Epi-6

5.5K 532 7
                                    

The Love of Mine

Taehyungတစ်ယောက်မှေးခနဲအိပ်ပျော်သွားတာရုတ်တရက်နိုးလာတော့ ကားသံ လေသံတွေမကြားဘဲပတ်၀န်းကျင်ကတိတ်ဆိတ်နေတယ်

"Taehyungနိုးပြီလား အိပ်ပျော်နေတာမနိုးချင်တော့တာနဲ့ စောင့်နေတာ "

"ဟုတ် အားနာလိုက်တာ ကျွန်တော်နည်းနည်းပင်ပန်းနေလို့ "

"ရပါတယ်ဗျာ ကဲဆင်းရအောင်"

Taehyungလက်လေးကိုကိုင်ပြီးကိုယ်လေးကိုထိန်းပေးရင်းလမ်းအတူတူလျှောက်လာခဲ့တယ်

"ဒီမှာခဏထိုင်စောင့်နေဦးနော် ကိုယ်မြင်းလေးတွေကြည့်လိုက်ဦးမယ်"

Jungkookလဲ မြင်းလေးတွေကို ကာကွယ်ဆေးထိုးစရာရှိတာထိုး အားဆေးတိုက်ဖို့မှာစရာရှိတာမှာရင်းTaehyungထိုင်နေတဲ့ခုံတန်းလေးကိုပဲအကြည့်ကရောက်ရောက်နေတယ်

အလုပ်ကိုမြန်မြန်လက်စသပ်ပြီးတော့ Taehyungအနားပြန်လာခဲ့တယ်

"Sorry နော်Taehyung စောင့်ရတာအရမ်းကြာသွားလား "

"ရပါတယ် ဆရာကအလုပ်နဲ့လာတာပဲဟာ ကျွန်တော်ကစောင့်ရမှာပေါ့ အရမ်းမကြာပါဘူး"

ကဲကြည့် ဟိုတစ်နေ့Yumiနဲ့ဆုံကတည်းကသူ့ကိုဆရာ ဆရာနဲ့ပြန်ခေါ်ပြီးခပ်စိမ်းစိမ်းဖြစ်သွားတာအခုထိပဲ နေနှင့်ဦး Taeပေါက်လေးရေ ဒီကHyungကို ခင်ဗျားလေးကိုယ်တိုင်ပြောင်းခေါ်လာစေရမည် ဟင်မ်းး

" Taehyung ကိုယ်တို့မြင်းစီးကြမလား ပြီးရင်ဟိုးဘက်ကပန်းခင်းတွေဆီသွားမယ်လေ အရမ်းသာယာလို့ Taehyungကိုလိုက်ပို့ချင်တာ "

Taehyungလဲမငြင်းမိ Hyungစကားတစ်ခွန်းဆိုတစ်ခွန်းနာခံချင်နေမိတယ်

Jungkookလာရင်စီးနေကျမြင်းကိုထုတ်လာပြီး Taeကိုယ်လေးကိုခါးသိမ်သိမ်လေးကနေပွေ့ပြီးမြင်းပေါ်တင်လိုက်တယ် ပြီးတော့ Taeအနောက်ကနေတက်လိုက်ပြီး မြင်းဇက်ကြိုးကိုထိန်းကာတစ်လှမ်းချင်းထွက်ခွာလာခဲ့တယ်

~မွှေးလိုက်တဲ့ ကိုယ်သင်းနံ့ Hyungအနားကပ်လိုက်တိုင်းရတတ်တဲ့ကျွန်တော်သဘောအကျဆုံးကိုယ်သင်းနံ့လေးတွေ...

ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးလဲHyungရဲ့ရင်ခွင်ကြီးထဲနစ်၀င်သွားသလိုခံစားရတယ် ပြန်ရုန်းမထွက်ချင်တော့တဲ့ရင်ခွင်ကျယ်ကြီး...

The Love Of Mine  🄲🄾🄼🄿🄻🄴🅃🄴Where stories live. Discover now