The Love of Mine
နောက်တစ်နေ့ရောက်သောအခါ....
"ဆေးခန်းတောင်မသွားချင်ဘူး Taeလေးရယ် လက်ကလဲသက်သာတာမဟုတ်သေးဘူး ဖြစ်ရဲ့လားကွာ ကိုယ်ကတစ်ရက်တစ်လေမသွားလဲဖြစ်ပါတယ်ဆို"
"Jeonကလဲ ကျွန်တော်ကြောင့်အလုပ်ပျက်နေပါ့မယ် ကျွန်တော်လဲ ဘာမှလဲဖြစ်တော့တာမဟုတ်ဘူး စိတ်ဖြောင့်ဖြောင့်သာသွားပါ"
ပြောပြီး လက်လေးက ကျွန်တော့်မျက်နှာကိုနားကိုခပ်ဆဆစမ်းနေတော့ လက်လေးကိုယူပြီး ပါးနားဆွဲကပ်ပေးတဲ့အခါ သူ့ပါးနုနုလေးနဲ့ ကပ်တဲ့အထိဆွဲယူပြန်တယ် ပြီးတော့ လုပ်နေကြအတိုင်း လည်ပင်းနဲ့ပုခုံးနားတစ်ဝိုက်ကို နားခေါင်းလုံးလုံးလေးနစ်ဝင်သည်အထိမွှေးကြူနေပြန်တယ်
ကြည့်ပါဦး လုပ်နေပုံလေးက ဒီကကောင်ကဘယ်လိုလုပ်အနားကခွာချင်တော့မလဲ
"ကဲ Jeonကိုယ်သင်းနံ့လေးတစ်ဝနမ်းပြီးပြီ သွားတော့နော် နောက်ကျနေမယ်"
"ဟုတ်ပါပြီ ပေးပါဦး နဖူးလေး ပြွတ်စ် ......ကိုယ်သွားမယ်နော် တစ်ခုခုဆိုဖုန်းဆက်လိုက်နော် ချက်ချင်းပြန်လာမယ်သိလား"
"အင်းပါ တာ့တာ Jeon"
-
-
Yumiတစ်ယောက်အကြီးအကျယ်ပေါက်ကွဲနေလေသည် သူဖြစ်စေချင်သလို Oppaနဲ့ ဟိုအကန်းစကားများ ရန်ဖြစ် မရှိသည့်အပြင် Oppaအလုပ်သွားခါနီး တံခါးဝထိ နမ်းလိုက် ဖက်လိုက် လုပ်နေသတဲ့ စောင့်ကြည့်ခိုင်းသည့်လူမှတစ်ဆင့် ပြန်သိရသည် တွေ့မယ် ပျော်နေထား အကန်းကောင်...
------------The Love of Mine------------------
နေ့ခင်းလုပ်စရာလဲမရှိ Tannieလေးကလဲ အိပ်နေတော့ သူလဲ Jeon အသံသွင်းပေးထားတဲ့ ဇာတ်လမ်းကို ပြန်နားထောင်နေမိတယ်
အသံချိုချိုလေးနဲ့လိုက်အောင်ပဲ ဇာတ်လမ်းကလဲ Romanceကောင်းကောင်းတစ်ပုဒ် နွေရာသီပိတ်ရက်မှာတွေ့တဲ့ သူဌေးသမီးလေးကို အလုပ်သမားကောင်လေးကကြိုက်မိရာ အခက်အခဲတွေများစွာကျော်ဖြတ်ပြီး အဖိုးကြီးအဖွားကြီးဖြစ်တဲ့အထိ old man shelteredရောက်တဲ့အထိချစ်သွားတာတဲ့လေ အသက်ကြီးလို့အဖွားကအတိတ်မေ့ရောဂါဖြစ်နေတာတောင် အဖိုးက နေ့တိုင်းသူတို့အကြောင်းကို ပုံပြင်လေးလိုဖတ်ဖတ်ပြပြီး သေတဲ့အထိအနားမှာနေသွားတာတဲ့လေ Jeon ကရော ကျွန်တော့်ကိုအဲ့အထိချစ်နေနိုင်ပါ့မလား ကျွန်တော်ကဇာတ်လမ်းထဲကလိုသူဌေးသမီးလဲမဟုတ်သလို Jeonကလဲ အလုပ်သမားကောင်လေးမဟုတ်ဘူးလေ ဟူးးး...