I'm Sorry. Thank You (part - 5)

231 13 0
                                    

ရိပေါ် မွေးနေ့မှာ ကိုကို့ကို ဖွင့်ပြောလိုက်ကတည်းက အခုဆို တစ်ပတ်ပြည့်တော့မယ်.။
အဲဒီနေ့က စလို့ ရိပေါ် ကိုကိုနဲ့ မတွေ့ရသေး.
ကိုကိုက ရိပေါ်ကို လုံးဝရှောင်နေခဲ့တယ်။
ရိပေါ် ဝမ်းနည်းမိတယ် ရိပေါ် ထင်ခဲ့တာ ကိုကိုက ရိပေါ်ကို ချစ်လိမ့်မယ်လို့...အခုတော့ ရိပေါ် မျှော်မှန်းထားသလိုဖြစ်မလာခဲ့ဘူး...
ရိပေါ် မှားသွားပြီလား...
" တီ...တီ...တီ...."
" ဟယ်လို.."
" ရိပေါ် လား.."
ပေါက်စီလေး လို့တောင်မခေါ်တော့ပါလား ကိုကိုရယ်...
" ဟုတ်...ကိုကို"
" ရိပေါ် ကိုကို မင်းနဲ့ တွေ့ချင်တယ် **** ကော်ဖီဆိုင်ကိုလာခဲ့ပါလား"
" ဟုတ် ကျနော် လာခဲ့မယ် ကိုကို"
ဖုန်းချပြီးတာနဲ့ ရိပေါ် အဝတ်အစားလဲကာ ကိုကို  ပြောသောဆိုင်သို့ထွက်လာခဲ့သည်။
ကိုကို ချိန်းလိုက်တဲ့ဆိုင်လေးက တကယ်ကိုအေးချမ်းသည်။
အပြင်အဆင်ကအစ နှစ်လိုဖွယ်...ဆိုင်ရဲ့ထောင့်နေရာလေးမှာ ကြိုရောက်နေတဲ့ ကိုကိုက ရိပေါ်ကို လက်လေးလှမ်းပြကာ ခေါ်လိုက်သည်။
" ရောက်လာပြီလား ရိပေါ် ထိုင်လေ"
ရိပေါ် ကိုကို ရှေ့ကခုံမှာဝင်ထိုင်လိုက်တာနှင့် ကိုကိုက သူ့အတွက် သောက်စရာမှာပေးသည်။
" ကိုကို ကျနော့်ကို စိတ်ဆိုးနေလားဟင်"
ရှောင်းကျန့် ရိပေါ် ကိုကြည့်လိုက်ပြီး အသာပြုံးကာ...
" ကိုကို ရိပေါ်ကို စိတ်မဆိုးပါဘူး.."
" ဒါပေမဲ့ ကိုကိုက ရိပေါ်ကို ပေါက်စီလေး လို့တောင်မခေါ်တော့ဘူးလေ"
သောက်စရာများ လာချပေးသည်မို့ စကားကို ခဏရပ်လိုက်ကြသည်။
" ရိပေါ်...ကိုကိုတို့ ပြောစရာရှိတာ အရင်ပြောကြမယ်လေ"
" ဟုတ်"
" ရိပေါ်... ရိပေါ် ကငယ်သေးတယ် ဒီအရွယ်က စိတ်ကစားတတ်တဲ့ အရွယ်ဆိုတာ ကိုကို နားလည်တယ်.... "
" ကိုကို...ကျနော် စိတ်ကစားပြီး ဖွင့်ပြောခဲ့တာမဟုတ်ဘူး ကျနော် သေချာစဉ်းစားပြီးမှ သေချာဆုံးဖြတ်ပြီးမှ ကိုကို့ကို ဖွင့်ပြောခဲ့တာ ပြီးတော့ ကျနော် အရွယ်ရောက်နေပါပြီ ဘာလို့ အဲလိုပြောတာလဲ"
" ရိပေါ်... ရိပေါ် က သေချာနေပေမဲ့ ကိုကို့ဘက်ကတော့ ငြင်းရလိမ့်မယ် ရိပေါ် "
ကိုကို့ စကားကြောင့် ရိပေါ် ဝမ်းနည်းစွာ ခေါင်းငုံ့လိုက်သည်။
" ရိပေါ်... ကိုကို့ကိုကြည့် "
ကိုကို့ စကားကိုနာခံစွာ ရိပေါ် ကိုကို့ကို ကြည့်လိုက်သည်။
" ရိပေါ် ကို ကိုကို ညီလေးတစ်ယောက်လိုချစ်တယ် ရိပေါ် ဘက်ကဖွင့်ပြောသလိုတော့ ကိုကိုတို့ မဖြစ်နိုင်ဘူးလေ ပြီးတော့ ကိုကိုတို့က ယောကျာ်းလေး ပတ်ဝန်းကျင်အမြင်ကို ဂရုမစိုက်လို့မရဘူး ရိပေါ် "
