The Love of Mine
ဒီနေ့ဆေးခန်းပိတ်တဲ့နေ့ဖြစ်တာကြောင့် အိမ်မှာပဲTaeလေးကိုဆံပင်ညှပ်ပေးရမည်
သွားမခေါ်ခင်တည်းက Taeကြိုက်နိုင်မယ့်အစားအသောက်တွေ internetကရှာလိုက် ချက်လိုက်နှင့်အလုပ်ရှုပ်နေသော်လည်းJungkookတစ်ယောက်မောတယ်ပန်းတယ်မထင် တစ်ယောက်တည်းဆိုဖြစ်သလိုမှာစားလိုက် အပြင်ထွက်စားလိုက်ပေမယ့် တစ်ဦးတည်းသောမြတ်နိုးရာလေးကိုကိုယ်တိုင်ချက်ကျွေးချင်သည်မလား
ပထမဆုံးအိမ်လည်လာမယ့်Taeလေးအတွက် အတတ်နိုင်ဆုံး ပစ္စည်းတွေရှင်းလင်းကာ မလိုအပ်သော Furnitureတွေစတိုခန်းထဲထည့်သိမ်းကာသပ်ရပ်စေသည် Taeလေးတိုးမိတိုက်မိစေနိုင်မယ့်ပစ္စည်းများအကုန်ဖယ် မတော်လို့Taeလေးတစ်ခုခုဖြစ်ရင် ဒီကောင်ပဲရင်ကျိုးရချေရဲ့
အာရုံငါးပါးမပြည့်စုံရှာတဲ့ Taeလေးအတွက် မနက်အစောကြီးထ Magnoliaပန်းတွေထ၀ယ်ကာအခန်းထောင့်တိုင်းထားပြီးမွှေးပျံ့စေသည် Taeလေးကရနံ့တွေအမြဲသတိထားမိတတ်သောအကျင့်ရှိသည်လေ
ဒါပေမယ့်လဲ Taeအကြိုက်ဆုံးအနံ့မှာ Jeonရဲ့ကိုယ်သင်းနံ့လို့ ခဏခဏပြောဖူးသည် ဘာပဲဖြစ်ဖြစ် Magnoliaပန်းနံ့မှာသင်းသည် ထုံသည် စိတ်အပန်းပြေစေသည်ဟုစာထဲဖတ်ဖူးတည်းကTaeလေးအတွက်မရမကရှာ၀ယ်ခဲ့သည် သို့သော်ကလေးပေါက်စမှာရောက်တည်းက လည်ပင်းနားကိုမွှေးကြူပြီး
"Jeon ကိုယ်သင်းနံ့လေးကမွှေးနေတာပဲ လွမ်းနေတာ "
စောစောစီးစီးထ၀ယ်ထားသောMagnoliaပန်းအနံ့ထပ် ကျွန်တော့်ကိုယ်သင်းနံ့ကိုသာတယုတယရှိတဲ့Tae
"အချွှဲလေးနေ့တိုင်းကိုယ်အနားမှာရှိတာပဲကို"
"အို ရှိလဲလွမ်းတာပဲ"
ချစ်သူသက်တမ်း ၅လကျော်မှာ Taeဟာအရင်ကလို အေးတိအေးစက် မှုံမှိုင်းနေတတ်သူမဟုတ်တော့
ချစ်စရာတီတီတာတာဖြင့်စကားပိုတတ်လာသည် လမ်းသွားရင်လဲလက်ကိုင်ရမှာရှက်၍အင်္ကျီစကိုသာဆွဲထားတတ်သည့်ကောင်လေးမဟုတ်တော့ မပြောင်းမလဲအကျင့်တစ်ခုကတော့ လည်ပင်းနားတစ်၀ိုက်ကိုနှာခေါင်းနစ်၀င်သည်အထိကိုယ်သင်းနံ့ကိုမွှေးကြူတတ်သည် ဒီကလဲအဲ့လိုလုပ်တိုင်းမပြောင်းမလဲရင်တွေဗြောင်းဆန်တတ်ဆဲ