I S. T U (part-30)

177 7 0
                                    

ဒီနေ့ ရိပေါ် ဘေဂျင်းသွားမည် ဖြစ်သည်။ အသီးတွေ ခူးစွတ်ပြီးတာနှင့် တင်သွင်းမည့် ကိစ္စကို ကောက တာဝန်ယူတာကြောင့် ရိပေါ် အားသွားသည်။
ဖုန်းနှင့်ပဲ ဆက်သွယ်ကာ viedo call ပြောလိုက်နှင့်ပင် အလွမ်းဖြေနေရတာကြောင့် အားမရနိုင်တော့..ထို့ကြောင့် အားတာနှင့် ကိုကို့ဆီ သွားရန်ပြင်ဆင်ခြင်းဖြစ်သည်။
ကိုယ့်ထက် အလုပ်များသည့် CEO ကြီးကိုလည်း အကြောင်းမကြားတော့ပဲ surprise. တိုက်ရန် စိတ်ကူးထားသည်။
ပါးနှင့်မား အတွက် အဖိုးနှင့် ကောက အသီးများလက်ဆောင် ထည့်ပေးလိုက်ကြသည်။ ကျိုးကော နဲ့ ကျိရန် အတွက်ပါ ပါသေးသည်။
ရိပေါ် ဘေဂျင်းလေဆိပ်ရောက်တာနှင့် ရှောင်းမားက လာကြိုသည်။
" သားငယ်လေး...အမလေး..မားက သားငယ်ကို လွမ်းနေတာ...ရွှတ်.."
ရှောင်းမားက ရိပေါ်ကို ပွေ့ဖက်ပြီး ပါးလေးကိုနမ်းလိုက်သည်။ ရိပေါ်လည်း ပြန်လည်ပွေ့ဖက်ပြီး...
" ကျနော်လည်း မားတို့်ကို လွမ်းနေတာ..အဲဒါကြောင့် အားတာနဲ့ ထွက်လာတာ.."
" လညး အိမ်ရောက်မှ အလွမ်းသယ်ကြတာပေါ့...မားက သားငယ် ကြိုက်မဲ့ဟင်းတွေ ချက်ထားတာ.."
ရိပေါ်မှာ ပါလာသည့် အိတ်များကို ဒရိုင်ဘာက အကုန်သယ်သွားတာမို့ မား လက်ကိုဆွဲပြီး ပြန်လာခဲ့ကြသည် ။
လော့ရန်ကနေ ဘေဂျင်းကို အချိန် ၄နာရီလောက်သာ စီးရတာမို့် စောစောထွက်လာခဲ့သည့် ရိပေါ်က ဘေဂျင်းရောက်တော့ ၁၀ ခွဲပဲရှိသေးသည်။
ရှောင်းအိမ်တော် ရောက်တာနှင့် ပါးက ထွက်ကြိုသည်။
" လာ..သားငယ်..ပါးက စောင့်နေတာ."
မိမိတို့သားနှင့် ယောကျာ်းချင်း ချစ်နေတာကို အပြစ်မယူသည့်အပြင် မိမိကိုပါ သားအရငိးလိုချစ်ပေးသော ရှောင်းပါးနှင့် မားကို ရိပေါ်ကလည်း ကိုယ့်မိဘအရင်းလို ချစ်သည်။
" ကဲ..ထိုင်လိုက်အုံး.. ဒီမှာ သား မားက သားငယ်အတွက် ကြိုပြင်ထားတာ သံပုရာရည် လေးသောက်လိုက်...သား ကိုကိုကတော့ ကုမ္ပဏီသွားတယ်..သားငယ်က မပြောနဲ့ဆိုလို့ ပါးတို့က သားကို ဘာမှ မပြောထားဘူး"
" ဟုတ်ကဲ့ ပါး...ကျနော်လာမယ်ဆို ဖုန်းကြိုဆက်ဖို့ ကိုကိုက မှာထားတယ်..လော့ရန်ထိ ကြိုဖို့ လူလွှတ်လိုက်မယ်တဲ့..ကိုကို အလုပ်ရှုပ်မှာဆိုးလို့ ဖုန်းမဆက်တာ.."