" ဒါဆို ဘာလို့ ကျနော့်အပေါ် ကောင်းခဲ့လည်း ဂရုစိုက်ခဲ့လည်း... "
" ကိုကို ပြောပြီးပြီလေ ကိုကိုက ရိပေါ်ကို ညီလေးတစ်ယောက်လို သဘောထားလို့ ကိုကို ရိပေါ်ကို အလိုလိုက်ခဲ့တာ ဂရုစိုက်ခဲ့တာ အဲဒါတွေကြောင့် ရိပေါ် စိတ်တွေ ကိုကို့အပေါ် ယိမ်းယိုင်ခဲ့တာ တနေ့နေ့ တချိန်ချိန် ရိပေါ် တကယ်ချစ်ရတဲ့သူ တွေ့လာတဲ့အခါ ရိပေါ် ကိုယ်တိုင်သိလာလိမ့်မယ်"
" ကျနော် စိတ်ကစားတာ မဟုတ်ဘူးလို့ ကိုကို့ကို ပြောပြီးပြီလေ ဘာလို့...ဘာလို့ မယုံကြည်တာလဲ ကျနော် ကလေးတစ်ယောက် မဟုတ်တော့ဘူး ကိုကိုရဲ့"
" ရိပေါ်.... ရိပေါ် အနေနဲ့ အဲစိတ်ကို မထိန်းချုပ်နိုင်ရင် ကိုကိုတို့ အရင်လို မဖြစ်နိုင်တော့ဘူး ရိပေါ်... အဲဒါဆို ကိုကိုတို့ ဝေးသွားကြလိမ့်မယ်"
ရိပေါ် ဝမ်းနည်းစွာ ငိုတော့သည်။
ဝေးသွားကြမယ်တဲ့လား ကိုကိုရယ်...
" ကျနော် ပြန်တော့မယ် ကိုကို "
ရိပေါ် မျက်ရည်များကို သုတ်ပြီးပြန်ရင် လှည့်လိုက်တာနှင့်...
" ကိုကို လိုက်ပို့ပေးရမလား"
" ဟင့်အင်း ကျနော့်မှာ ဆိုင်ကယ်ပါတယ်"
" အခု ရိပေါ် ဆိုင်ကယ်စီးလြိ့အဆင်ပြေမှာမဟုတ်ဘူး ကိုကိုလိုက်ပို့မယ်လေ"
" ကျနော့်ကို မချစ်နိုင်ရင် ဂရုလည်းမစိုက်ပါနဲ့ ကိုကို အဲလိုဆို ကျနော် ထိန်းချုပ်နိုင်မှာမဟုတ်ဘူး "
.......
ထိုနေ့နောက်ပိုင်း ရိပေါ် နဲ့ ကိုကို မတွေ့ဖြစ်ကြတော့...ရိပေါ် အိမ်မှာရှိနေစဉ် ကိုကို ရောက်လာလည်း ရိပေါ် ကိုကို့ကို ရှောင်နေခဲ့သည်။
ပထမဆုံးအချစ်မှာတင် အငြင်းခံလိုက်ရတော့ ရိပေါ် မှာအလဲလဲအကွဲကွဲ...ကျိရန်တောင် ရိပေါ် ကိုကြည့်ပြီး သနားနေသည်။
" ရိပေါ် မင်း ပြန်တော့ ပြန်လာမယ်မလား"
ရိပေါ် အခု လေဆိပ်ရောက်နေသည်။ နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးလို့ ရိပေါ် ကိုးရီးယားကို ပြန်ဖို့ပြင်နေခြင်းဖြစ်သည်။
" ပြန်လာမှာပါ ငါ့အသည်းနှလုံးက ဒီမြေမှာပဲ ငါပြန်လာမှာပါ"
" ဝမ်လေး "
" ကော.."
" ပြန်လာရင် စိတ်သစ် လူသစ်နဲ့ပြန်လာခဲ့ ကောက စောင့်နေမယ်နော်"
" ကော စောင့်နေသလို ကိုကိုလည်း...ကိုကိုလည်း စောင့်နေရင်ကောင်းမယ်နော်.အင့်"
ဝမ်းနည်းစွာငိုကျွေးလာသော ညီဖြစ်သူကို ကျိုးချန် ပွေ့ဖက်လိုက်သည်။
" ဝမ်လေးရယ်"
ကျိရန်ကတော့ သူငယ်ချင်းကိုကြည့်ပြီး စိတ်မကောင်းနိုင်စွာ မျက်ရည်ကျမိသည်။
