The Love of Mine
Taeလေးဆေးရုံရောက်ပြီးနာရီပိုင်းအကြာမှာပဲ Ommaလဲဆေးရုံကိုလိုက်လာသည်
"သား ဘယ်လိုဖြစ်ရတာလဲ Ommaဖြင့်ကြားကြားချင်းစိတ်ပူလိုက်တာကွယ်"
"Ommaကြားတဲ့အတိုင်းပါပဲ အတိအကျတော့ Taeလေးသတိရမှမေးရမှာပေါ့ Taeလေးကအခုထိသတိမရသေးဘူး Ommaရယ် ဘယ်လိုလုပ်ရမလဲဗျာ"
"စိတ်အေးအေးထားပါ သားရယ် ဟယ် သား Taehyungလက်လေးတွေလှုပ်လာသလိုပဲ ဆရာဝန်ကိုခေါ်ရအောင်"
"နေနေ Jungkook Hyung သွားခေါ်ပေးမယ်" Hoseok hyung မှအလိုက်သတိဆရာဝန်ပြေးခေါ်ပေးရှာသည် မဟုတ်လဲ ကျွန်တော်စိတ်တွေအရမ်းပူနေတာနဲ့ Taeအနားမှခွာချင်သည်မဟုတ်
"Taeလေး Tae"
"Jeon .. ဟင့် Jeonလား ကျွန်တော့်အနားမှာနေပါ" ပြောရင်းကျွန်တော့်ကိုလက်ဖြင့်စမ်းပြီးရှာနေလေသည်
"Taeလေး ကိုယ်ရှိတယ်နော် Taeအနားမှာပဲရှိတယ်နော်" ပြောရင်းလက်လေးဆုပ်ကိုင်ပေးလိုက်မှငြိမ်သွားသည်
ဆရာဝန်ရောက်လာတော့ လိုအပ်သည်များစမ်းသပ်ပြီး Gas inhalation treatmentများယူရန် နှင့် chest X raysရိုက်၍ ၁၂နာရီ ကြာOxygen ရှုရမည်ဖြစ်ကြောင်းညွှန်ကြားသွားကာ ၂၄နာရီပြည့်စောင့်ကြည့်ပြီးမှဆေးရုံမှဆင်းရန်ပြောသွားသည်
"ဘာမှစိုးရိန်စရာမရှိတော့လို့တော်သေးတာပေါ့ Taehyungလေးရယ် အခုရောနေရတာဘယ်လိုနေသေးလဲ"
"ခုနကတော့ရင်ဘတ်နည်းနည်းအောင့်ပေမယ့်အခုသက်သာသွားပါပြီ ကျွန်တော်ကြောင့် Ommaလဲအလုပ်ရှုပ်သွားပြီ"
"မဟုတ်တာ Taehyungလေးဘာမှမဖြစ်ရင်ပဲရပါပြီ"
"Omma အိမ်ပြန်ပြီးနားချင်နားတော့လေ သား Taeနဲ့ စကားနည်းနည်းပြောချင်လို့ Taeလဲနားရဦးမှာလေ"
"အေးအေး Ommaပြန်တော့မယ် သားအတွက် အဝတ်အစားအပိုနဲ့ စားစရာလေးတွေ Hoseokနဲ့ထည့်ပေးလိုက်မယ်"
"ဟုတ် Hyungလဲပင်ပန်းနေရောပေါ့"
"Hyungကရပါတယ် ဘာမှအပန်းမကြီးဘူး ဖိနပ်ပါအပိုယူခဲ့မယ် ဖိနပ်တစ်ဖက်ကလဲဘယ်နားကျွတ်ခဲ့လဲမသိဘူးမလား ကဲသွားပြီနော်"