" သားက သားငယ်လေး တခုခုဖြစ်မှာ အရမ်းစိုးရိမ်နေတာ..သားငယ် သားကို မေ့နေတုန်းကဆို မားဆီ ညတိုင်း ဖုန်းဆက်ပြီး ငိုတာ သားငယ်ရဲ့..သားငယ် အဲလိုဖြစ်ရတာ သူ့ကြောင့်ဆိုပြီးတော့."
" ဗျာ....တကယ်လား မား....ဒါတွေကို ကိုကိုက ကျနော့်ကို ဘာမှမပြောပြဘူး"
" သားငယ် ခံစားနေရမှာစိုးလို့ နေမှာပေါ့ သားငယ်ရဲ့ သားငယ်ရဲ့ ကိုကိုက သားကို သိပ်ချစ်တာ"
ရိပေါ် မားတို့ပြောတာ နားထောင်ပြီး ကိုကိုနဲ့ အရမ်းတွေ့ချင်လာသည်။ ထို့ကြောင့်...
" ပါး...မား..ကျနော် ကိုကိုနဲ့ တွေ့ချင်တယ်"
" နားပါအုံးလား သားငယ်ရဲ့ ညမှ တွေ့တော့လေ"
" ဟင့်အင်း...ကျနော် အခုပဲ ကိုကိုနဲ့ တွေ့ချင်နေပြီ.."
ရိပေါ် ရဲ့စကားကြောင့် ရှောင်းပါးနဲ့ မားက ပြုံးလိုက်ပြီ...
" ကဲ...အဲဒါဆိုလည်း လိုက်သွား..သားငယ် သွားချင်မယ်ထင်လို့ မားက ကားအဆင်သင့်ပြင်ခိုင်းထားပြီးသား..."
" အဲဒါကြောင့် မားကို ချစ်တာ မွ.."
ကလေးဆန်ဆန် မိမိကိုနမ်းပြီး ထွက်သွားသော သားငယ်ကို ကြည့်ပြီး ရှောင်းမားမှာ ချစ်လို့မဆုံး...၊
" ကျမကတော့ သားရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးလိုက်တာ ကံကောင်းတယ်လို့ ထင်တယ် အရမ်းချစ်ဖို့ကောင်းပြီး သိတက်လိမ္မာတဲ့ သားတယောက် ထပ်ရလိုက်တယ်.."
" ဒါဆို မေကြီးက မျိုးဆက်အတွက် စိတ်မပူတော့ဘူးပေါ့.."
" ဒါကတော့ ကျမတို့ ကံပေါ့ ဖေကြီးရယ်..သား ပျော်နေတာပဲ ကျမ ကျေနပ်ပါတယ်"
အငိုမျက်လုံး အပြုံးမျက်နှာနှင့် ဇနီးသည်ကို ရှောင်းပါး ပွေ့ဖက်နှစ်သိမ့်လိုက်သည်။
...........
ရှောင်းကုမ္မဏီရောက်နှင့် ရိပေါ် ဧည့်ကြိုဝန်ထမ်းလေးကို ကိုကို့ ရုံးခန်းအကြောင်းမေးပြီး တက်လာခဲ့သည်။
ရိပေါ် အရင်က ရောက်ဖူးသော်လည်း ခဏပဲဖြစ်လို့ ဘယ်သူမှ မမှတ်မိ..ထို့ကြောင့် လော့ရန်က လာသည့်ဧည့်သည်အဖြစ်သာ အသိပေးပြီး တက်လာခဲ့ခြင်းဖြစ်သည်။
ကိုကိုက လော့ရန်မှာ စက်ရုံဆောက်ထားတာကြောင့်လည်း အမေးအမြန်းမရှိ ခွင့်ပြုတာဆို ပိုမှန်မည်။
" ညီမ...ရှောင်းသူဌေး ရှိလား"
ဝေဝေ စာရင်းစစ်နေရာမှ ကြားလိုက်ရသော သြရှရှ အသံချိုချိုလေးကြောင့် မော့ကြည့်လိုက်သည်။
ဖြူဝင်းနုဖက်နေသော အသားအရည် မို့မို့ဖောင်းဖောင်းပါးနှစ်ဖက် သွယ်သွယ်လုံးလုံးနှာတံလေး ပန်းဆီရောင်နှုတ်ခမ်းဖူးဖူးလေးနှင့် ဒီလူသားက နတ်သားလေးလား....
