The Love of Mine
"Tae ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာ "
"တော်တော့ဗျာ ကျွန်တော်ရှက်လာပြီ "
"Taeကလဲကိုယ်ကြားချင်လို့ပါ တစ်ခါပဲ တစ်ခါပဲ "
"imm imm Jeon ဟုတ်ပြီလား"
Jungkookလဲကျေနပ်ပြုံးကြီးနဲ့ ချစ်သူအသစ်စက်စက်လေးရဲ့လက်ကိုမလွှတ်တမ်းကိုင်ထားတာကတစ်ဖက် မြင်းဇက်ကြိုးကိုထိန်းပြီးဆွဲကာတစ်ဖက်နဲ့ ကားရှိရာကိုလမ်းလျှောက်ပြန်လာခဲ့သည်
ပြန်ဖို့အတွက်ကားစက်နှိုးလိုက်တဲ့အခါ စက်ကနှိုးမရတော့
"ဟာ ဘယ်လိုဖြစ်တာပါလိမ့် ဘထ္ထရီ၀ပ်သွားတာပဲ "
"Jeon ဘယ်လိုလုပ်ကြမလဲ "
"ခဏလေး Tae ကိုယ်အလုပ်သမားကလေးတွေကိုမေးကြည့်လိုက်ဦးမယ် "
"ဘထ္ထရီဌားပြီးထောက်နှိုးရင်တော့ရမယ်ဆရာ ဒါပေမယ့် အခုကနောက်ကျနေပြီ ဆိုင်ကလဲပိတ်တော့မှာ သွားရမှာလဲဝေးတော့... ဒီလိုလုပ်ပါလား ဆရာဒီတစ်ညတော့ဒီမှာပဲ အိပ်သွားလိုက်ပါ မနက်မှစောစောထပြီးကျွန်တော်တို့ ဘထ္ထရီတုံးသွားဌားပြီးစက်ပြင်ဆရာပါခေါ်ပေးပါ့မယ်"
"အင်းလေ အဲ့လိုပဲ လုပ်ရတော့တာပေါ့ "
"ဆရာတို့စားဖို့နဲ့ အခန်းကိုကျွန်တော်တို့ပြင်လိုက်ဦးမယ် ခဏစောင့်ပါခင်ဗျာ"
"Jeon ဘယ်လိုလုပ်မလဲ Tannieကတစ်ယောက်တည်းကြောက်နေမလားမသိဘူး အဒေါ်ကလဲစိတ်ပူနေတော့မှာပဲ "
"ကိုယ်ပြောပေးမယ်လေ ဖုန်းပေး Tae
ဟာ ဒီမှာကမြို့စွန်ဆိုတော့လိုင်းတွေမမိဘူး မနက်မှအကျိုးအကြောင်းရှင်းပြလိုက်ပေါ့ ကိုယ်လဲလိုက်ပြောပေးပါမယ် ""ဟုတ်"
ခြံအလုပ်သမားလေးတွေပြင်ပေးတဲ့ညစာစားပြီးနောက် အခန်းထဲ၀င်လိုက်တဲ့အခါ တစ်ယောက်အိပ် အိပ်ယာခင်းနဲ့ ခေါင်းအုံးလေး၂လုံး မီးလင်းဖိုအသေးလေးကအခန်းထောင့်မှာ
"ရုတ်တရက်ဆိုတော့ ဖြစ်သလိုလေးပဲစီစဥ်လိုက်နိုင်တယ် ဆရာ တောင်းပန်ပါတယ် "
"အာ ရပါတယ် ကျွန်တော်တို့ကြောင့်အလုပ်ပိုသွားရတာ"
------------The Love of Mine------