လေယာဉ်ပေါ်တက်ရန် ခေါ်သံကြောင့် ကျိုးချန် ရိပေါ် ပုခုံးလေးကိုပုတ်ပြီး...
" ဝမ်လေး ငိုမနေနဲ့တော့ တိတ်..တိတ် ခရီးသည်တွေခေါ်နေပြီး သွားတော့နော်"
ရိပေါ် မျက်ရည်များကိုသုတ်လိုက်ပြီး ကောနဲ့ ကျိရန်ကို ပြုံးပြလိုက်ကာ...
" ကျနော် သွားပြီနော်..တာ့တာ"
လက်ပြနှုတ်ဆက်သွားသော ကျောပြင်ငယ်လေးက ဝမ်းနည်းမှုအပြည့်...
.......
" ကျိုးချန် ရိပေါ် ကိုမတွေ့ပါလား"
" ဝမ်လေး ကိုးရီးယား ပြန်သွားပြီ..."
" အော်...ငါ့တောင် နှုတ်ဆက်မသွားဘူး ပြန်လာမှ ဆူအုန်းမယ်"
" ရှောင်းကျန့်... မင်း ငါ့ညီကို မချစ်နိုင်ရင် အ့လောက်မရင်းနှီးပါနဲ့တော့လား ငါ ဝမ်လေး ခံစားနေရတာ မကြည့်ရက်ဘူး...ဝမ်လေးက ငါ့ညီဖြစ်သလို မင်းကလည်း ငါ့ငယ်သူငယ်ချင်း ဖြစ်နေတော့ ..."
" ကျိုးချန်... ငါ ရိပေါ် ကို ချစ်သူတယောက်လို မချစ်နိုင်ပေမဲ့ ညီလေးတယောက်လိုချစ်တယ် အဲဒီသံယောဇဉ်ကို ဘယ်လိုဖြတ်မလဲ"
" ငါ မင်းကို နားလည်ပါတယ် ဒါပေမဲ့ တဖက်က ငါ့ ညီလေ "
ရှောင်းကျန့် သက်ပြင်းသာချလိုက်သည်။
......
ကိုးရီးယား ကိုပြန်ရောက်နေပေမဲ့ ရိပေါ် မပျော်ရွှင်နိုင် ကိုကို့ကို လွမ်းတဲ့စိတ်က ရိပေါ်ကို နှိပ်စက်နေသည်။
ကျနော် ဘယ်လိုနေရမလဲ ကိုကိုရယ်...
ပါးနဲ့မား ကလည်း ရိပေါ် ကိုကြည့်ပြီး စိတ်မကောင်းကြ...
ကိုကို့ကို ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ကတည်းက ရိပေါ် ပါးနဲ့မား ကိုပါ ပြောပြထားပြီးသား...
တဦးတည်းသော သားဖြစ်သူမို့ သူစိတ်ချမ်းသာဖို့ပဲ ကြည့်သည့် ပါးနဲ့မား က သူ့ဖြစ်စဉ်ကို မကန့်ကွက်ခဲ့ပဲ သဘောတူပေးခဲ့ကြသည်။
ကိုးရီးယား မှာနေရတာ ဘယ်လိုမှ အဆင်မပြေတော့၍ ရိပေါ် တရုတ်သို့သာ ပြန်လာခဲ့တော့သည်။
ရိပေါ် တရုတ်သို့ပြန်ရောက်နေပေမဲ့ ကိုကို့ကိုတော့ ရှောင်နေခဲ့သည်။ ရိပေါ် ကြောင့် ကိုကို စိတ်ညစ်သွားတာမျိုးမလိုချင်...
အချိန်တွေကုန်လို့ ရိပေါ် တို့အောင်စာရင်းထွက်လို့ Uni တက်ရန်ဖြစ်လာခဲ့သည်။
ကိုကိုတက်ခဲ့တဲ့ စီးပွားရေးမေဂျာ ပဲ ရိပေါ် ယူခဲ့သည်။ ကိုကို့ အငွေ့အသက်လေးတွေ ရှိခဲ့တဲ့ နေရာမလား....

*****************

ဒီအရှေ့ပိုင်းတွေက ရိပေါ် ဘက်ကနေပဲရေးမှာပါနော်...title မှာပါသလိုပဲ I'm Sorry က ရိပေါ် ဘက်များမှာပါ. Thank You ပိုင်းကတော့ ဖေရှောင်း ဘက်များမှာပါ.ပြီးတော့ I'm Sorry က နောက်တပိုင်းဆို ပြီးမှာပါနော်..

I'm Sorry. Thank YouWhere stories live. Discover now