသနဘောင် ဝင်ကာ လုဝတ်စွန့်ခဲ့သည်။
မမျှော်လင့်ပဲ ဖြစ်သွားသော အကြောင်းအရာများက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
ကျိုးချန်လည်း ရှောင်းကျန့် အပေါ် စိတ်နာခဲ့သည်။ သို့ပေမဲ့ အချိန်ကြာလာတော့ သေချာစဉ်းစားကြည့်ရင် ရှောင်းကျန့် အပြစ်လည်းမဟုတ်...
ဝမ်လေး တောင် နောက်ဆုံးအချိန်ထိ ရှောင်းကျန့် ကိုအပြစ်မမြင်ခဲ့လေတော့...ကျိုးချန် သူငယ်ချင်းနှင့် ပြန်ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။
" ကျိုးချန်.. "
" အော်...ပြီးပြီလား "
အတွေးထဲနစ်မျောနေသော ကျိုးချန် ကို ရှောင်းကျန့် ခေါ်လိုက်ပြီး ဘေးတွင်ဝင်ထိုင်လိုက်သည်။
" မင်း..ဘာတွေးနေလည်း ငါသိတယ် ကျိုးချန်... အန်တီဝမ် အကြောင်းရော အန်ကယ်ဝမ် လူဝတ်စွန့်သွားတာပါ ငါ သိတယ်"
" ရှောင်းကျန့်... "
" ဟုတ်တယ်...ငါ့ကြောင့်... ငါ သတ္တိမရှိခဲ့လို့ အခုလိုတွေ ဖြစ်ကုန်တာ..."
" ရှောင်းကျန့်... မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူးကွာ...မင်းလည်း ခံစားခဲ့ရတဲ့ သူပဲ...ဝမ်လေးတောင် မင်းကို အပြစ်မမြင်ခဲ့ပါဘူးကွာ.."
" မင်းတို့ ခွင့်လွှတ်လေ ငါ့ ကိုယ် ငါ အပြစ်ရှိသလိုခံစားရလေပဲ သူငယ်ချင်း...မင်းသိလား... တကယ်တော့ ငါ ပေါက်စီလေး ကို မြင်မြင်ချင်း ချစ်ခဲ့တာ...အင့်...ငါ့ စိတ်ကို ငါ မသိခဲ့ဘူး...သိခဲ့တော့လည်း ငါ... ငါ...ငြင်းခဲ့တယ်...အင့်..."
ဝမ်းနည်းစွာ ငိုလာသော သူငယ်ချင်းကို ကျိုးချန် ပွေ့ဖက်လိုက်ကာ...
" ပြီးခဲ့တာတွေ ပြီးပြီပဲ ရှောင်းကျန့် မင်းစိတ်ကို အသစ်ထားပြီး နောက်ထပ် ချစ်ရမဲ့သူ ရှာတော့ကွာ...အသက်လည်းကြီးလာကြပြီပဲ...ဝမ်လေးလည်း မင်း ပျော်ရွှင်နေတာကိုပဲ မြင်ချင်မှာပေါ့...ကလေးမဟုတ်ပဲ ငိုမနေနဲ့တော့ Xiao CEO က ကလေးလိုငိုနေတယ်လို့ မင်း ဝန်ထမ်းတွေမြင်ကုန်မယ်...ငါလည်း ဗိုက်ဆာနေပြီ..နေ့လည်စာ သွားစားကြမယ် "
ဝမ်နည်းနေသော သူငယ်ချင်းကို စိတ်ပြောင်းအောင် အရွှန်းဖောက်ကာ ကျိုးချန် ဆိုလိုက်သည်။
" ကျေးဇူးတင်ပါတယ် ကျိုးချန်... သွားရအောင်"
နှစ်ယောက်သား အခန်းထဲမှ ထွက်လာခဲ့ကြသည်။
" ကျိုးချန်ကော... "
" ကျိရန်... မင်းက.."
" ကျိရန်က ငါ့ အတွင်းရေးမှူး ကျိုးချန် "
" အော်...ကောင်းပါတယ်..ဒါနဲ့ ကျိရန် ကျောင်းမပြီးသေးဘူးမလား.."