ချောမောသည်လည်းပြောလို့ရသလို လှပမှုပါပေါင်းစပ်ထားတဲ့ မျက်နှာလေးကြောင့် ဝေဝေ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိသည်။
" ညီမ....အဟမ်း.."
ပါးစပ်ဟောင်းလောင်းနှင့် မိမိကို ငေးကြည့်နေတာကြောင့် ရိပေါ် ရှက်သွားကာ ချောင်းဟန့်လိုက်သည်။
" အော်..ဟို...ဘာပြောလိုက်တာလဲဟင်"
" ရှောင်းသူဌေး ရှိလားလို့ မေးတာ"
" အော် CEO လား မရှိဘူးရှင့် ဖန်းမေဟွား ဆိုတဲ့ အမျိုးသမီးလာလို့ အပြင်လိုက်သွားတယ် သိပ်မကြာဘူးလို့မှာသွားတယ်ရှင့် ကျမက CEO ရဲ့ အတွင်းရေးမှူးပါ...အဟင်း.."
" ဖန်းမေဟွား.. "
ရိပေါ် တီးတိုးရေရွတ်လိုက်သည်။ ကိုကိုပြောတော့ သူနဲ့ ဘာမှ မသက်ဆိုင်ပါဘူးဆို... ဒါဆို ဘာလို့ အခုလို တွဲသွားတွဲလာ လုပ်နေတာလဲ...၊
ရိပေါ် သက်ပြင်းအသာချကာ...
"ကျနော် စောင့်နေလို့ရမလား.."
" ရတာပေါ့...ရပါတယ် CEO အခန်းထဲ ဝင်စောင့်နေလိုက်နော် ဟို...နာမည်ဘယ်လိုခေါ်လဲဟင် CEO လာရင် ပြောလို့ရအောင်..ပြီးတော့ ကော်ဖီ အအေး ဘာများသုံးဆောင်မလဲ "
" ကျနော့် နာမည် ဝမ်ရိပေါ် ပါ..ဘာမှ မသောက်တော့ပါဘူး..ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ့"
အခန်းထဲဝင်သွားတဲ့ ကျောပြင်လေးကို ဝေဝေ ငေးကြည့်နေမိသည်။
CEO တင် ချောလားမှတ်တယ်... CEO ဆီလာသမျှ ယောကျာ်းလေးတွေအားလုံးက ဘာလို့ ချောလှနေကြတာလဲ...အလှရှိရာ အလှစုတယ်ဆိုတာ ဒါမျိုးပါလား...ဒီမှာ အလုပ်ဝင်တဲ့ ငါလေး.. သိပ်တော်တယ်...
တယောက်တည်း ခေါင်းညိတ် ခေါင်းခါလုပ်နေသော အတွင်းရေးမှူးကို ရှောင်းကျန့် ခေါလိုက်သည်။
" ဝေဝေ ဘာဖြစ်နေတာလဲ "
" တော်လိုက်တာ "
" ဟမ်"
" အာ..CEO ပြန်လာပြီလား.."
" အင်း.."
" CEO ဧည့်သည် ရောက်နေတယ်"
" ဘယ်သူလဲ... ဒီနေ့ ချိန်းထားတာ မရှိဘူးမလား"
" ချိန်းထားတာတော့ မရှိဘူး...အခုရောက်နေတာ ဝမ်ရိပေါ် တဲ့...CEO ကိုတွေ့ချင်လို့တဲ့ အခန်းထဲမှာ စောင့်နေတယ်"
" ဘယ်သူ..."
