The Love of Mine
ပြန်တဲ့လမ်းတစ်လျှောက်လဲ Taehyungမျက်နှာလေးပဲ နောက်ကြည့်မှန်ကတစ်ဆင့်ခိုးခိုးငေးရတာအမော ပေါ်တင်ကြည့်လဲTaehyungကမသိနိုင်ပေမယ့် ကိုယ့်စိတ်ကိုယ်မလုံ ဒီကောင်လေးနဲ့မှဘယ်လိုဖြစ်တာပါလိမ့် Taehyungပြောတဲ့လိပ်စာအတိုင်းMapမှာရိုက်ထည့်တော့ နီးလိုက်တာ ခဏလေးနဲ့ခွဲရတော့မှာပဲ.....
"ကဲ ရောက်ပါပြီ Tannieဆေးကိုတော့မထည့်ပေးတော့ဘူး ကိုယ့်ဆေးခန်းနဲ့လဲလမ်းတစ်ကြောတည်းဆိုတော့ အပြန်ကို၀င်၀င်ကြည့်ပေးမယ်နော် "
"ဟုတ်ကဲ့ ဆရာ့ကိုတော့အားနာစရာတွေများနေပါပြီ ကျေးဇူးတင်ပါတယ်"
"မဟုတ်တာ tannieလေးကလိမ္မာတော့ တွေ့တွေ့ချင်းသံယောစဥ်ဖြစ်နေတာနဲ့....."
~တကယ်သံယောစဥ်တွယ်မိတာတော့ မင်းပါ Taehyungလေးရယ်~
"ဟုတ် ဒါဆိုဂရုစိုက်ပြန်ပါ ခွင့်ပြုပါဦးခင်ဗျ"
Tannieလေးကိုချီပြီးတရွေ့ရွေ့လျှောက်သွားတဲ့ထTaehyungလေးရဲ့ကျောပြင်လေးကိုငေးရင်းမပြန်မိသေးထိုစဥ်
"အမယ်လေး ပြန်လာပါပြီ ကိုယ်တော်ချော နင့်ကိုမြန်မြန်ပြန်ခဲ့လို့မမှာခဲ့ဘူးလား ငါသွားစရာရှိပါတယ်ဆို နင်ကြောင့်နောက်ကျကုန်ပြီ ပေးပေး ပိုက်ဆံကတ်.... ခွေးကဘာဖြစ်လာပြန်တာလဲ ပိုက်ဆံကကုန်ဦးမယ် ရှုပ်ကိုရှုပ်တယ် လူရောခွေးရော@#$%$$"Taehyungရဲ့ တုံ့ပြန်သံကိုတော့မကြားရ ဟိုအဒေါ်ကြီးရဲ့အာဗြဲသံကြီးပဲအတိုင်းသားကြားနေရတယ် မခံချင်စိတ်တွေဒေါသတွေထွက်လာပြီး ချက်ချင်းသာTaehyungလက်ကိုဆွဲကာခေါ်ခဲ့ချင်ပေမယ့် ကိုယ်မပိုင်သေးတဲ့ပန်းလေးTaeရယ်.........
----------The Love Of Mine-----------
နောက်တစ်နေ့မနက်စောစော
"ဟဲ့ Taehyung နင့်ဧည့်သည်တဲ့ တကယ်ပဲစောစောစီးစီး" ဟုတ်ပါရဲ့ အစောကြီး ဘယ်သူများပါလိမ့် Taehyungလည်းခေါက်နေတဲ့အ၀တ်ကိုခုံပေါ်ကိုကဗျာကယာတင်ခဲ့ပြီးထွက်လာခဲ့တယ်"Taehyungရေ Tannieလေးဒဏ်ရာကကိုက်နေမှာစိုးလို့ ဆေးခန်းမသွားခင်၀င်ခဲ့လိုက်တာ" ~အမှန်တော့ Taeမျက်နှာလေးကိုတွေ့ချင်လွန်းလို့~