" ဟုတ်တယ် ကျိုးကော နောက်တစ်နှစ် ကျန်သေးတယ် ကျောင်းမဖွင့်ခင် ကောဆီ မှာ အလုပ်ဝင်နေတာ.."
" ကောင်းပါတယ် ကျိရန်... ကောတို့နဲ့ လိုက်မလား နေ့လည်စာ သွားစားကြမလို့"
" မလိုက်တော့ဘူး ကျိုးကော ကျနော် အပြင်သွားရင်း စားခဲ့တာ... ကော... ကော ပြန်လာမှ ကျနော် ပြောတော့မယ်နော်"
" ကောင်းပြီ ကျိရန်... ကောတို့ သွားပြီနော်"
........
စားစရာများ မှာပြီးတာနှင့်...
" ရှောင်းကျန့်... ငါ မင်း နဲ့ အတူ အလုပ်ပူးပေါင်းမဲ့ ကိစ္စက..."
" အချိန်မရွေးပဲ ကျိုးချန်... ငါ ရှယ်ယာရှင်တွေနဲ့ပါ တိုင်ပင်ထားပြီးသား...သူတို့ကလည်း မင်း ငါနဲ့ ပူးပေါင်းဖို့ကို လိုလားကြတယ်"
" ကြားရတာ ဝမ်းသာစရာပဲ...ဒါနဲ့ မင်း ဝိုင်ပါ ကိုယ်တိုင်ထုတ်နေတယ်ဆို...အဲဒါကော အဆင်ပြေလား"
" မထင်ထားလောက်အောင် အဆင်ပြေတယ် ကျိုးချန်... ဒါပေမဲ့.. "
" ဒါပေမဲ့ ဘာဖြစ်လို့လဲ.."
" ဝိုင် ထုတ်တာက ငါ တယောက်တည်းအပိုင် ကျိုးချန်... ရှယ်ယာရှင်တွေက ကန့်ကွက်ခဲ့ကြတယ်လေ...အခု အောင်မြင်တာမြင်တော့မှ သူတို့က ဝင်ပါချင်နေကြတာ...ငါ လက်မခံပဲထားတာ...အခု ငါ ကိုယ်ပိုင် စက်ရုံပါဆောက်ဖို့ ပြင်ဆင်နေတယ်..."
" ကောင်းတာပေါ့.. အန်ကယ်က ဘာပြောသေးလည်း"
" ပါးက ငါ့ သဘောပါ ...အစထဲက မကန့်ကွက်ခဲ့ဘူးလေ"
" ဒါနဲ့ စက်ရုံက ဘယ်မှာဆောက်မှာလဲ"
" ငါ စပျစ်သီးဝယ်မဲ့ လော့ရန် မှာပဲ...ကျိရန်လည်း အဲကိစွနဲ့ အလုပ်များနေတာ...စက်ရုံဆောက်ဖို့ ခွင့်ပြုမိန့်လိုတာတွေလုပ်နေရတယ်လေ"
ကျိုးချန်က ခေါင်းညိတ်လိုက်ပြီး...
" မင်း လော့ရန် နဲ့ ဘယ်လို ဆက်သွယ်မိသွားတာလဲ "
" အဲဒါက ငါ ဈေးကွက်မှာ စပျစ်သီး လ်ေလာရင်းနဲ့ဆိုပါတော့...အဲဒါနဲ့ အဲက စပျစ်ခြံပိုင်ရှင်နဲ့ပါ ဆက်သွယ်ပြီး စပျစ်ဝယ်ဖို့ပါ ကမ်းလှမ်းရင်း စက်ရုံကို အဲမှာဆောက်ဖို့ဖြစ်သွားတာ"
" မြေနေရာကြတော့ရော "
" စပျစ်ခြံပိုင်ရှင်ဖြစ်တဲ့ ညီအစ်ကိုနှစ်ယောက် ပဲ ကူညီပေးတယ်လေ...သူတို့လည်း ဝမ်မျိုးရိုးပဲ ကျိုးချန်"
" ဘယ်လို...ဝမ်မျိုးရိုး ဟုတ်လား"
" ဟုတ်တယ်..ကျိုးချန်... ညီအစ်ကိုနှစ်ယောက်.. မိဘတွေမရှိတော့ပဲ အဖိုးတယောက်နဲ့ အတူနေတယ်."