ရှောင်းကျန့် အံ့သြစွာနှင့် ပြန်မေးလိုက်သည်။
" ဝမ်ရိပေါ် တဲ့ CEO "
" ကလေး က ဘယ်လို..."
မိမိရှေ့ကနေ ဝှစ်ခနဲ အခန်းထဲရောက်သွားသည့် CEO ကြောင့် ဝေဝေ ကြောင်တောင်တောင်နှင့် ကျန်ခဲ့သည်။
" နေပါဦး.. ခုဏက CEO ကလေး လို့ပြောသွားတာလား...CEO ကလေ ဝမ်ရိပေါ် ဆိုတဲ့ တယောက်ကို ကလေးလို့ ခေါ်လိုက်တာလား "
" ကလေး"
" ကိုကို"
ရှောင်းကျန့် ကလေးကို ပွေ့ဖက်ပြီ...
" ကလေးက ကိုကို့ စကားနားမထောင်ဘူးကွာ လာမယ်ဆို ဖုန်းဆက်ဖို့ ကိုကို မှာထားတယ်လေ.. ဘာလို့မဆက်တာလဲ..အခုရော ဘာနဲ့ လာတာလဲ"
" ဖြေးဖြေးမေးပါ ကိုကိုရယ်...ဖုန်းမဆက်တာက ကိုကို အလုပ်များနေမှန်း သိလို့ပါ အခုလည်း အိမ်က ကားနဲ့ပဲလာတာ...ကိုကိုက ဘယ်သွားနေတာလဲဟင်"
ရှောင်းကျန့် ဆိုဖာပေါ်တွင်ထိုင်ကာ ရိပေါ် ကိုယ်လေးကို မျက်နှာချင်းဆိုင် ခွထိုင်ခိုင်းလိုက်သည်။
" မေဟွား ရောက်လာလို့ ကလေးရဲ့..သူက သူ့ချစ်သူနဲ့ မိတ်ဆက်ပေးမယ်ဆိုလို့ ခဏလိုက်သွားတာ...လာပါဦး... ကိုကိုက ကလေးကို လွမ်းနေတာ...ပြွတ်စ်.. "
ရိပေါ် ကိုကိုရဲ့စကားကြောင့် သံသယတွေကင်းကာ ပျော်ရွှင်သွားသည်။
" ကိုကို လွမ်းနေတာ ပြွတ်စ်.... နှုတ်ခမ်းလေးကိုရော...ပြွတ်စ်... "
မွတ်မွတ်သိပ်သိပ်နမ်းနေသော ကိုကိုကြောင့် ရိပေါ် အသက်ရှူကျပ်လာကာ ပုခုံးကိုပုတ်ပြီး တားရသည်။
" ပြွတ်စ်... အွန့်...ကိုကို....ပြွတ်စ်... ခဏ...အွန်း...ခဏနေပါဦး..."
ရိပေါ် အသက်ကို အနည်းပြန်ရှူနေရသည်။
" ကိုကို ဘယ်လိုဖြစ်လို့ ဒီလောက် အသဲအသန်ဖြစ်နေတာလဲ...အနမ်းခံရပြီး သေသွားရင် ဘယ်လိုလုပ်မလဲ.."
" လွမ်းလို့လေ...ကလေးလေးကလည်း"
" လွမ်းတာက လွမ်းတာပေါ့..အခုက..အွန့်..."
စကားများချင်နေသော နှုတ်ခမ်းထောထောလေးကို ရှောင်းကျန့် စကားပြောခွင့်မပေးတော့ပဲ နှုတ်ပိတ်လိုက်သည်။

**********
❤💚❤💚❤💚❤💚❤💚

I'm Sorry. Thank YouHikayelerin yaşadığı yer. Şimdi keşfedin