" အော်...တိုက်ဆိုင်တာပဲ.."
ကျိုးချန် အပြောကို ရှောင်းကျန့် ခေါင်းညိတ်ကာ ဖုန်းထဲမှ ဝမ်ကျယ် မသိအောင်ရိုက်ထားသည့် ဓာတ်ပုံကို ပြလိုက်သည်။
" ကျိုးချန် ဒီဓာတ်ပုံ ထဲကလူက ဘယ်သူလဲသိလား "
ကျိုးချန် ဖုန်းကိုယူကြည့်ပြီးနောက် အံ့သြသလိုဖြစ်ပြီးမှ ရှောင်းကျန့် ကိုပြန်ကြည့်ကာ...
" မင်းကလည်း အဲဒါ ဝမ်လေးပုံ မှတ်လား...မင်း ပုံစံပြောင်းထားတာလေ ဟုတ်တယ်မလား"
" အဟင်း...ဟုတ်တယ် ကျိုးချန်... ငါလည်း တွေ့တွေ့ချင်း သူ့ကို ပေါက်စီလေး ထင်ပြီး ပြေးဖက်ခဲ့တာ"
" ဘယ်လို...မင်းပြောတာ ငါ နားမလည်ဘူး ရှောင်းကျန့် "
" သူ့နာမည်က ဝမ်ကျယ် ခေါ် ဝမ်ရိပေါ် တဲ့ ငါ စပျစ်သီး ဝယ်မှာ သူ့ဆီကလေ.. သူ့အကိုနာမည်က ဝမ်ဟောက်ရွှမ်း တဲ့.."
" ဘာ...."
" ငါ ရှေ့အပတ်ထဲ စက်ရုံကိစွနဲ့ လော့ရန် သွားမှာ မင်းပါလိုက်ခဲ့..."
ကျိုးချန် ကတော့ မယုံနိုင်စွာ ဓာတ်ပုံကိုသာကြည့်နေခဲ့သည်။
............
" ရှောင်းကော... ကောတို့လာမယ်ဆိုလို့ ကျနော် ဝမ်းသာနေတာ...အဖိုးလည်းရှိတော့ ဟိုတခါ ရှောင်းကော ကို အဖိုးလက်ရာကြွားထားတာ အခုကြွေးရတော့မယ်.."
" ကိုယ်လည်း ဝမ်းသာတယ် ညီ...ဒါ ကိုယ့်ရဲ့ သူငယ်ချင်း... ကျိုးချန်တဲ့...ကိုယ်နဲ့အတူ လုပ်ငန်းပူးပေါင်းထားကြတာလေ"
" ကိုယ့်နာမည် ဝမ်ကျိုးချန်ပါ..."
" ဟာ...ကျနော်နဲ့ မျိုးရိုးတူတာပဲ...ကျနော့်နာမည် ဝမ်ဟောက်ရွှမ်း ပါ တွေ့ရတာဝမ်းသာပါတယ် အကို"
လက်ဆွဲနှုတ်ဆက်ကြပြီးနောက် ဟောက်ရွှမ်း ဦးဆောင်မှုနှင့် အိမ်စိမ်းလေးဆီသို့...
" အဖိုးရေ...ဝမ်ကျယ် ကောတို့ပြန်လာပြီ"
" ဝမ်ကျယ် ရှိနေတာလား ညီ"
" ဟုတ်တယ် ရှောင်းကော ဖျားနေလို့လေ"
ဧည့်ခန်းထဲရောက်တာနှင့် တွေ့လိုက်ရသည်က အဖိုးဖြစ်သူ ပေါင်ကို ခေါင်းတင်ပြီး အိပ်ပျော်နေသော ဝမ်ကျယ်လေး...
" ကဲ...လာကြကွယ်..လာကြ... မြေးငယ်က အိပ်ပျော်သွားလို့... ထိုင်ကြ မောင်ရင်တို့.."
" အဖိုး...ဝမ်ကျယ်က အိပ်ပျော်နေတယ်ဆိုတော့ ဆေးတိုက်လိုက်ရလား"
" မသောက်လိုက်ရဘူး မြေးကြီး...ထုံးစံအတိုင်း ဆေးသောက်ဖို့ကို အီပြီးအိပ်သွားတာ"
ကျိုးချန် အိပ်ပျော်နေသော ဝမ်ကျယ် ကိုကြည့်ပြီး အသံတိတ် မျက်ရည်ကျလာသည်။
ထို့နောက် ထိုကလေးအနား ဒူးထောက်ထိုင်လိုက်ကာ...
" ဝမ်လေး...အင့်...ဝမ်လေးနဲ့... ဝမ်လေးနဲ့တူလိုက်တာကွာ...ကြည့်ပါဦး... အိပ်နေတာလေးက ဝမ်လေးလို ကလေးအတိုင်းပဲ.."
" ညီ..သူက ပေါက်စီလေး ရဲ့ အကိုဝမ်းကွဲလေ.."
အကြောင်းစုံသိနေသော ဟောက်ရွှမ်း က ခေါင်းသာညိတ်လိုက်သည်။
ရှောင်းကောတို့ ဝမ်ကျယ့်ကို လူမှညးထားသည့် ကိစ္စကို အဖိုးဖြစ်သူပါ ပြောပြထား၍ အဖိုးကလည်း ကျိုးချန် ကိုကြည့်ကာ စိတ်မကောင်းစွာ...
" မြေးကြီး ပြောပြထားလို့ အဖိုးက အကြောင်းစုံသိပြီးပါပြီ မောင်ရင်...စိတ်မကောင်းမဖြစ်ပါနဲ့ကွယ် အဖိုးမြေးလေး ဝမ်ကျယ့်ကို မောင်ရင်တို့ ညီလေးလိုသဘောထားပေါ့ ဟုတ်လား... ကဲ..မြေးကြီး မောင်ရင်တို့ကို နားခိုင်းလိုက်ပါကွယ်... ခရီးဝေးကလာတာမလား...ပြီးတော့ မြေးငယ်ကို အခန်းထဲ ချီသွားလိုက် နိုးလာမှပဲ ဆေးတိုက်လိုက်..."
" ဟုတ်ကဲ့ အဖိုး...အကိုတို့အတွက် အခန်းပြင်ထားပြီးသား ... ကျနော်နဲ့ လိုက်ခဲ့ကြပါ"
" ညီ...ဝမ်ကျယ့်ကို ကိုယ် ချီလိုက်မယ်"
" ဟာ...မဟုတ်တာ..ရှောင်းကောတို့ ပင်ပန်းနေတဲ့ဟာကို"
" ရတယ် ညီ"
အိပ်ပျော်နေသော ဝမ်ကျယ့်ကို ကျောနှင့် ဒူးကွေးကနေ ပွေ့ချီလိုက်သည်။
အရပ်ချင်းသိပ်မကွာပေမဲ့ ပေါ့ပါးနေသော ကိုယ်လေးကြောင့် ရှောင်းကျန့် ပြုံးမိသည်။
ရှောင်းကျန့် ချီလိုက်တာနှင့် ပြုတ်ကျမှာ စိုးသည့်အလား လည်ပင်းကိုဖက်လာပြီး ရင်ခွင်ထဲ ခေါင်းတိုးလာသော ဝမ်ကျယ်...

**********
ဝမ်ကျယ့်အခန်း မပါသလောက်ဖြစ်သွားတယ်...နောက်အပိုင်းက စလို့ ဝမ်ကျယ်နဲ့ ဖေရှောင်းအခန်းတေပဲများလာတော့မှာပါ...
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouOnde histórias criam vida. Descubra agora